home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

'အိပ်မက် လေးထဲမှာ မင်းနဲ့ကိုယ် အမြဲဆုံချင်တယ်'

'အိပ်မက် လေးထဲမှာ မင်းနဲ့ကိုယ် အမြဲဆုံချင်တယ်'

ဒါပေါ့ အပြင်မှာမတွေ့ရရင်လည်း အိပ်မက် ထဲမှာ တွေ့နိုင်ပါတယ်။ ကဲ ဒီနေ့တော့ ကျန်းမာရေးအကြောင်းမဟုတ်ဘဲ လူ့ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေအကြောင်း ပြောပြပေးပါ့မယ်။ အိပ်မက်ကတော့ လူတိုင်းမက်ကြတာပဲ။ ပညာရှင်တွေက အိပ်စက်ချိန်မှာ လူ့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေ (ဥပမာ သွေးပေါင်ချိန်၊ ဇီဝရုပ်ဖြစ်ပျက်မှုတွေ၊ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတွေ)ကို လေ့လာခဲ့ပြီး သိသင့်သလောက်သိကြပေမယ့် ဘာကြောင့် အိပ်မက်မက်လဲဆိုတာကိုတော့ တိတိကျကျ ပြောနိုင်ခြင်း မရှိသေးပါဘူး။

အိပ်မက်နဲ့ ပတ်သတ်ပြီး သိပ္ပံပညာအရ မဟုတ်ဘဲ ဘာမက်ရင် ဘာဖြစ်မယ်ဆိုတဲ့ ယူဆချက်တွေ အများကြီး ရှိနေပါတယ်။ ဥပမာ ကောသလမင်းကြီး အိပ်မက် ၁၆ချက်တို့၊ အသားလှုပ်အိပ်မက်တို့၊ ကိုယ်ဝန်အိပ်မက်တို့၊ မြွေမက်ရင် ငွေဝင်မယ်တို့ စသဖြင့် နိမိတ်ကောက်အိပ်မက်လည်း အမျိုးမျိုးပါပဲ။ ဘာပဲဖြစ်ဖြစ် အိပ်မက်တွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဆက်ကြည့်ရအောင်။

  • အိပ်မက်ထဲမှာ စာဖတ်လို့မရသလို နာရီလည်း ကြည့်လို့မရပါဘူး။

ကြုံဖူးမလား မသိဘူး။ အိပ်မက်ထဲမှာ စာလုံးတွေက ဝါးနေသလို၊ မြင်ဖူးသလိုလို ရှိနေပေမယ့် ဖတ်မရတာမျိုး ဖြစ်တတ်ပါတယ်။ နာရီဆိုလည်း ဒီလိုပါပဲ။ ဝါးတားတားနဲ့ အချိန်ကို ဖတ်လို့မရပါဘူး။ မယုံရင် နောက်တစ်ခါမက်ရင် ဖတ်ကြည့်ခဲ့နော်။ စာရေးသူကတော့ နောက်တစ်ခါ ဂဏန်းတွေ မက်ရင် ဒီဂဏန်းတွေကို ထီထိုးမယ်လို့ စဉ်းစားထားပေမယ့် ခုထိတော့ မအောင်မြင်သေးပါဘူး။

  • ထူးဆန်းတဲ့ အိပ်မက်များ (lucid dreaming)

တစ်ခါတစ်လေ အပြင်မှာ မလုပ်နိုင်တာကို အိပ်မက်ထဲမှာ လုပ်နိုင်ပါတယ်။ ဥပမာ လေပေါ်မှာ ပျံတာတို့၊ နံရံကို ဖောက်ပြီး သွားတာတို့ပေါ့။

  • နိမိတ်ပြအိပ်မက်

မဖြစ်သေးတာကို ကြိုပြီး သတိပေးတဲ့သဘောနဲ့ မက်တာပေါ့။ ဥပမာ အေဘရာဟင်လင်ကွန်းက သူ့လုပ်ကြံသူကို အိပ်မက်မက်ပါသတဲ့။ ဒီလိုပဲ 9/11က လူတွေနဲ့ တိုက်တန်းနစ် သင်္ဘောစီးမယ့် လူအများစုကလည်း သူတို့ကြုံရမယ့် အဖြစ်အပျက်ဆိုးကို ကြိုပြီး အိပ်မက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

  • ဘီလူးစီးတာ

ဒါကတော့ တစ်ခါဖြစ်ဖူးရင် တစ်သက်ကို စွဲသွားတော့ပါပဲ။ ထူးခြားချက်က ဘီလူးစီးနေစဉ်မှာ လူက လှုပ်ချင်တာကို လုံးဝလှုပ်လို့ မရဘူး။ နောက်တစ်ချက်က အိပ်မက်နဲ့မတူဘဲ အပြင်မှာ တကယ်ဖြစ်နေတာနဲ့ တူတာပါပဲ။

ဒါကို REM sleep disorderလို့ ခေါ်ပါတယ်။ ဆိုလိုတာက REM ဖြစ်နေချိန်မှာ အိပ်မက်ထဲက အတိုင်း လူက လိုက်မလုပ်အောင် ဦးနှောက်က ထိန်းပေးထားတာပါ။ မဟုတ်ရင် အိပ်မက်ထဲမှာ ပြေးနေရင် အပြင်မှာပါ လိုက်ပြေးနေတော့မှာပေါ့။ ခုတော့ REM ဖြစ်နေချိန်မှာ လူကို ထိန်းချုပ်မထားတဲ့အတွက် အိပ်မက်ထဲမှာ ဘောလုံးကန်ရင် အပြင်မှာပါ ဘေးက မိန်းမကို ကန်မိတော့တာပါပဲ။

ဒါတကယ်ပဲ ရှိပါတယ်။ nocturnal penile tumescenceလို့ ခေါ်ပါတယ်။ တစ်ခါတလေ အိပ်မက်ကို မမှတ်မိရင်တောင် မနက်မိုးလင်းရင် လိင်တံထောင်မတ်နေတာမျိုး၊ ပြီးနေတာမျိုး ဖြစ်တတ်ပါတယ်။ လေ့လာချက်တွေအရဆိုရင် အမျိုးသားတွေက အိပ်မက်မက်ချိန်မှာ အခါ ၂၀လောက် ထောင်မတ်နိုင်ပါတယ်တဲ့။ (ထောင်မတ်တာပါနော် ကိုယ့်လူတို့၊ ပြီးမြောက်တာ မဟုတ်ပါဘူး)

ရှားတော့ရှားပါတယ်။ ဒါပေမယ့် ဒါမျိုးလူနာ ကိုယ့်အသိထဲမှာ ရှိနေရင် အမြန်သာကုသပါ။ ဒါက အန္တရာယ်များပါတယ်။ အိပ်မက်ထဲကအတိုင်း အပြင်မှာ လိုက်လုပ်နေလို့ မတော်တဆ ထိခိုက်မိတာ၊ အမြင့်က ပြုတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။

  • အိပ်မက်မက်တာကို ကြိုက်ကြသူများ

တချို့က အိပ်မက်မက်နေရတာကို ကြိုက်ကြတာမျိုးလည်း ရှိပါတယ်။ ခုနကလို အိပ်မက်ထဲမှာ တစ်ယောက်ယောက်နဲ့ ဆုံချင်လို့ ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလူတွေက နေ့ဘက်မှာတောင် Dimethyltryptamineဆိုတဲ့ ဆေးတစ်မျိုးကို မှီဝဲပြီး ထင်ယောင်ထင်မှား ဖြစ်သလို၊ အိပ်မက်မက်သလို ဖြစ်အောင် ဖန်တီးကြပါတယ်။ ဒီ Dimethyltryptamineဆိုတာက အိပ်မက်မက်ချိန်မှာ လူ့ဦးနှောက်က ထွက်တဲ့ chemicalနဲ့ ဆင်တူပါတယ်။

တစ်ရေးနိုးသော် အကြံပေါ်တဲ့။ ပေါ်တဲ့အကြံက ပြန်အိပ်ရန်ဆိုရင်တော့ ဘယ်တတ်နိုင်မလဲ။ တချို့တွေက အလုပ်တွေကို စွဲလမ်းနေတာကြောင့် အိပ်နေချိန်မှာတောင် ဦးနှောက်ထဲမှာ အလုပ်အကြောင်းတွေတွေးပြီး ideaအသစ်အဆန်းတွေ ထွက်လာနိုင်ပါတယ်။

  • တိရိစ္ဆာန်လေးတွေလည်း အိပ်မက်မက်ပါတယ်။

အိမ်က ဝုတ်ဝုတ်တို့ မီးညောင်လေးတို့လည်း အိပ်နေရင်း အသံတွေထွက်ပြီး ခြေထောက်လေးတွေ လှုပ်တာ မြင်ဖူးမှာပေါ့။ တစ်ခုခုကို လိုက်ဖမ်းနေသလို မျိုးလေ။ ဒါ သူတို့ အိပ်မက်မက်နေတာပါ။

  • အိပ်မက် တွေကို မမှတ်မိတတ်ပါဘူး။

တော်တော်များများက အိပ်မက်မက်ပြီးရင် မမှတ်မိဘူးလို့ ပြောကြပေမယ့် တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ၆၀ရာခိုင်နှုန်းလောက်ကပဲ မမှတ်မိတာပါ။ တချို့တွေကတော့ မှတ်မိပါတယ်။

  • မျက်မမြင်တွေလည်း အိပ်မက်မက်ပါတယ်။

မွေးရာပါ မျက်မမြင်မဟုတ်တဲ့သူတွေက အရင်က မြင်ဖူးတာလေးတွေကို မက်တတ်ကြပါတယ်။ ထူးဆန်းတာက မွေးကတည်းက မျက်စိမမြင်ရသူတွေလည်း အိပ်မက်မက်ပါတယ်တဲ့။ သူတို့က မမြင်ဘဲ မက်တာပါ။ တခြားကြားတာတွေ၊ ပြောတဲ့စကားတွေကို စွဲပြီး မက်နိုင်ပါသေးတယ်။

  • အိပ်မက်ထဲမှာ မြင်ဖူးတဲ့သူတွေကိုပဲ မက်ပါတယ်။

ဒါက သက်သေပြပြီးသား အချက်ပါ။ မြင်ဖူးတဲ့သူတွေကပဲ ကိုယ့်အိပ်မက်ထဲကို ရောက်လာနိုင်တာပါ။ ဒါကြောင့် အိပ်မက်ထဲမှာ ရုပ်ဆိုးတဲ့ သူတွေ တွေ့နေပြီဆိုရင် ကိုယ့်သူငယ်ချင်းတွေကို တစ်ချက်စစ်ကြည့်ပါဦး။

အိပ်မက်ထဲမှာ crushလေးနဲ့ တွေ့ဖို့ထက်စာရင် အမြင့်ကပြုတ်ကျတာ၊ ခွေးလိုက်ခံရတာ၊ ဆူခံရတာ စတဲ့ negativeဆန်တဲ့ အိပ်မက်တွေ မက်တာများပါတယ်။

  • အိပ်မက် တစ်ခုမက မက်နိုင်ပါတယ်။

လေ့လာချက်တွေအရ တစ်ညကို အိပ်မက်၇ခု လောက်ထိ မက်နိုင်ပါတယ်။ အိပ်မက်က REMဖြစ်နေတဲ့အချိန်မှာ မက်တာပါ။ ဒါကြောင့် REMအရေအတွက်ပေါ်လိုက်ပြီး အိပ်မက်တွေ မက်တာပေါ့။ တစ်ညတာရဲ့ အိပ်မက်တွေကို ပေါင်းလိုက်ရင် တစ်နာရီ နှစ်နာရီစာလောက်ရှိပါတယ်။

  • အမျိုးသားနဲ့ အမျိုးသမီး အိပ်မက်မက်ပုံခြင်း မတူပါဘူး။

အမျိုးသားတွေ အိပ်မက်ရဲ့ ၇၀ရာခိုင်နှုန်းက အမျိုးသားတွေအကြောင်း မက်တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကတော့ မျှမျှတတပဲ မက်ပါတယ်။ နောက်တစ်ခုက အမျိုးသားတွေရဲ့ အိပ်မက်က ပိုပြီး ကြမ်းတမ်းပါတယ်။ ဥပမာ ရန်ဖြစ်တဲ့အကြောင်း မက်တာမျိုးပေါ့။ ခုနကပြောတဲ့ လိင်ပိုင်းဆိုင်ရာအိပ်မက်ကတော့ အမျိုးသားရော အမျိုးသမီးရော မက်နိုင်ပါတယ်။

  • အိပ်မက်တွေကို အရောင်နဲ့ မက်ချင်မှ မက်မှာပါ။

၁၂ရာခိုင်နှုန်းလောက်က အရောင်မပါတဲ့ အဖြူ အမည်း အိပ်မက်ပဲ မက်ကြပါတယ်တဲ့။

အိပ်မက်ဆိုတာ ညတိုင်းမက်နေပေမယ့် ဒီအချက်တွေကို သတိထားမိချင်မှ ထားမိမှာပါ။ အိပ်မက်က လူသားတွေ အသက်ရှင်နေထိုင်ဖို့ လိုမလို၊ ဘာကြောင့် အိပ်မက်တွေ မက်နေရတာလဲ စတဲ့ မေးခွန်းတွေကို ဖြေဖို့ ကြိုးစားနေကြဆဲပါ။ ဘာပဲဖြစ်ဖြစ် အိပ်မက်ဆိုတာ ကိုယ့်ရဲ့ စိတ်ကူးထဲက နောက်ထပ် ကမ္ဘာသစ်လေးပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 20/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။