backup og meta

အဓမ္မပြုကျင့်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာနိုင်ပါ့မလား။


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဓမ္မပြုကျင့်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာနိုင်ပါ့မလား။

    အဓမ္မပြုကျင့်ခြင်းဆိုတာလူတစ်ယောက်ရဲ့ဆန္ဒမပါဘဲတခြားလူတစ်ယောက်ကအတင်းအကျပ်လိင်ဆက်ဆံခြင်းသို့မဟုတ် အလိုမတူဘဲသားမယားပြုကျင့်ခံရခြင်းကိုခေါ်ပါတယ်။ နစ်နာသူကိုအရက်သေစာဒါမှမဟုတ် မူးယစ်ဆေးဝါးတိုက်ကျွေးထားတဲ့အချိန်မှာလည်းဒီဖြစ်ရပ်တွေဖြစ်နိုင်ပါတယ်။ အဓမ္မပြုကျင့်ခြင်းမှာယောနိ၊ စအိုသို့မဟုတ် ပါးစပ်တို့မှ လိင်ဆက်ဆံခြင်းတို့ပါဝင်ပါတယ်။ မုဒိမ်းမှုဟာရာဇဝတ်ပြစ်မှုကြီးဖြစ်ပါတယ်။ ဆိုလိုတာကလူတစ်ယောက်ကျူးလွန်နိုင်တဲ့ ရာဇဝတ်မှုတွေထဲမှာအကြီးလေးဆုံးပြစ်မှုတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပြင် အမျိုးသားတွေလည်းမုဒိမ်းကျင့်ခံရနိုင်ပါတယ်။

    အကြိမ်များစွာမှာမုဒိမ်းကောင်ကနစ်နာသူကိုအတင်းအကျပ်လိင်ဆက်ဆံဖို့ အကြမ်းဖက်မှုကိုသုံးပါတယ်။ ကျူးလွန်သူဟာမုဒိမ်းမှုကိုကျူးလွန်ဖို့ ကြောက်ရွံ့စိတ်တစ်ခုတည်းကိုလည်းအသုံးချသွားနိုင်ပါတယ်။ မုဒိမ်းမှုကြောင့် နစ်နာသူမှာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်နစ်နာစေပါတယ်။

    ုဒိမ်းမှုကနစ်နာသူကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်စေပါတယ်။

    မုဒိမ်းမှုကြောင့်ဖြစ်လာရတဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေထဲမှာ-

    • အရိုးကျိုးခြင်း၊ ပေါက်ပြဲဒဏ်ရာများ၊ပြတ်ရှဒဏ်ရာများနဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့်ရတဲ့ တခြားထိခိုက်ဒဏ်ရာများ၊
    • လိင်အင်္ဂါ သို့မဟုတ် စအိုမှာထိခိုက်ဒဏ်ရာရခြင်း၊
    • လိင်ဆက်ဆံရာမှ ကူးစက်နိုင်သောရောဂါများကိုထိတွေ့ခဲ့ရခြင်း- (အေအိုင်ဒီအက်စ် ဖြစ်စေသော HIV ဗိုင်းရပ်ပိုး၊ ရေယုန်၊ ဆီးပူညောင်းကျဂနိုရောဂါ၊ဆစ်ဖလစ်ရောဂါ)
    • မလိုလားသည့် ကိုယ်ဝန် တို့ပါဝင်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေမှာ-

    • အရှက်ရမှု၊
    • ရှက်ရွံ့မှု
    • အပြစ်ရှိသူလိုခံစားရခြင်း
    • တန်ဖိုးမဲ့သွားရသလိုခံစားရခြင်းတို့ဖြစ်ပါတယ်။

    အောက်ပါအချက်တွေနဲ့ပတ်သက်ပြီးသင့်မှာပြဿနာရှိလာနိုင်ပါတယ်-

    • ကြောက်ရွံ့မှု
    • စိတ်ဓါတ်ကျခြင်း
    • ဒေါသဖြစ်ခြင်း
    • ယုံကြည်မှု
    • ယောကျာ်းတွေကိုစိတ်ဝင်စားမှု(ကျူးလွန်သူတရားခံကယောကျာ်းဖြစ်ခဲ့ရင်)
    • ဘဝနောက်ပိုင်းမှာအလိုဆန္ဒတူလိင်ဆက်ဆံခြင်း( အနိုင်ကျင့်မှုမပါဘဲလိင်ဆက်ဆံခြင်းမှာစိတ်ပါနိုင်စွမ်းမရှိခြင်း)
    • ပြန်မြင်ယောင်နေခြင်း( မုဒိမ်းမှုအကြောင်းကိုစိတ်ထဲမှာ ပြန်ပေါ်နေခြင်း)
    • အိပ်မက်ဆိုးများ
    • အိပ်မောကျခြင်း

    မုဒိမ်းကျင့်ခံရပြီးနောက်ပိုင်းပြန်လည်ကောင်းမွန်လာနိုင်ပါ့မလား

    မုဒိမ်းမှုကြောင့် အချိန်အတော်ကြာတဲ့အထိ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအမာရွတ်ကျန်ရှိနိုင်ပါတယ်။ နစ်နာသူ တချို့က စိတ်ဒဏ်ရာတွေကိုဖျောက်မရတတ်ကြပါဘူး။ ကြာရှည်အတိုင်ပင်ခံဆွေးနွေးပေးတာကသူ့ကိုအပြစ်ရှိသလိုခံစားနေရတဲ့စိတ်၊ စိတ်ဓါတ်ကျခြင်း၊စိတ်ပူပန်ခြင်းနဲ့တခြားစိတ်ခံစားချက်ဝေဒနာတွေကိုဖြေရှင်းရာမှာအကူအညီဖြစ်စေနိုင်ပါတယ်။ နစ်နာသူအများစုဟာထောက်ပံ့သူအဖွဲ့တွေနဲ့ပူးပေါင်းပြီးအကူအညီရယူသင့်ပါတယ်။

    မုဒိမ်းမှုမကြုံရအောင်ဘယ်လိုကာကွယ်နိုင်မလဲ

    ကြိုတင်ကာကွယ်နိုင်ဖို့ကလိင်ပိုင်းစော်ကားမှုဖြစ်လာနိုင်တဲ့လူတွေနဲ့အနေအထားတွေကိုသိရှိနိုင်အောင် အမြဲသတိထားနေပါ။ ဒီအတိုင်းလိုက်နာမယ်ဆိုရင် မုဒိမ်းမှုရဲ့သားကောင်ဖြစ်ရမယ့်အလားအလာနည်းသွားပါလိမ့်မယ်။ သတင်းဆိုးတစ်ခုကတော့ သင့်ကိုမုဒိမ်းမှုကနေကာကွယ်ပေးနိုင်မယ့် အတိအကျနည်းလမ်းမရှိပါဘူး။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ နည်းလမ်းတွေကိုကျင့်သုံးနေတဲ့သူတွေတောင်မှ သားကောင်ဘဝရောက်သွားနိုင် ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးလူသိများတဲ့ကာကွယ်ရေးနည်းလမ်းတွေကိုလိုက်နာတာကအကြံဉာဏ်ကောင်း ဖြစ်နေဆဲပါပဲ –

    • ကိုယ့်လုပ်ရပ်တိုင်းကိုတာဝန်ယူပါ။ ထိန်းထိန်းသိမ်းသိမ်းနေပါ။ဥပမာ- ပါတီပွဲမှာအရက်မမူးပါစေနဲ့။ သင့်ကိုအိမ်ပြန်ပို့ပေးဖို့ လူစိမ်းတစ်ယောက်ကိုအကူအညီမတောင်းပါနဲ့။
    • ညဖက်တစ်ယောက်တည်းလမ်းမလျှောက်ပါနဲ့။ သင့်ကားဆီကိုတစ်ယောက်တည်းလမ်းလျှောက်တဲ့ တစ်ကြိမ်လောက်နဲ့ပဲတိုက်ခိုက်ခံရတတ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကိုအဖော်ခေါ်ပါ။
    • ကိုယ်မလုပ်ချင်တဲ့အရာအကြောင်းစကားထဲထည့်မပြောပါနဲ့။ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပြီးလုပ်ပါ။
    • လိင်အကြမ်းဖက်ခံရတဲ့ကိစ္စဖြစ်လာရင် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုသင်ယူလေ့လာထားပါ။
    • ကိုယ်ခံစားမိတဲ့အာရုံကိုယုံကြည်ပါ။ လူတစ်ယောက်ကသင့်ကိုခြိမ်းခြောက်လာမယ့်ပုံပေါ်ရင် မိတ်ဆွေအဖြစ် ဆက်မပေါင်းပါနဲ့။
    • မုဒိမ်းမှုအကြောင်းနဲ့ ဘာ့ကြောင့်ဒီအမှုကျူးလွန်ကြသလဲဆိုတာကိုလေ့လာမှတ်သားသတိထားပါ။ ဒီဗဟုသုတကသင့်ကိုဖြစ်နိုင်ချေရှိတဲ့ကျူးလွန်သူတွေကိုပိုပြီးသတိထားမိစေပါတယ်။
    • ကိုယ်ခံပညာသင်ယူထားပါ။
    • ကိုယ်ပေါင်းမယ့်လူတွေကိုရွေးချယ်ရာမှာဘဝပေးအသိကိုအသုံးချပါ။
    • အိမ်တွင်းမှာရှိနေချိန်(တံခါးလာဖွင့်တဲ့အခါ)၊ ဒါမှမဟုတ် အိမ်ပြင်မှာရှိနေချိန် နဲ့ ဘယ်နေရာမှာမဆိုလူစိမ်းတွေနဲ့ပြောဆိုဆက်ဆံရတဲ့အချိန်တွေမှာ အန္တရာယ်ဖြစ်လာနိုင်တဲ့အခြေအနေတွေကိုရှောင်ပါ။
    • ကိုယ်သိပ်မသိတဲ့လူတွေနဲ့ အနီးကပ် ဒါမှမဟုတ် တစ်ဦးတည်းသွားတွေ့တာမျိုးရှောင်ပါ။
    • လူတစ်ယောက်ကမလိုလားဖွယ်ရာလိင်ပိုင်းချဉ်းကပ်မှုတွေကြိုးစားလာတဲ့အခါ ဘယ်လောက်ပဲသေးဖွဲတဲ့ ကိစ္စမဆိုအစောကတည်းက ကြိုဟန့်တားပါ။ အဲဒီလူဆီကနေခပ်ခွာခွာနေဖို့ ရတဲ့နည်းနဲ့ကြိုးစားပါ။
    • အရက်သောက်တဲ့အခါ ကိုယ့်ကိုယ်ကိုထိန်းသိမ်းပါ။
    • လူမှုနယ်ပယ်ပွဲတွေမှာကိုယ်စားသောက်သမျှကိုသတိထားနေပါ။ ကိုယ်သောက်မယ့်အရာတွေကိုဘယ်သူတွေ ထိတွေ့ ကိုင်တွယ်ခဲ့သလဲသတိထားပါ။
    • အထူးသဖြင့် ကိုယ်ကအကာအကွယ်ရှိတဲ့ပတ်ဝန်းကျင်မှာမဟုတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုမရှိတော့တဲ့အထိအလွန်အကျွံမသောက်စားမိအောင်နေပါ။
    • လူတစ်ယောက်နဲ့ချိန်းတွေ့ဖို့ နှင့် ခင်မင်ရင်းနှီးဖို့လုပ်တဲ့နေရာမှာသူ့အကြောင်းကောင်းကောင်းသိနေပြီလို့ ခံစားရတဲ့အချိန်အထိသူနဲ့နီးနီးစပ်စပ်နေထိုင်တာ၊ အတူရှိနေတာ၊ လိင်ကိစ္စပတ်သက်တာတွေကိုနောက်ဆိုင်းတတ်တဲ့ နည်းလမ်းတစ်ခုကိုကျင့်သုံးပါ။
    • သဘောဆန္ဒတူညီသူနှစ်ဦးကြားမှာအနေနီးစပ်မှုဖြစ်လာတဲ့အခါ ကိုယ်ထားရှိတဲ့ အကန့်အသတ်စည်းကိုသေချာအောင် စောစောကြိုပြောထားပါ(ဥပမာ- လိင်ဆက်ဆံမှုမပြုလိုကြောင်း
    • စော်ကားခံရတဲ့အခြေအနေမျိုးမှာကိုယ်ဘယ်လိုတုံ့ပြန်မှာလဲဆိုတာ ကြိုတွေးကြည့်ထားပါ။ တွန့်ဆုတ် နှောင့်နှေးမှုမရှိဘဲထိုအစီအစဉ်အတိုင်းစောစီးစွာကျင့်သုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement