တကယ်လို့ သင်ဟာ latex ရာဘာနဲ့ ဓာတ်မတည့်သူတယောက် ဖြစ်ခဲ့မယ်ဆိုရင် latex မပါဝင်တဲ့ အထူးပြုလုပ်ထားသော ကွန်ဒုံးတွေကို သုံးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သိထားရမှာက ဒီ latex မပါဝင်တဲ့ ကွန်ဒုံးတွေဟာ latex ကွန်ဒုံးတွေထက် ပေါက်ပြဲဖို့ အခွင့်အလမ်း ပိုများတယ်ဆိုတာပါပဲ။
Natural membrane condom တွေဟာ ကိုယ်ဝန်ကိုပဲ ကာကွယ်ပေးနိုင်ပြီး လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်မပေးနိုင်တဲ့အတွက် မသုံးသင့်ပါဘူး။
ကွန်ဒုံးသုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ လိင်ဆက်ဆံတဲ့အခါ ယောနိကို အရင်ဆက်ဆံပြီးမှ စအိုကို ဆက်ဆံသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပြောင်းပြန်လုပ်မယ်ဆိုရင်တော့ စအိုက ဘက်တီးရီးယား ပိုးမွှားတွေ ယောနိထဲဝင်သွားနိုင်တဲ့အတွက် လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် စိတ်ချရအောင် တစ်နေရာကနေ နောက်တစ်နေရာ ပြောင်းတဲ့အခါ ကွန်ဒုံးအသစ်သုံးပါ။
လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို မှတ်သားထားပါ။ တကယ်လို့ သင့်အနေနဲ့ စိုးရိမ်ပူပန်မှု တစ်ခုခုရှိနေတာ၊ မရှင်းလင်းတာ ဒါမှမဟုတ် မေးချင်တာမျိုးရှိတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ်၊ လမ်းညွှန်ချက်တွေ တောင်းယူပြီး ကုသမှုကို ခံယူပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။