backup og meta

လိင်မဆက်ဆံခင် ရှောင်ရှားသင့်သော အချက်၅ချက်


Dr. Khin Yin Kyay မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်မဆက်ဆံခင် ရှောင်ရှားသင့်သော အချက်၅ချက်

    လိင်မှုကိစ္စဟာ စိတ်စွမ်းရည်ကို တိုးတက်ကောင်းမွန် စေရုံသာမက မိမိ ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် လိုအပ်တယ်လို့ သိပ္ပံပညာရှင်များက သက်သေပြခဲ့ကြပါတယ်။ ကျွန်ုပ်တို့ လူအများစုရဲ့ ဘဝမှာ သဘာဝဗီဇ လိုအပ်ချက်အနေနဲ့ လိင်မှုကိစ္စ လိုအပ်ပါတယ်။ လိင်မှုကိစ္စမပြုလုပ်ခင် အမှန်တကယ်ကို ရှောင်ရှားသင့်တဲ့ အရာများစွာရှိပါတယ်။ ၎င်းတို့အနက်မှ ၅ခုအကြောင်းကို ယခု ဆောင်းပါးတွင် ကျွန်ုပ်တို့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

    အစားအများကြီး မစားပါနဲ့

    သင့်ဗိုက်ထဲမှာ အစာတွေအများကြီး (အထူးသဖြင့် ကစီဓါတ်နဲ့ အမျှင်ဓါတ်များတဲ့ အစာ) ရှိခြင်းဟာ သင့်ကို အိပ်ငိုက်စေပြီး လေးလံထိုင်းမှိုင်းစေပါတယ်။ အသီးအရွက်တွေနဲ့ သက်သတ်လွတ် အစာတွေဟာ သင့်ကျန်းမာရေးအတွက် ကောင်းစေသော်လည်း လိင်မှုကိစ္စမပြုလုပ်မီ ၂နာရီ ၃နာရီအလိုမှာ ကစီဓါတ်နဲ့ အမျှင်ဓါတ်ပါတဲ့ အစာတွေကို အလွန်အကျွံ မစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မရည်ရွယ်ဘဲ ဗိုက်ထဲမှာ လေပွပြီး မအီမသာဖြစ်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။ ဒီလိုစားမယ့်အစား ချောကလက်အနက်ကို တစ်ပြားလောက် စားပေးလိုက်မယ်ဆိုရင် စိတ်ခံစားမှုကို ပိုကောင်းလာစေမှာပါ။ တကယ်လို့ သင်ဟာ အချိုမကြိုက်ဖူးဆိုရင်တော့ အခွံမာသီးတွေနဲ့ အစေ့အဆန် တွေကို စားပေးနိုင်ပါတယ်။ ပြီးတဲ့အခါ ရေများများ သောက်ပေးခြင်းအားဖြင့် သင့်ကို အမှန်တကယ် ခွန်အားပြည့်ဝအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။

    ပူရှိန်းသကြားလုံး နဲ့ပီကေတွေကို လုံးဝမစားပါနဲ့

    လူတိုင်းဟာ သူတို့ချစ်သူနဲ့ အနီးကပ်အတူနေကြတဲ့အခါ ပိုပြီး ကြည့်ကောင်းချင်တဲ့အပြင် ခံတွင်းအနံ့လည်း လန်းဆန်း မွှေးပျံ့ နေချင်ကြပါတယ်။ ဒီလိုဖြစ်ဖို့ ပြင်ဆင်ရာမှာ မလုပ်သင့်တဲ့အရာ အချို့ရှိပါတယ်။ ပူရှိန်းတွေမှာ menthol ဓါတ်ပါတဲ့အတွက် သင့်ခံတွင်းနံ့ကို သင်းပျံ့စေမှာပါ။ သို့သော် တစ်ချိန်တည်းမှာပဲ ၎င်းဟာ သင့်ရဲ့ testosterone ဟော်မုန်းပမာဏကို လျှော့ချပစ်လိုက်ပါတယ်။ ဒါကြောင့် အာလုပ်ကျင်းလိုက်ခြင်း (သို့မဟုတ်) သွားတိုက်ခြင်း စတာတွေကိုပဲ ရိုးရှင်းစွာ လုပ်သင့်ပါတယ်။

    အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း မပြုလုပ်ပါနဲ့။

    အထူးသဖြင့် အမျိုးသားတွေအတွက် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းဟာ ပုံမှန်ဖြစ်တယ်လို့ ထင်အောင် လူမှုကွန်ရက်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ စာအုပ်တွေက လှုံ့ဆော်နေကြပါတယ်။ လက်တွေ့ဘဝနဲ့ လေ့လာမှုတွေအရ ဒါဟာ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတာကို တွေ့ရပါတယ်။ အရက်နဲ့ ဆေးလိပ်ဟာ ဘယ်လိုပဲဖြစ်ဖြစ် လူတွေအတွက် အဆိပ်ပဲ ဖြစ်ပါတယ်။ ၎င်းဟာ လိင်စိတ်ဆန္ဒကို ဖြစ်ပေါ်စေသော်လည်း သွေးလှည့်ပတ်မှုကို တားဆီးပါတယ်။ အရက်နဲ့ ဆေးလိပ်သောက်ခြင်းရဲ့ မကောင်းတဲ့ ဆိုးကျိုးတွေကို အချိန်ကြာလာတာနဲ့ အမျှ သင်ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး။

    လိင်မှုကိစ္စကို တစ်စုံတစ်ဦးနဲ့သာ သစ္စာရှိရှိ လုပ်ဆောင်သင့်ပါတယ်

    ယခုခေတ်မှာ ရွေးချယ်စရာ လူမျိုးစုံရှိပါတယ်။ ဒီလိုအချိန်ခဏလေးကို မိမိချစ်နှစ်သက်တဲ့ တစ်စုံတစ်ဦးနဲ့ ဖန်တီးကျော်ဖြတ်သွားခြင်းဟာ သင့်ရဲ့ လိင်မှုဆိုင်ရာ ဘဝအတွက် ကျေနပ်စရာ ဖြစ်သွားမှာပါ။ သင့်ရဲ့ ကျန်ရှိနေတဲ့ ဘဝအချိန်တွေကို လူတစ်ယောက်နဲ့ အခြေချနေထိုင်သွားခြင်းက အရမ်းကို ပျော်ရွှင် ဆန်းကြယ်ဖို့ကောင်းတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် စုံတွဲတွေဟာ အချိန်ကြာလာတာနဲ့အမျှ လိင်မှုဆိုင်ရာမှာ ဆန်းသစ်တီထွင်မှုမရှိပဲ လုပ်ဆောင်နေကျ ပုံစံမျိုးသာ လုပ်ယူနေမယ်ဆိုရင်တော့ သင်တို့နှစ်ဦးစလုံးအတွက် လိင်မှုကိစ္စဟာ စိတ်ဝင်စားဖို့မကောင်းတော့ပဲ မလုပ်ချင်တော့တဲ့ထိ ရိုးအီသွားတတ်ပါတယ်။ ဒါကြောင့် လိင်မှုကိစ္စပြုလုပ်တဲ့အခါ နေရာဒေသပြောင်းလဲခြင်း၊ အဝတ်အစား အသွင်အပြင် ပြောင်းလဲခြင်း၊ အစီအစဉ်ပြောင်းလဲခြင်းနဲ့ လိင်စိတ်နိုးကြား တက်ကြွလာအောင် စကားလုံးအသုံးအနှုန်းတွေ ပြောင်းလဲ ပြောဆိုခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

    သင့်ရဲ့ ခန္ဓါကိုယ်ပုံစံနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်မများပါနဲ့

    ပြီးပြည့်စုံတဲ့ ခန္ဓါကိုယ်ပုံစံ အမျိုးမျိုးနဲ့ ပုံတွေဟာ ပြုပြင်ဖန်တီးထားတယ်ဆိုတာ မသိပဲနဲ့ ကျွန်ုပ်တို့ဟာ ၎င်းပုံတွေကို နေ့စဉ်မြင်နေ တွေ့နေရပါတယ်။ သင့်ရဲ့လက်ရှိ ခန္ဓါကိုယ်ပုံပန်းသွင်ပြင်နဲ့ ပတ်သက်ပြီး အားမလိုအားမရဖြစ်ကာ စိုးရိမ်တယ်ဆိုတာ သဘာဝပဲဖြစ်ပေမယ့် သင့်ဘဝတစ်လျှောက်လုံး ၎င်းစိတ်ကြီးနဲ့ သိမ်ငယ်နေတာကတော့ မဖြစ်သင့်ပါဘူး။

    လူတိုင်းဟာ အမျိုးမျိုးသောပုံစံနဲ့ မွေးဖွားလာကြပြီး ပြီးပြည့်စုံသော ပေါင်တံ၊ ပြီးပြည့်စုံသော ခန္ဓါကိုယ်၊ အနာအဆာကင်းသော အသားအရေ စတာတွေကို ပိုင်ဆိုင်ကြတဲ့သူတွေဆိုတာ မရှိပါဘူး။ ဒါကြောင့် သင်ဟာ လုပ်ငန်းခွင်ကိုမဝင်ခင်မှာ ခန္ဓါကိုယ်တောင့်တင်း သန်မာစေရန်၊ လှပစေရန်၊ သင့်ရဲ့သူမတူတဲ့ အလှအပတွေ ပေါ်လွင်စေရန် အရင်ဆုံး ကြိုတင်ပြင်ဆင်ထားခြင်းက အမှန်တကယ် အကျိုးရှိစေမှာပါ။ စိတ်ကို သက်တောင့်သက်သာ ထားပြီး သင့်ခန္ဓါကိုယ်ရဲ့ ဘယ်အပိုင်းက ပိုဂရုစိုက်ဖို့လိုတယ်၊ ဘယ်အပိုင်းကပို ထိခိုက်လွယ်တယ် စသဖြင့် ဂရုစိုက် စောင့်ကြည့်နိုင်ပါတယ်။ အမြဲတမ်း အကောင်းမြင်စိတ်ကို မွေးပြီး ကြုံလာရတဲ့အရာတွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement