backup og meta

မကြာခဏလိင်ဆက်ဆံခြင်းက ဆိုးသလား


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မကြာခဏလိင်ဆက်ဆံခြင်းက ဆိုးသလား

    လိင်ဆက်ဆံခြင်းဟာ လူ့ဘဝရဲ့ ရှောင်လွှဲမရနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာရေးအပါအဝင် နေ့စဉ်လုပ်ငန်းဆောင်တာများရဲ့ ရှုထောင့်အတော်များများကို တိုးတက်စေပါတယ်။ လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ပျော်ရွှင်စေတယ်လို့ ပြောကြပေမယ့် တခြားလေးနက်တဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိပါသေးတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံခြင်းရဲ့ အကျိုးသက်ရောက်မှုအကြောင်း အပိုပြောကြတာတွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ကောင်းပါတယ်။

    ၁.လိင်ဆက်ဆံမှုလွန်ကဲခြင်းဟာ နှလုံးရပ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

    ဒါဟာ အဖြစ်မများပေမယ့် အချို့လူတွေမှာ လိင်ဆက်ဆံစဉ် နှလုံးနာကျဉ်ခြင်းကို ခံစားရတတ်ပါတယ်။ လူအများစုအတွက်ကတော့ လိင်ဆက်ဆံခြင်းဟာ နှလုံးသွေးကြောအတွက် ကောင်းမွန်တယ်လို့ ပြောကြပေမယ့် နှလုံးရောဂါ အခံရှိသူတွေကတော့ သတိပြုသင့်ပါတယ်။

    ၂.မောပန်းခြင်းဆိုတာဟာ လိင်ဆက်ဆံမှု လွန်ကဲခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။

    လိင်ဆက်ဆံမှု လွန်ကဲခြင်းဟာ ပြင်းပြင်းထန်ထန် မဟုတ်ပေမယ့် ကျန်းမာရေးနဲ့ အလုပ်အပါအဝင် သင့်ဘဝကို လွှမ်းမိုးနိုင်ပါတယ်။ ပင်ပန်းခြင်းကြောင့် သင်အလုပ်ကို ကောင်းကောင်းလုပ်ဖို့နဲ့ လိုအပ်ချက်တွေ အကုန်ပြည့်စုံဖို့ ခက်ခဲပါလိမ့်မယ်။ တစ်နေ့တည်းမှာ လိင်ဆက်ဆံမှုလွန်ကဲရင် အားအင်ကုန်ခမ်းလွန်းရုံတင်မက သင့်ကျန်းမာရေး အခြေအနေကို နိမ့်ကျစေပါတယ်။ လိင်ဆက်ဆံစဉ်မှာ norepinephrine၊ epinephrine နဲ့ cortisol တွေဟာ ထွက်လာပြီးတော့ နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ ပြီးတော့ သွေးထဲကိုလည်း သကြားဓါတ်ကို ထုတ်လွှတ်ပေးပါသေးတယ်။ ဒီအရာတွေအကုန်လုံးအတွက် အားအင်တွေလိုအပ်ပါတယ်။

    ၃.လိင်ဆက်ဆံမှုလွန်ကဲခြင်းဟာ ထိပ်ပြောင်စေပါတယ်။

    လိင်ဆက်ဆံခြင်းဟာ Dihydrotestosterone ပမာဏကို ကိုယ်ခန္ဓာအတွင်းမှာ မြင့်တက်စေပါတယ်။ ဒီဟော်မုန်းဟာ အမျိုးသားတွေမှာ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါတယ်။

    ၄.လိင်နှစ်မျိုးလုံးအတွက် နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်း

    အမျိုးသမီးတွေဟာ လိင်ဆက်ဆံပြီးရင် နာကျင်မှုကို ခံစားကြရပါတယ်။ ဒါဟာ များသောအားဖြင့်တော့ ထိုးဖောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မိန်းမကိုယ်နံရံတွေ ကွာကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ထိုးသွင်းမှု ပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူမှန်သမျှဟာ သူတို့ကို နာကျင်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင့်လိင်ဆက်ဆံဖက်ကို ထိုးသွင်းခြင်းမပါဝင်တဲ့ အခြားနည်းလမ်းတွေနဲ့ နှစ်သိမ့်နိုင်ပါတယ်။

    ၅.လိင်ဆက်ဆံမှု လွန်ကဲခြင်းဟာ အာရုံကြောတွေကို ပျက်စီးစေနိုင်ပါတယ်။

    အာရုံကြောတွေဟာ ပြင်းထန်တဲ့ လိင်လှုံ့ဆော်မှု အပြီးမှာ ဒဏ်ရာရတတ်ကြပါတယ်။ ဒါကြောင့် အနားယူပြီးမှ လှုပ်ရှားမှုကို အဆုံးသတ်နိုင်ပါတယ်။ တူညီတဲ့နေရာတစ်ခုတည်းကို တိုက်ရိုက် လှုံ့ဆောင်ခြင်းမှလည်း ရှောင်ကျဉ်သင့်ပါတယ်။

    ၆.ဝန်ပိနေတဲ့ ကြွက်သားတွေဟာ လိင်ဆက်ဆံမှုလွန်ကဲခြင်းကြောင့် အဖြစ်များပါတယ်။

    လိင်ဆက်ဆံခြင်းဟာ ကြွက်သားတွေပေါ်မှာ ဖိအားသက်ရောက်ခြင်း ပါဝင်တာကြောင့် ခန္ဓာကိုယ် လှုပ်ရှားမှုပြုလုပ်ခြင်းတစ်မျိုးဖြစ်ပါတယ်။ သင်နေပြန်ကောင်းလာတဲ့အထိ လိင်ဆက်ဆံမှုကို ရှောင်ကျဉ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း တူညီတဲ့ ကြွက်သားတွေအပေါ်မှာ ဖိအားအများကြီး မသက်ရောက်ရအောင် အခြား လိင်ဆက်ဆံတဲ့ ပုံစံတွေကို ရွေးချယ်နိုင်ပါတယ်။

    ၇.ကျိုးခြင်း

    ကျိုးတာမျိုးမဟုတ်ပေမယ့် လိင်တံပေါက်ထွက်တာမျိုး အချိန်မရွေး ဖြစ်နိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ အနည်းငယ်ထူးဆန်းတဲ့အသံကြားပြီး လိင်တံထောင်မတ်မှု ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါဟာ လိင်တံအောက်ခြေ (သို့) ကပ်ပယ်အိတ်ကိုလည်း ရောင်ရမ်းစေပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement