လိင်အင်္ဂါကြွက်နို့သည် လိင်အင်္ဂါတစ်ဝိုက်တွင် ပေါက်တတ်သော ကြွက်နို့ရောဂါဖြစ်သည်။ ၎င်းတို့သည် သေးငယ်သော အသားရောင် အဖုလေးများ သို့မဟုတ် ပန်းမုန်လာလို ပုံစံများ ရှိတတ်၏။ ဖြစ်ရပ်အများအပြားတွင် ကြွက်နို့များသည် သေးငယ်လွန်းသောကြောင့် မမြင်ရတတ်ပါ။ လိင်အင်္ဂါကြွက်နို့များသည် လိင်မှတစ်ဆင့်အကူးစက်ဆုံး ရောဂါတစ်ခုဖြစ်ပြီး ဟူးမန်းပက်ပလိုးမားဗိုင်းရပ်စ် (HPV) ကြောင့် ဖြစ်ရခြင်းပင်။ ထိုဗိုင်းရပ်စ်သည် အမျိုးသမီးများ၌ ကြွက်နို့သာမက ကင်ဆာကိုပါ ဖြစ်စေတတ်ပါသည်။
ဤရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ကြွက်နို့ပေါက်နိုင်ချေပိုများ၏။ အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
လိင်အင်္ဂါကြွက်နို့ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ
အမျိုးသမီးများ၌ မအင်္ဂါနှုတ်ခမ်း၊ မိန်းမကိုယ်အတွင်းနံရံ၊ အပြင်ဖက်လိင်အင်္ဂါနှင့် စအိုစပ်ကြားနေရာ၊ စအိုခေါင်းအတွင်းနှင့် သားအိမ်ခေါင်းတို့တွင် ကြွက်နို့များပေါက်နိုင်ပါသည်။ အမျိုးသားများတွင်မူ လိင်တံ၏ထိပ်နှင့် ဘေးဖက်၊ ကပ်ပယ်အိတ် သို့မဟုတ် စအိုတို့တွင် ပေါက်နိုင်၏။
ပိုးရှိသူကို ပါးစပ်နှင့်လိင်ဆက်ဆံမိပါကလည်း ပါးစပ်နှင့်လည်ချောင်းတို့တွင် ပေါက်နိုင်ပါသည်။
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သင်ရော သင့်ပါတနာပါ လိင်အင်္ဂါတစ်ဝိုက်၌ အဖုများ ကြွက်နို့များထွက်လာပါက ဆရာဝန်ဆီ သွားရောက်ပြသသင့်ပါသည်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။
လိင်အင်္ဂါကြွက်နို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ဟူးမန်းပက်ပလိုးမားဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ HPV အမျိုးအစား ၄၀ ခန့်သည် လိင်အင်္ဂါတစ်ဝိုက်၌ ကူးစက်တတ်ကြောင်း တွေ့ရှိထား၏။ လိင်မှတစ်ဆင့် HPV သည် ကူးစက်နိုင်၏။ အကယ်၍ ကိုယ်ခံအားစနစ်မှ HPV ကိုသတ်နိုင်လောက်အောင် အားပြင်းသည်ဆိုပါက ပိုးကူးစက်သည့်လက္ခဏာများ သင့်တွင်ပေါ်လာမည်မဟုတ်ပါ။ သို့သော် ဖြစ်ရပ်အများစုတွင်တော့ HPV သည် ဒီတိုင်းလေးနေပြီး လက္ခဏာများလည်း မပြတတ်ပါ။
လိင်အင်္ဂါကြွက်နို့ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ကြွက်နို့ရှိမည်ဟု သံသယရှိသော နေရာတွင် စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မည်။ အကယ်၍ ကြွက်နို့သည့် အမျိုးသမီးခန္ဓာကိုယ်၏အတွင်းထဲထိ ဖြစ်နေပါက တင်ပဆုံတွင်း စစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ ဆရာဝန်မှ အက်စစ်ပျော့ ပျော်ရည်တစ်မျိုးသုတ်လိမ်းပြီးစမ်းပါမည်။ ထိုမှသာ ကြွက်နို့များကို ရှင်းရှင်းလင်းလင်းမြင်ရမည်ဖြစ်သည်။
သားအိမ်ခေါင်းတစ်နေရာမှ ဆဲလ်များရယူရန်အတွက် Swab သုတ်ပြီး နမူနာရယူကာ (Pap Smear) ရောဂါကိုစစ်ဆေးပါလိမ့်မည်။ ထိုစစ်ဆေးမှုဖြင့် HPV ရှိမရှိသိနိုင်ပါသည်။ ထို့အပြင် သင့်ကျန်းမာရေးနှင့် လိင်ဆိုင်ရာအကြောင်းများကို ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသေးသည်။
ဆရာဝန်မှ imiquimod (Aldara), podophyllin နှင့် podofilox (Condylox), trichloroacetic acid (TCA) တို့ပါသော ကြွက်နို့လိမ်းဆေးများ ပေးပါလိမ့်မည်။
အညွှန်းစားမပါဘဲ ဝယ်ယူရနိုင်သည့် ကြွက်နို့ဆေးများသည် စိတ်မချရပါ။ အဘယ့်ကြောင့်ဆိုသော် လိင်မအင်္ဂါတစ်ဝိုက်မှ တစ်ရှူးများသည် စိုစွတ်လွန်းသောကြောင့် အထက်ပါဆေးများသုံးလျှင် နာကျင်ကျိန်းစပ်မှုသာ ပိုဖြစ်စေနိုင်ပါသည်။
ကြွက်နိုကြီးများရှိလျှင် သို့မဟုတ် ဆေးမတိုးလျှင် ခွဲစိတ်ဖယ်ရှားရနိုင်ပါသည်။ ကိုယ်ဝန်ရှိသူဆိုပါက ကလေးကိုထိခိုက်စေမည့်ဆေးများအစား ခွဲစိတ်ရန် ညွှန်ကြားပါလိမ့်မည်။ ခွဲစိတ်ဖယ်ရှာခြင်းများတွင် နိုက်ထရိုဂျင်အရည်သုံးပြီး အေးခဲစေခြင်း၊ လေဆာသုံးဖယ်ရှာခြင်းများ ပါဝင်ပါသည်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လိင်အင်္ဂါကြွက်နို့ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။