HIV နှင့် AIDS ရောဂါ

လူသားခုခံအားကို ကျဆင်းစေသည့်ဗိုင်းရပ်စ် (HIV) က လူသားရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် HIV ဗိုင်းရပ်စ်ကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ဖြစ်လာမှာပါ။ ဒီအခြေအနေ နှစ်ရပ်စလုံးအတွက် လုံလောက်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့အတွက် ဒီအခြေအနေကို ကာကွယ်ဖို့ သိထားသင့်တဲ့ အချက်တွေကို ဒီကဏ္ဍမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

HIV နှင့် AIDS ရောဂါ

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

HIV နှင့် AIDS ရောဂါ ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

HIV ပိုးရှိသူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင်

HIV ပိုးရှိတာနဲ့ပဲ လူတစ်ယောက်ကို ပစ်ပယ်ထားလိုက်ဖို့ဆိုတာ ဒီခေတ်ထဲမှာတော့ မရှိတော့ပါဘူး။ ကုသဖို့ဆေးတွေ မပေါ်လာသေးတဲ့တိုင်အောင် ရောဂါပိုးကို တခြားသူဆီ မပြန့်အောင် ထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေလည်း ရှိနေပါပြီ။ ဒါပေမယ့်လည်း လူတွေမှာက ကြောက်စိတ်တစ်ခုစီ ရှိတတ်ကြတာ သဘာဝပါ။ HIV ပိုးနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကလူတွေက အထင်အမြင်သေးတာ၊ ကဲ့ရဲ့ရှုံ့ချတာတွေကို အမြဲလိုလို မြင်နေရတဲ့အခါ ဦးနှောက်က ဒီပြဿနာကို ကြောက်စရာကောင်းတယ်၊ ရွံစရာကောင်းတယ်ဆိုပြီး တရားသေယူဆတတ်ပါတယ်။ အဲ့တော့ ကိုယ်လက်တွဲဖို့ ရည်ရွယ်ထားတဲ့သူမှာ မမျှော်လင့်ဘဲ HIV ပိုးရှိနေခဲ့မယ်ဆိုရင် အစပိုင်းမှာတော့ အနည်းငယ်တုန်လှုပ်မိမှာပါ။ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ဘယ်သူကတော့ ကိုယ့်ကိုယ်ကိုယ် ဒီလိုရောဂါပိုးကူးစက်ခံရတဲ့အဖြစ်မျိုး လိုချင်ပါ့မလဲ။ အကယ်လို့ နားလည်လက်ခံပေးနိုင်တယ်ဆိုရင်ရော ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ။ ဒါတွေအားလုံးကို ကိုယ့်ဘက်က စိတ်ပိုင်းဆိုင်ရာအနေနဲ့ အားလုံးပြင်ဆင်ထားဖို့ အရေးကြီးတယ်နော်။ HIV ပိုးရှိသူနဲ့ […]


HIV နှင့် AIDS ရောဂါ

HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့်

HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့် အကြောင်းကို ဗဟုသုတ အနေနဲ့ လေ့လာလိုက်ရအောင်နော်။ HIV ပိုးဆိုတာ ကိုယ်ခံအားစနစ်ကို အဓိက ပစ်မှတ်ထားပြီး ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမြစ်ပြတ်ကုသဖို့ရာ ဆေးမရှိသေးပေမယ့် ပိုးကို ဆက်မပြန့်သွားစေအောင်၊ ကိုယ်ခံအားစနစ်ကို မထိခိုက်စေအောင် ထိန်းထားပေးတဲ့ ဆေးတွေတော့ ပေါ်နေပါပြီ။ HIV ပိုးကူးစက်ခံရသူအနေနဲ့ ပိုးထိန်းဆေး ART ဆေးကိုသာ မသောက်ဘူးဆိုရင်တော့ AIDS ကိုရောက်သွားနိုင်တဲ့ အဆင့် ၃ဆင့်ကို မလွဲမသွေကျော်ဖြတ်ရနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒီအဆင့်တွေကတော့ • အစောပိုင်းကာလ အဆင့် (Acute Stage) • ကြားကာလ အဆင့် (Chronic Stage) • နောက်ဆုံး အဆင့် (AIDS Stage/ Final Stage) […]


HIV နှင့် AIDS ရောဂါ

သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load)

သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load) အကြောင်း လေ့လာလိုက်ရအောင်နော်။ သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load) သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load) ဆိုတာကို လေ့လာလိုက်စို့နော်။ Viral Load ဆိုတာ ဘာလဲ။ HIV ပိုးရှိတဲ့သူတွေမှာ သူတို့သောက်နေတဲ့ ဆေးဝါးတွေကို တုံ့ပြန်ခြင်းရှိမရှိ၊ သွေးထဲမှာ ပိုးကောင်ရေ ဘယ်လောက်ကျန်သေးလဲ၊ ရောဂါအခြေအနေ စတာတွေကို စစ်ဆေးဖို့အတွက် သွေးဖောက်ကြည့်ရပါတယ်။ ဒီလိုစစ်ဆေးခြင်းကို HIV Viral Load တစ်နည်းအားဖြင့် သွေးထဲမှာ ရှိတဲ့ HIV ပိုးကောင်ရေ ပမာဏကို စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ အဓိကကတော့ ပိုးကောင်ရေနည်းလေလေ HIV ပိုးရှိသူတွေအတွက် အခြေအနေကောင်းလေလေပါပဲ။ ဒါကြောင့်လည်း […]


HIV နှင့် AIDS ရောဂါ

HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ

HIV/ AIDS နဲ့ ပတ်သက်ပြီး ယခုချိန်ထိကို လူမှုပတ်ဝန်းကျင်က မှားယွင်းစွာ နားလည်လက်ခံထားကြတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ လူတွေ သိထားကြတဲ့ အလွဲတွေနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ချင်ပါတယ်။ HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေက ဘာတွေများလဲ။ ၁။ HIV နဲ့ AIDS ဆိုတာ ရောဂါ ၂မျိုးလား။ တူညီတဲ့ ရောဂါလား။ HIV ဆိုတာ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 cell တွေကို ဖျက်စီး ပစ်တဲ့ ရောဂါပိုး ဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူနဲ့ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိတဲ့ မိခင်မှ သန္ဓေသားကို […]


HIV နှင့် AIDS ရောဂါ

ခုခံအားကျ ဘယ်ကစ

ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့ခုခံအားကျရောဂါကာကွယ်ရေးနေ့ဖြစ်ပါတယ်။ ခုခံအားကျရောဂါကိုတော့ လူတိုင်းကြားဖူးကြမှာပါ၊ ဒီနေ့အချိန်ထိ ပျောက်ကင်းအောင်ကုသဖို့ဆေးရော ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးပါ မပေါ်သေးတဲ့ ကြောက်စရာရောဂါဟာ ဘယ်ကနေ ဘယ်လိုစတင်ပေါ်ပေါက်လာသလဲဆိုတာ Hellosayarwon စာဖတ်ပရိတ်သတ်တို့အတွက် ဗဟုသုတရအောင် နည်းနည်းလောက်ပြောပြချင်ပါတယ်။ ခုခံအားကျရောဂါကိုတော့ အင်္ဂလိပ်လို AIDS၊ အရှည်ကောက်ဆို Acquired Immune Deficiency Syndrome လို့ခေါ်ဆိုပါတယ်။ ရောဂါဖြစ်ရတာကတော့ HIV (Human Immunodeficiency Virus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဒါကြောင့် ရှင်းရှင်းပြောရရင် HIV ဆိုတာ AIDS ရောဂါဖြစ်စေတဲ့ပိုးဖြစ်ပြီး AIDS ဆိုတာက ရောဂါနာမည်ဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ လူသားသန်းပေါင်း ၅၀ နီးပါးကို သေဆုံးစေခဲ့တဲ့ ဒီ HIV ရောဂါပိုးကို စတင်တွေ့ရှိခဲ့တာကတော့ ၁၉၅၉ ခုနှစ်၊ အာဖရိကတိုက်က ကွန်ဂိုသမ္မတနိုင်ငံမှာဖြစ်ပါတယ်။ […]


HIV နှင့် AIDS ရောဂါ

HIV ပိုး ကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲသွားလဲ

ယနေ့ခေတ်မှာ HIV ဆိုတဲ့ စကားလုံးက လူငယ်၊ လူကြီးမရွေး ရင်းနှီးနေကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း တော်တော်များများက အခုထိ HIV နဲ့ AIDS ရဲ့ ကွာခြားပုံတွေ၊ HIV ပိုးရဲ့ ကိုယ်ခန္ဓါအပေါ် သက်ရောက်မှု၊ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေလဲ၊ ရောဂါပိုးကရော ဘယ်လိုကူးစက်လဲ စတာတွေနဲ့ ပတ်သက်ပြီး သေချာသိနားလည်ခြင်း မရှိကြသေးပါဘူး။ ဒီဆောင်းပါးမှာ HIV ပိုး ကူးစက်ခံရပြီးနောက် ကိုယ်ခန္ဓါအတွင်းမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ HIV ပိုးဟာ ဘာတွေကို အရင်ဆုံးတိုက်ခိုက်လဲ။ အခြေခံသဘောတရားအရ HIV ပိုး ကိုယ်ခန္ဓါထဲ ဝင်ရောက်လာတဲ့အခါ ရောဂါတွေကိုတိုက်ထုတ်ပေးနိုင်တဲ့ CD4+ ဆဲလ်တွေကို တိုက်ဖျက်ပါတယ်။ ဒီဆဲလ်တွေ နည်းလာတာနဲ့အမျှ ကိုယ်ခံအားစနစ်ဟာ ကျဆင်းပြီး တခြားရောဂါပေါင်းစုံ ဝင်လာဖို့ တံခါးဖွင့်လိုက်သလို ဖြစ်သွားပါတယ်။ […]


HIV နှင့် AIDS ရောဂါ

လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ

Hello ဆရာဝန် ပရိတ်သတ်တွေထဲက လိင်တူချင်းဆက်ဆံမိလို့ HIV ကူးစက်ခံရပြီလားလို့ လာမေးကြတဲ့ အမျိုးသားတွေ အရမ်းများလာတာကို သတိထားမိတယ်ခင်ဗျ။ ဒါကြောင့် အခုဆောင်းပါးမှာတော့ လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အရင်ဆုံးသိထားရမှာက HIV ပိုးသည် လိင်တူဆက်ဆံတာတင်မကဘဲ လိင်ကွဲဆက်ဆံတာနဲ့လည်း ကူးစက်နိုင်ပါတယ်။ အဓိကကတော့ ရောဂါပိုးရှိတဲ့သူနဲ့ အကာအကွယ် (ကွန်ဒုံး) အသုံးမပြုဘဲ လိင်ဆက်ဆံလို့ပါ။ လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ ဆိုတော့ - ၁။ စအိုဖြင့် လိင်ဆက်ဆံခြင်း အမျိုးသားချင်း လိင်ဆက်ဆံတဲ့အခါ စအိုအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်းကတော့ အမြဲတမ်းလိုလို ပါတတ်ပါတယ်။ မိန်းမကိုယ်နဲ့ မတူဘဲ စအိုအတွင်းက နံရံတွေက သဘာဝချောဆီထွက်တာမျိုးလည်း မရှိသလို ပွန်းပဲ့ထိခိုက်ဖို့ […]


HIV နှင့် AIDS ရောဂါ

HIV ပိုး သင့်မှာရှိနေနိုင်လား။ ပုံမှန်သွေးစစ်ဖို့တော့ လိုမယ်နော်

HIV ပိုး သင့်မှာရှိနေနိုင်လား။ ဒါဆိုရင်တော့ ပုံမှန်သွေးစစ်ပြီး စစ်ဆေးဖို့ လိုမယ်နော်။ ဘာကြောင့်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ HIV ဆိုတာ ကိုယ်ခံအားစနစ်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် HIVပိုးကူးခံရတဲ့အခါ လက္ခဏာတွေက မသိသာတာကြောင့် ကိုယ့်မှာပိုးရှိလို့ ရှိနေမှန်းတောင် မသိတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ကိုယ့်မှာ HIV ရှိမှန်းမသိတဲ့အခါ ဆေးဝါးကုသမှုမခံယူတော့ ပိုးတွေက သွေးထဲမှာ အမြဲပွားများနေတာပေါ့။ အချိန်ကြာလာတဲ့အခါ သွေးထဲမှာရှိနေတဲ့ CD4 လို့ခေါ်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ဆဲလ်တွေက နည်းလာတယ်။ ကိုယ်ခံအားစနစ် ဆုတ်ယုတ်လာတဲ့အခါ ရောဂါတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတယ်။ နောက်ဆုံး AIDS ခုခံအားကျဆင်းမှုရောဂါ အခြေအနေကို ရောက်လာတဲ့အခါ လူက ပိန်ချုံးချိနဲ့ပြီး အသက်ဆုံးပါးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ HIV ပိုး သင့်မှာရှိနေနိုင်လား။ ပုံမှန်သွေးစစ်ဖို့တော့ လိုမယ်နော် ဒါဆို HIV […]


HIV နှင့် AIDS ရောဂါ

လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး

PrEP နဲ့ PEP ဆေး တွေဟာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ကိုယ်က လိင်အပျော်အပါး မကြာခဏ လိုက်စားတဲ့သူဖြစ်စေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိတယ်ဆိုရင် ဒီဆေးတွေအကြောင်း နားလည်ထားဖို့ လိုပါတယ်။ လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေးအကြောင်းလေး ဆက်ကြည့်လိုက်ရအောင်နော်။ PrEP ဆေးဆိုတာဘာလဲ။ ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။ အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။ HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုး ရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ […]


HIV နှင့် AIDS ရောဂါ

HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ

HIV ပိုးနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိပါ လူတွေ မှားယွင်းစွာသိထားတဲ့ အလွဲတွေ အများကြီးရှိပါတယ်။ ဒီအလွဲတွေကြောင့်ပဲ HIV ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေရဲ့ အကြောက်တရားက ပိုလာသလို ပတ်ဝန်းကျင်ရဲ့ နှိမ့်ချဆက်ဆံမှုတွေဟာလည်း ဆိုးသထက် ဆိုးလာပါတယ်။ ဒီဆောင်းပါးလေးမှာ HIV ပိုးကူးစက်ပုံတွေ၊ ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေသိထားတဲ့အလွဲတွေအကြောင်း ဖြေရှင်းပေးချင်ပါတယ်။ ကဲ .... HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ အကြောင်း လေ့လာလိုက်ဦးစို့နော်။ HIV ဆိုတာဘာလဲ။ ခုခံအားစနစ်ကို အားနည်းအောင် တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ HIV ပိုးဟာ သွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ထွက်တဲ့အရည်၊ မိခင်နို့ရည်မှာ ပါရှိတတ်ပြီး ဒီအရည်တွေက တခြားသူတစ်ယောက်ရဲ့ သွေးထဲကို တိုက်ရိုက်ဝင်မှသာ ရောဂါပိုး ကူးစက်ခံရတာဖြစ်ပါတယ်။ HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ HIV […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်