မောပန်းနွမ်းနယ်ခြင်းသည် HIV ရောဂါသည်များ ခံစားရလေ့ရှိသော လက္ခဏာ ဖြစ်ပါသည်။ အထူးသဖြင့် အချိန်ကြာမြင့်စွာ ခံစားနေရသော လူများတွင် ဖြစ်လေ့ရှိပါသည်။ မောပန်းနွမ်းနယ်ခြင်းသည် မိမိ၏ နေ့စဉ်ဘဝ ပျော်ရွှင်မှုများကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ထိုမောပန်းနွယ်နယ်ခြင်းကို မည်သို့ ဖြေရှင်းမည်နည်း။
မောပန်းနွယ်နယ်ခြင်း လက္ခဏာများ
မောပန်းနွမ်းနယ်ခြင်းသည် HIV ရောဂါသည်များ ခံစားရသော ဦးဆုံးလက္ခဏာ ဖြစ်ပါသည်။ ထို့နောက် ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ အကျိတ်ပေါ်ခြင်း၊ ချောင်းဆိုးခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။ တချို့သော လက္ခဏာများမှာ တုပ်ကွေး၏ လက္ခဏာနှင့် ဆင်တူပါသည်။ HIV ရောဂါသည် လုံးဝ လက္ခဏာမပေါ်သည်လည်း ရှိနိုင်ပါသည်။
မောပန်းနွမ်းနယ်ခြင်း၏ တခြားသော လက္ခဏာများမှာ စိတ်လှုပ်ရှားလွယ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ နာကျင်ခြင်း၊ တခြားသော ရောဂါပိုးဝင်ခြင်းတို့ ဖြစ်ပါသည်။
အိပ်မပျော်ခြင်းကို မည်သို့ ကျော်ဖြတ်မည်နည်း။
HIV ရောဂါဖြစ်လျှင် အိပ်မပျော်ခြင်း ဝေဒနာ ခံစားရနိုင်ပါသည်။ အိပ်မပျော်ခြင်းမှာ အိပ်ရခက်ခြင်းနှင့် မျက်စိကြောင်ခြင်းတို့ ပါဝင်ပါသည်။ မည်သို့ပင်ဆိုစေ အိပ်မပျော်ခြင်းကြောင့် နောက်တစ်နေ့၏ လုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်ပါသည်။ အိပ်ပျော်စေရန် အောက်ပါအချက်များကို လိုက်နာရပါမည်။
- ကြိုးစား၍ အိပ်ပြီး နောက်တစ်နေ့တွင် ကြိုးစား၍ ထကြည့်ပါ။
- အိပ်မပျော်၍ စိတ်မလှုပ်ရှားပါနှင့်။ အိပ်မပျော်လျှင် တခြားနေရာသို့ သွား၍ လှုပ်လှုပ်ရှားရှားနေပါ။ ပင်ပန်းလာမှ နောက်တစ်ကြိမ် ပြန်အိပ်ပါ။
- စာဖတ်ပါ။ ရုပ်ရှင်၊ ဖုန်းနှင့် ကွန်ပျူတာ မကြည့်ပါနှင့်။
- အိပ်ရာမဝင်ခင် အရက်၊ ကော်ဖီ မသောက်ပါနှင့်။
- အခန်းကို အမှောင်ချထားပါ။ အေးအေးလေး ဖြစ်အောင် ထားပါ။ ဖြစ်နိုင်လျှင် အိပ်၍ကောင်းသော အခြေအနေ ဖြစ်အောင် ဖန်တီးပါ။
- ထိုသို့ ပြုလုပ်သည့်တိုင် အိပ်၍မရပါက ဆရာဝန်နှင့် ဆက်သွယ်ပါ။ အိပ်ဆေးတစ်မျိုးမျိုး ညွှန်ကြားပေးပါမည်။
အကြောင်းအရင်းမရှိ အိပ်၍မပျော်ခြင်း
အိပ်မပျော်ခြင်း၏ အကြောင်းအရင်းသည် စိတ်ဓါတ်ကျခြင်း၊ ဆေးကြောင့်ဖြစ်ခြင်း၊ သို့မဟုတ် တစ်ခုခုကြောင့် မဟုတ်လျှင် အကြောင်းအရင်းမရှိ အိပ်၍မပျော်ခြင်း ဟုခေါ်ပါသည်။ ဆေးပညာအရ အကြောင်းအရင်း ရှာမတွေ့ခြင်း ဖြစ်ပါသည်။
အကြောင်းအရင်းမရှိ ပင်ပန်းနွမ်းနယ်ခြင်းမှာ ဖြစ်လေ့ရှိသော လက္ခဏာ ဖြစ်ပါသည်။ ထိုလက္ခဏာများမှာ နေ့တိုင်း ခံစားနိုင်ရသလို မခံစားရသော သောနေ့များလည်း ရှိပါသည်။ Methyphenidate (Ritalin) နှင့် Dextroamphetamine (Dexedrine) စသည့် ဆေးများသုံးခြင်း သည်လည်း ထိရောက်နိုင်ပါသည်။ ဆရာဝန်သည် လက္ခဏာခံစားမှ သောက်ခိုင်းနိုင်သလို အမြဲ သောက်ခိုင်းနိုင်သည်လည်း ဖြစ်နိုင်ပါသည်။ ယခင်က စိတ်ကြွဆေးများ သောက်သုံးဖူးလျှင် ဆရာဝန်က တခြားသော ဆေးများကို ညွှန်ကြားပါလိမ့်မည်။
အရှုံးမပေးပါနှင့်။
HIV ရောဂါသည် နာတာရှည် ရောဂါဖြစ်ပါသည်။ သို့သော် ဆေးသုံးစွဲမှုနှင့် ကျန်းမာရေး အလေ့အကျင့်များကို ဂရုပြုပါ။ မောပန်းနွမ်းနယ်ခြင်းသည် ရောဂါရှိသူရော မရှိသူပါ ခံစားရနိုင်ပါသည်။ သို့သော် ကုသနည်းများ ရှိပါသည်။ လူအများစုမှာ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာနိုင်ပါသည်။ မနက်ခင်းကို အနည်းငယ် လမ်းလျှောက်ခြင်းဖြင့် စိတ်ပင်ပန်းမှုများကို သက်သာစေပါသည်။
အမြဲတမ်း အကောင်းတွေးပါ။ ထိုသည်မှာ ရောဂါအတွက် အကောင်းဆုံး အထိရောက်ဆုံး အချက်ဖြစ်ပါသည်။ ထို့အပြင် မိမိ၏ နေ့စဉ်ဘဝကို လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားအသောက်၊ တခြားသော လုပ်ဆောင်မှုများဖြင့် ကျန်းမာရေးကို မြှင့်တင်ပါ။
[embed-health-tool-ovulation]