backup og meta

HIV နှင့် AIDS ကွာခြားပုံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV နှင့် AIDS ကွာခြားပုံ

    HIV ရောဂါသည် ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ် ရောဂါပိုးတစ်မျိုး ဖြစ်ပါသည်။ AIDS ရောဂါသည် HIV ရောဂါပိုးမှဖြစ်ခြင်း ဖြစ်ပါသည်။ AIDS သည် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ အောက်ပါ အချက်များသည် HIV နှင့် AIDS တို့၏ မတူညီပုံကို ဖော်ပြသောအချက်များ ဖြစ်ပါသည်။

    HIV သည် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါသည်။ AIDS သည် HIV ရောဂါကြောင့်ဖြစ်သော ခုခံအားကျဆင်းသော ရောဂါဖြစ်သည်။ လူသားများ၏ ခုခံအားစနစ်ကို ထိခိုက်ပါသည်။ လုပ်ဆောင်ရမည့် လုပ်ငန်ဆောင်တာများ ထိခိုက်ပါသည်။

    ခုခံအားကျဆင်းမှု AIDS ရောဂါသည် HIV ဗိုင်းရပ်စ် ပိုးဝင်ရောက်ပြီး ကြာလျှင် ဖြစ်လေ့ရှိပါသည်။ AIDS ရှိသော လူများသည် ခုခံအားစနစ်ကို ပျက်စီးတတ်ပါသည်။ ထို့အပြင် ရောဂါပိုးမွှားများ ဥပမာ – တီဘီရောဂါ၊ နမိုးနီးယားရောဂါ၊ ကင်ဆာနှင့် တခြားသော ရောဂါပိုးများ ဝင်ရောက်နိုင်ပါသည်။

    AIDS မရှိသော HIV ပိုး သယ်ဆောင်သူများ

    HIV သည် ဗိုင်းရပ်စ်ပိုး ဖြစ်ပါသည်။ AIDS သည် ထိုမှဖြစ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ထို့ကြောင့် AIDS မရှိဘဲ HIV ချည်းသာ ဖြစ်တတ်ပါသည်။ ခုခံအားမှာ ရောဂါပိုးမွှားကို လုံးဝ အမြစ်ပြတ် မကုသနိုင်ပါ။ သို့သော် ၁၀ နှစ်လောက်အထိ အချိန်ကြာနိုင်ပါသည်။ တိုးတက်လာသော ဆေးပညာ၏ ကျေးဇူးကြောင့် AIDS ရောဂါ ဝေဒနာရှင်များ၏ သက်တမ်းသည် ယခင်ကထက် ပို၍ ကောင်းလာကြောင်း သိရှိရပါသည်။

    AIDS မဖြစ်ဘဲ HIV ဖြစ်နိုင်သော်လည်း AIDS ဖြစ်သောသူများ အဖို့ HIV ဗိုင်းရပ်စ်ပိုး ရှိသည်မှာ သေချာပါသည်။ HIV ရောဂါပိုးရှိပြီး AIDS ရောဂါ မဖြစ်သော သူများလည်း ရှိပါသည်။ နောင်တွင် လုံးဝ AIDS မဖြစ်သွားသူများလည်း ရှိပါသည်။

    HIV ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ပါသည်

    HIV သည် ဗိုင်းရပ်စ်ပိုးမွှား ဖြစ်ပါသည်။ တခြားသော ဗိုင်းရပ်စ် ပိုးမွှားများကဲ့သို့ တခြားသော သူများကိုလည်း ကူးစက်နိုင်ပါသည်။ တစ်ဦးမှတစ်ဦးသို့ ခန္ဓါကိုယ် အရည်များမှ တစ်ဆင့် ကူးစက်နိုင်ပါသည်။ AIDS ရောဂါကို တခြားသူဆီမှ တိုက်ရိုက်မကူးနိုင်ပါ။ ကူးစက်လျှင် HIV ရောဂါပိုးမှ ကူးစက်နိုင်ပါသည်။

    HIV သည် ရောဂါ လက္ခဏာများ အမြဲမပေါ်တတ်ပါ

    HIV ရောဂါပိုးသည် ပိုးဝင်ပြီး ၂ ပတ်မှ ၄ ပတ်အထိ တုပ်ကွေးလက္ခဏာမျိုးသာ ပေါ်ပေါက်နိုင်ပါသည်။ အချိန် အနည်းငယ်အတွင်း ပေါ်ပေါက်လျှင် ရက်တိုရောဂါဟု ခေါ်ပါသည်။ ခုခံအားစနစ်က နိုင်ပါက အောင်းချိန်အတွင်း ရောက်သွားနိုင်ပါသည်။

    အောင်းချိန်သည် နှစ်ရှည်ကြာနိုင်ပါသည်။ ရောဂါရှိသောသူသည် ရောဂါလက္ခဏာများ လုံးဝ မခံစားရနိုင်ပါ။ HIV မှ AIDS ရောဂါသို့ ကူးပြောင်းလျှင် AIDS ၏ ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။

    HIV ရောဂါသည် သာမန် စစ်ဆေးချက်များနှင့်ပင် စစ်ဆေးနိုင်ပါသည်။ သို့သော် AIDS မှာ ရှုပ်ထွေးပါသည်။

    HIV ကူးစက်လျှင် ကိုယ်ခန္ဓါ၏ ခုခံအားစနစ်သည် တန်ပြန်ဓါတ်များ ထုတ်ပြီး ဗိုင်းရပ်စ်ပိုးမွှားများကို တိုက်ထုတ်ပါသည်။ သွေးနှင့် တံတွေး စစ်ဆေးမှုများ ပြုလုပ်ပြီး မိမိတွင် တန်ပြန်သတ္တိ မည်မျှရှိသည်ကို စမ်းသပ်နိုင်ပါသည်။ သို့သော် ထိုစစ်ဆေးမှုသည် ရောဂါပိုးဝင်ပြီး ရက်ပေါင်း အနည်းငယ် ကြာမှသာ စစ်ဆေးနိုင်ပါသည်။

    နောက်စစ်ဆေးမှုမှာ ဗိုင်းရပ်စ်ပိုးမွှားမှ ထုတ်သောဓါတ်ကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ထိုစစ်ဆေးမှုမှာ ရောဂါဖြစ်ပြီး ရက်ပိုင်းအတွင်း စစ်ဆေးနိုင်ပါသည်။ ထိုစစ်ဆေးချက် နှစ်မျိုးလုံးမှာ မှန်ကန်ပြီး စစ်ဆေးရန် လွယ်ကူပါသည်။

    AIDS ရောဂါသည် HIV ရောဂါ၏ နောက်ဆုံးအဆင့် ဖြစ်ပါသည်။ HIV သည် AIDS ရောဂါပြောင်းလဲပါက ဖြစ်ပေါ်လာသော ဖြစ်စဉ်များ ရှိပါသည်။ ဥပမာ – ဆဲလ်အရေအတွက် ပြောင်းလဲခြင်း ဖြစ်ပါသည်။ HIV မရှိသော လူတစ်ဦးသည် CD4 ဆဲလ်အရေအတွက် 500 မှ 1200 အထိ ရှိနိုင်ပါသည်။

    ဆဲလ်အရေအတွက် 200 အထိ လျော့နည်းသွားလျှင် HIV မှ AIDS ပြောင်းသွားပြီဟု သိနိုင်ပါသည်။ ပြလေ့ရှိသော နောက်လက္ခဏာ တစ်မျိုးမှာ ရောဂါပိုး ဝင်ရောက်ခြင်း ဖြစ်ပါသည်။ ရောဂါပိုးများမှာ ဗိုင်းရပ်စ် မှိုရောဂါ၊ ဘက်တီးရီးယား ပိုးမွှားများကြောင့် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည့် တီဘီရောဂါများ၊ ကင်ဆာနှင့်၊ နမိုးနီးယား ရောဂါများ ပါဝင်သည်။

    ကုသခြင်းနှင့် နေထိုင်နိုင်သည့် သက်တမ်းများ

    HIV မှ AIDS ပြောင်းလဲသွားပါက မိမိနေထိုင်နိုင်သည့် သက်တမ်းသည်လည်း ကျဆင်းသွားပါသည်။ ပျက်စီးသွားသော ခုခံအားစနစ်ကို ပြန်လည်ပြင်ဆင်ရန် မလွယ်ကူပါ။ ခုခံအား ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများ ရှိပါသည။် ဥပမာ – ရောဂါပိုး ဝင်ရောက်ခြင်း၊ ကင်ဆာများ၊ ထိုကဲ့သော အသက်ကို ထိခိုက်စေနိုင်သော ရောဂါများ ဝင်ရောက်နိုင်ပါသည်။

    မကုသလျှင် AIDS ရောဂါသို့ ကူးပြောင်းသွားနိုင်ပြီး ၃ နှစ်လောက်သာ အသက်ရှင်နိုင်ပါသည်။ အသက် အန္တရာယ် ဖြစ်ပေါ်စေနိုင်သော နာမကျန်းဖြစ်ပြီး မကုသလျှင် သက်တမ်းသည် ၁ နှစ်ခန့်သာ နေနိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။ တိုးတက်လာသော ဆေးပညာကြောင့် AIDS ရောဂါဝေဒနာရှင်များ၏ သက်တမ်းသည်လည်း တိုးမြင့်လာပါသည်။

    AIDS သည် HIV ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး ခုခံအားစနစ်ကို ထိခိုက်ပါသည်။ HIV ရောဂါရှိသူများနှင့် ရောဂါပိုး ဝင်ရောက်ရန် ရာခိုင်နှုန်းများသော သူများကို စာနာ၍ အားပေးကူညီရပါမည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement