backup og meta

HIV ရောဂါသည်များအတွက် လေ့ကျင့်ခန်း နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ရောဂါသည်များအတွက် လေ့ကျင့်ခန်း နည်းလမ်းများ

    မိမိသည် ယခင်က တစ်ခါမျှ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူ မဟုတ်လျှင် ရောဂါအကြောင်းသိပြီးမှ ပြုလုပ်သူများအဖို့ အနည်းငယ် ခက်ခဲပါလိမ့်မည်။ အောက်ဖော်ပြပါ အချက်များ လိုက်နာခြင်းဖြင့် အနည်းငယ် သက်သာစေနိုင်ပါသည်။

    နှိုးစက် နှစ်လုံးထားပါ

    ပထမအဆင့်တွင် အိပ်ရာထရန် ခက်ခဲပါလိမ့်သည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ရန် သေချာပြီဆိုလျှင် နှိုးစက်နှစ်လုံးကို အိပ်ရာနှင့် ဝေးဝေးထားပါ။ ပထမတစ်ခုမှာ မိနစ်အနည်းငယ် ထပ်၍ နေလို့ရသည်ဟု အချက်ပေးသည်ဖြစ်ပြီး ဒုတိယ တစ်လုံးမှာ ထရန် အချက်ပေးခြင်း ဖြစ်ပါသည်။

    အစားအသောက် မှန်ပါစေ

    လေ့ကျင့်ခန်းလုပ်လျှင် ရေကို လုံလောက်စွာ သောက်သုံးခြင်းသည် အရေးကြီးသောအချက် ဖြစ်ပါသည်။ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ၊ ချောကလက်၊ အရက်သောက်သုံးခြင်း တို့သည် ကိုယ်ခန္ဓါအတွက် မကောင်း ဆိုသောအချက်ကို သိထားသင့်ပါသည်။ လေ့ကျင့်ခန်း မလုပ်မီ ထမင်း၊ ဟင်း မစားပါနှင့်။ သရေစာကို အနည်းငယ် လက်ခံနိုင်ပါသည်။

    လေ့ကျင့်ခန်း မလုပ်မီ တစ်နာရီအလိုတွင် စားထားရပါမည်။ ထိုမှသာ လေ့ကျင့်ခန်း လုပ်လျှင် အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ပန်းသီး၊ မြေပဲယိုစသည့် သရေစာများ လေ့ကျင့်ခန်း မလုပ်မီ စားထားပါက အင်အားကို ဖြစ်စေနိုင်ပါသည်။

    အာဟာရမျှတစွာ စားသုံးခြင်းသည် အလွန် အရေးကြီးပါသည်။ လေ့ကျင့်ခန်း များများလုပ်ပြီး အစားပုံမှန် စားခြင်းဖြင့် ကိုယ်အလေးချိန် ကျဆင်းအောင် ပြုလုပ်ပေးပါသည်။ ညအိပ်ရာ မဝင်ခင် နံနက်စာအတွက် ကြိုတင်ပြင်ဆင်ထားပြီး နံနက်ကျမှ မိုက်ခရိုဝေ့ဗ်နှင့် နွှေး၍ စားသုံးနိုင်ပါသည်။

    ထိုသို့ ပြုလုပ်ခြင်းဖြင့် လေ့ကျင့်ခန်း ပြုလုပ်မှုကို ပို၍ထိရောက်နိုင်ပါသည်။ လေ့ကျင့်ခန်း ပြုလုပ်ပြီးလျှင်လည်း နံနက်စာကောင်းကောင်း စားခြင်းသည်လည်း ကောင်းမွန်သော လုပ်ဆောင်ချက် ဖြစ်ပါသည်။

    မိမိနှစ်သက်ရာ အလုပ်ကို ရွေးချယ်ပါ

    မိမိနှစ်သက်ရာ အလုပ်ကို ရွေးချယ်ပါ။ ယောဂ၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ တခြားသော ကျန်းမာရေး လိုက်စားမှု တစ်ခုခု ပြုလုပ်ခြင်းသည်လည်း မိမိ၏ ရည်မှန်းချက် ဖြစ်ပေါ်နိုင်ပါသည်။ ခဏအနားယူပြီး လမ်းလျှောက်ပါ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းကို ရှေးဦးစွာ ပြုလုပ်ပြီး တစ်ဖြည်းဖြည်း တိုးမြှင့်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်နိုင်ပါသည်။

    မိမိ၏ သက်လုံကောင်းလျှင် ပြိုင်ပွဲများပင် ပါဝင်နိုင်ပါသည်။ ပြိုင်ပွဲဝင်ခြင်းသည် တခြားသော အားကစားသမားများ၊ နည်းပြများကို HIV ရောဂါပိုး မကူးစက်နိုင်ပါ။

    အလွန်အကျွံ မပြုလုပ်ပါနှင့်။

    လေ့ကျင့်ခန်း အသင့်အတင့် ပြုလုပ်ခြင်းသည်လည်း ခန္ဓါကိုယ်အတွက် ကောင်းပြီး ကျန်းမာရေးကိုလည်း တိုးမြှင့်ပေးပါသည်။ အစပိုင်းတွင် ဖြည်းဖြည်းမှန်မှန် လုပ်ပြီး အချိန်ဇယားတစ်ခု ချထားပါ။ အလွန်အကျွံ ပြုလုပ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။

    တစ်နေ့ အနည်းဆုံး ၂၀ မိနစ်ပြုလုပ်ပြီး တစ်ပတ်တွင် အနည်းဆုံး ၃ ကြိမ် ပြုလုပ်ပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကြီးမားသော ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ပါသည်။ မိမိ၏ ခွန်အားနှင့် အားအင် တိုးမြင့်လာလျှင် ၄၅ မိနစ်မှ ၁ နာရီကြာ တစ်ပတ်သုံးကြိမ်မှ လေးကြိမ်အထိ လေ့ကျင့်ခန်း ပြုလုပ်နှုန်း တိုးမြှင့်ပါ။

    လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည်လည်း ကုသမှုတစ်ခု ဖြစ်ပါသည်။ ခုခံအားကိုလည်း တိုးမြင့်စေပါသည်။ တခြား ဆေးများထက်ပင် ပို၍ ထိရောက်နိုင်ပါသည်။ အကောင်းမြင်စိတ်ကိုလည်း တိုးမြှင့်နိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ရန် အစီအစဉ် ဆွဲထားသင့်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement