backup og meta

HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 09/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက်

    HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက် ကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။ HIV ပိုးဟာ သုက်ရည်၊ မိန်းမကိုယ်မှထွက်တဲ့အရည်နဲ့ သွေးမှတစ်ဆင့်အများဆုံး ကူးစက်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေမှာဆိုရင် ဖြစ်ပွားသူလူနာ ၈ယောက်မှာ ၁ယောက်ဟာ သူကူးစက်ပုံကို သတိမထားမိကြပါဘူး။

    ဒါ့အပြင် HIV ပိုးဟာ ကုသလို့ အပြီးမပျောက်ဘဲ virus မပြန့်ဖို့နဲ့ အသက်ရှည်အောင်သာ ထိန်းလို့ရတဲ့ရောဂါဖြစ်ကြောင်း သင်သိဖို့လိုပါတယ်။ ဒါကြောင့် သင် HIV ပိုးအကြောင်းကို သိပြီး အမြန်ဆုံးကုသမှုခံယူရန်လိုအပ်ပါတယ်။ အခုဖော်ပြမှာတွေကတော့ HIV ရှိသူလူနာတွေ အစပိုင်းမှာခံစားရတဲ့ တူညီတဲ့ လက္ခဏာ ( ၁၀)ချက်ဖြစ်ပါတယ်။

    HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက်

    HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက် ကတော့

    • မူးဝေ၊ အော့အန်ခြင်း

    ဒီ၂ ချက်ကတော့ HIV ရဲ့ အဖြစ်များဆုံးလက္ခဏာဖြစ်ပါတယ်။ ဘာလို့ဆိုတော့ HIV ဗိုင်းရပ်စ်ဟာ ရောဂါပိုးတွေကို တိုက်ခိုက်နိုင်တဲ့ ခန္ဓာကိုယ်က သွေးဖြူဥတွေကို ဖျက်ဆီးပစ်တဲ့ အတွက် လူ့ခန္ဓာကိုယ်ဟာ ရောဂါပိုဖြစ်လာပါတယ်။ ဆိုလိုတာက သင်အန်ချင်နေပြီဆိုတာ ဗိုင်းရပ်စ်ပြသနာကြောင့်ပါ။ မူးဝေအော့အန်တာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပေမယ့် HIV ဖြစ်နိုင်ခြေ ရှိမယ်ဆိုရင် သတိပြုပြီးဆရာဝန်နဲ့ ပြသပါ။

    • အဖျား

    အဖျားရက်ရှည်တာဟာ HIV ရဲ့ လက္ခဏာတစ်ခုပါ။ မူးဝေအော့အန်ခြင်းနဲ့အတူ အဖျားဟာလည်း သင့်ကိုယ်ကို virus တိုက်ခိုက်မှုရှိနေပြီဆိုတာ သတိပေးနိုင်ပါတယ်။ HIV အစပျိုးချိန်မှာ အဖျားရောဂါဟာ ခဏခဏဖြစ်တတ်ပြီး သာမန်ထက် ၂ပတ်၊ ၄ပတ်လောက်ပိုကြာတတ်ပါတယ်။

    • ညချိန်ချွေးထွက်ခြင်း

    သင်HIV ခံစားရပြီဆိုရင် အဖျားနဲ့အတူ ညဘက်ချွေးထွက်ခြင်းပါ ဖြစ်တတ်ပါတယ်။ ဒီချွေးထွက်ခြင်းဟာ အလွန်ဆိုးတဲ့အတွက် ညဝတ်အင်္ကျီ၊ စောင်နဲ့ အိပ်ရာခင်းတွေမှာ စိုနေတတ်တာကြောင့် သင်နိုးလာတတ်ပါတယ်။ ဒီလိုလက္ခဏာတွေ တွဲဖြစ်လာပြီဆိုရင် ဆရာဝန်နှင့်ပြသပါ။

    • ဝမ်းလျှောခြင်း

    HIV ကြောင့် ကိုယ်ခံအားစနစ် ပျက်စီးသွားတဲ့အတွက် ဗိုင်းရပ်စ်၊ မှို ဒါမှမဟုတ် ဘက်တီးရီးယားတွေက အစာခြေမှုစနစ်ကို တိုက်ခိုက်တာကို သင်ခံစားရပါမယ်။

    • အလွန်အမင်းခေါင်းကိုက်ခြင်း

    ၂၀၀၀ ပြည့်နှစ်က ဂျာနယ်တစ်စောင်မှာပါတဲ့ သုတေသနအရ HIV ပိုးရှိသူ လူနာ ၁၃၁ ယောက်မှာ ၄၆ % ကပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာရှိပြီး ၁၆% ကခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရပါတယ်။ ကျန်လူတွေကတော့ ခေါင်းကိုက်မှု တစ်ခုခုရှိနေပါတယ်။ HIV ရဲ့ အဆင့်တိုင်းမှာ ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာခံစားရပြီး အလွန်ပင်ပန်းပါတယ်။

    • ချောင်းဆိုးခြင်း

    ချောင်းဆိုးခြင်းကို အအေးမိ၊ တုပ်ကွေးလို့ ယူဆတဲ့အတွက် လူနာတွေက လျစ်လျူ ရှုထားတတ်ကြပါတယ်။ ဒါပေမယ့် ချောင်းဆိုးခြင်းဟာ အဖျားနဲ့ ညဘက်ချွေးထွက်ခြင်းတို့ စဖြစ်ချိန်နဲ့ တူပါတယ်။

    • ကြွက်သားနဲ့ အဆစ်များနာကျင်ခြင်း

    ၂၀၀၂ ခုနှစ်က The American Academy of Orthopedic Surgeons ဂျာနယ်မှာ ပါဝင်တဲ့ သတင်းပို့ချက်အရ HIV ဦးဆုံးလက္ခဏာတွေထဲက တစ်ခုပါ။ ကြွက်သားနဲ့ အဆစ်များနာကျင်တာက အခြားရောဂါကြောင့်လို့ သင်ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမယ့် သင်အခြားလက္ခဏာတွေပါပြနေရင် ကြွက်သား နာကျင်ခြင်းက HIV ဖြစ်နိုင်ဖို့ အလားအလာပါ။

    • ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း

    ပြန်ရည်ကျိတ်များကို ပေါင်ခြံ၊ ချိုင်းနဲ့ လည်ပင်းတို့မှာ တွေ့ရပြီး ဒါတွေက ခုခံအားစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ HIV ဟာ ဒီစနစ်ကို အားလျော့စေပြီး ပြန်ရည်ကျိတ်များကို ရောင်စေပါတယ်။ ဒါတွေဟာ နာနေ၊ ရောင်နေပြီး ၂ပတ်ထက်လည်းပိုကြာနေမယ်ဆိုရင်တော့ ဆရာဝန်ခေါ်ဖို့ မတွန့်ဆုတ်ပါနဲ့။

    • မောပန်းခြင်း

    မောပန်းခြင်းဟာ အခြားအကြောင်းတွေကြောင့် ဖြစ်နိုင်သလို HIV ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ အနေအထားနဲ့ အခြားလက္ခဏာတွေပါ တွဲလာမယ်ဆိုရင် သတိပြုသင့်ပါတယ်။

    • Seborrheic Dermatitis

    Seborrheic Dermatitis ဆိုတာ HIV မှာ တွေ့ရတတ်တဲ့ အရေပြားပြဿနာပါ။ အရေပြားမှာ အနီရောင် ထိခိုက်တတ် ယားတတ် ရောင်ယမ်းတတ်တဲ့ အစက်အကွက်တွေပေါ်လာပြီး ခန္ဓာကိုယ်ရဲ့ ခေါင်း၊ မျက်နှာ၊ ရင်ဘတ်၊ ပေါင်ခြံနဲ့ ကျောမှာ တွေ့ရတတ်ပါတယ်။

    အမှာစကား

    ဒီလက္ခဏာတွေ ရှိတိုင်း HIV ရှိတယ်လို့ တထစ်ချပြောလို့ မရပါဘူး။ ဒါပေမယ့် လက္ခဏာ တော်တော်များများ ရှိနေတယ်။ ကိုယ်ကလည်း ကူးနိုင်ခြေရှိတဲ့ အပြုအမူတွေ လုပ်ထားတယ်ဆိုရင် ဆေးစစ်ကြည့်တာ အကောင်းဆုံးပါ။
    နေ့စဉ်အလုပ်တွေဖြစ်တဲ့ သဘက်တူတူသူံးတာ ပွေ့ဖက်တာတွေဟာ ရောဂါမကူးစေနိုင်ပါဘူး။ သင်ဟာ အန္တရာယ် ရှိတဲ့ အလေ့အထတွေ လုပ်မှသာ ကူးနိုင်မှာပါ။ ဒါကြောင့် လိင်ဆက်ဆံစဉ်မှာ သတိရှိဖို့နဲ့ အပ်တွေ မျှဝေသုံးစွဲတာကိုလုံးဝမလုပ်ဖို့ သတိထားပြီး HIV ကိုကာကွယ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 09/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement