backup og meta

HIV ကိုဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ကိုဘယ်လိုကာကွယ်မလဲ

    HIV/AIDS ရောဂါဟာ အရမ်းကိုအန္တရာယ်များပြီး ကူးစက်ခံရတဲ့လူကိုသေစေနိုင်ပါတယ်။ ဒီတော့ HIV ကူးစက်မခံရအောင် ဘယ်လိုကာကွယ်နိုင်မလဲ။

    HIV က လူလူချင်း ဘယ်လိုကူးစက်နိုင်သလဲ

    HIV က လူလူချင်းကူးစက်နိုင်တဲ့ သိသာထင်ရှားတဲ့ အကြောင်းရင်းတစ်ခုကတော့ ကာယကံရှင်က HIV ပိုးရှိသူတစ်ဦးနဲ့ လိင်ဆက်ဆံခြင်း ဒါမှမဟုတ် ဆေးထိုးအပ်တစ်ခုတည်းကို မျှဝေသုံးစွဲခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။

    ဒါ့အပြင် HIV/AIDS ရောဂါရှိတဲ့အမျိုးသမီးတစ်ဦးက ကိုယ်ဝန်ဆောင်စဉ်အတွင်း၊ ဒါမှမဟုတ် ကလေးမွေးဖွားစဉ် ဒါမှမဟုတ် နို့တိုက်ကျွေးစဉ် အတွင်း ကလေးဆီကို HIV ပိုးကူးစက်ရရှိနိုင်ပါတယ်။ ဒီကူးစက်မှုမျိုးကို မိခင်မှကလေး HIV ကူးစက်ပြန့်ပွား မှုလို့ ခေါ်ပါတယ်။

    အရင်ကတော့ HIV ရှိသူအလှူရှင်တစ်ဦးဆီက သွေးသွင်းမိရင်၊ ကိုယ်တွင်းအင်္ဂါ ဒါမှမဟုတ် တစ်ရှူး အစားထိုးကုသမိရင် HIV ကူးစက်ရရှိနိုင်ပါတယ်။ အခုခေတ်မှာတော့ သွေးသွင်းခြင်းနဲ့ အစားထိုးကုသမှု တွေ မလုပ်ခင်မှာ စည်းကမ်းတင်းကျပ်မှု၊ ကြိုတင်စစ်ဆေးမှုတွေလုပ်နေပြီဖြစ်တာကြောင့် အထက်ပါခွဲစိတ်မှုတွေကတဆင့် HIV ကူးစက်ခံရနိုင်တဲ့အန္တရာယ်က လျော့နည်းလာပြီ ဖြစ်ပါတယ်။HIV က ကူးစက်လွယ်တယ်ဆိုပေမယ့် ရောဂါပိုးရှိသူနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ၊ တံခါးလက်ကိုင်၊ ဘိုထိုင်အိမ်သာခွက်နဲ့ ဇွန်းပန်းကန်တွေ အတူမျှဝေသုံး တာတွေနဲ့တော့ မကူးစက်နိုင်ပါဘူး။

    HIV ကူးစက်ခံရနိုင်တဲ့အန္တရာယ်နည်းအောင် ဘာလုပ်ရမလဲ

    လူတိုင်းမှာ ရောဂါကူးစက်ခံရနိုင်ခြေရှိတယ်ဆိုပေမယ့် အောက်ပါနည်းလမ်းတွေသုံးပြီး ကြိုတင်ကာကွယ် နိုင်ပါတယ် –

  • ကိုယ်နဲ့ကိုယ့်အတူနေချစ်သူမှာ HIV ရှိမရှိ သိအောင်လုပ်ပါ။ ကိုယ့်ရဲ့အတူနေချစ်သူ/အိမ်ထောင်ဘက်ကို HIV စစ်ဆေးဖို့နားချပြီး ရလဒ်ကိုကြည့်ပါ။
  • အကာအကွယ်မဲ့လိင်ဆက်ဆံမှုကို တတ်နိုင်သမျှရှောင်ပါ။ HIV ပိုးရှိသူနဲ့ လိင်ဆက်ဆံ ခြင်းက အရမ်းကိုအန္တရာယ်များလွန်းတယ် ဆိုပေမယ့် ပါးစပ်မှလိင်ဆက်ဆံခြင်းက လိင်အင်္ဂါ သို့မဟုတ် စအိုတို့မှ ဆက်ဆံခြင်းထက် အန္တရာယ်ပိုနည်းပါတယ်။ တကယ်တော့ စအိုမှ လိင်ဆက်ဆံခြင်းက အန္တရာယ်အများဆုံး နည်းလမ်းဖြစ်ပါတယ်။
  • သင်နဲ့သင့်အဖော် ဘေးကင်းဖို့အတွက်က လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးသုံးပေးပါ။ စအိုပဲဖြစ်ဖြစ်၊ပါးစပ် သို့မဟုတ် လိင်အင်္ဂါကပဲ ဖြစ်ဖြစ် ဘယ်တော့မဆို ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံတဲ့အဖော် အရေအတွက်ကို ကန့်သတ်ပါ။ လိင်ဆက်ဆံတဲ့အဖော်များလေ သင့်မှာ HIV ကူးစက်ခံရနိုင်ခြေများလေ ဒါမှမဟုတ် လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါအမျိုးစုံကူးစက်ခံရနိုင်ခြေများလေ ဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်စလုံးက HIV ကူးစက်ခံရနိုင်စေတတ်ပါတယ်။ သင့်မှာ ယုံကြည်ရပြီး HIV မရှိကြောင်းအတည်ပြုပြီး သား လိင်ဆက်ဆံဖော် တစ်ဦးမကရှိနေပါက ဆေးရုံဆေးခန်းမှာ ပုံမှန်ဆေးစစ်ပါ။ ကိုယ့်မှာ HIV ရှိမရှိ စောစောစစ်ဆေးလေ ကုထုံးတွေရဲ့ အကျိုးကျေးဇူးကြောင့် အသက်ရှည်နိုင်မယ့်အခွင့်အလမ်း ပိုများလာလေဖြစ်မှာပါ။ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေရှိမရှိ ဆေးစစ်ပြီး ကုသမှုခံယူပါ။ ဒီရောဂါတွေရှိနေ ပြီဆိုရင် သင့်မှာ HIV ကူးစက်ခံရနိုင်တဲ့ အခွင့်အလမ်း ပိုများနေပြီဖြစ်တာကြောင့် သင်နဲ့ သင့်အဖော်နှစ်ဦးစလုံး စစ်ဆေးသင့် ပြီး ကုသမှုခံယူသင့်ပါတယ်။
  • မူးယစ်ဆေးဝါးမသုံးပါနဲ့။ ရောဂါတချို့အတွက် မူးယစ်ဆေးသုံးရဖို့လိုအပ်နေတယ်ဆိုရင် ကျွမ်းကျင်ဆရာဝန်တွေက အတည်ပြုထောက်ခံချက်ပေးတဲ့ လတ်ဆတ်တဲ့ ဆေးအသစ်ကိုသုံးပါ။

    HIV/AIDS ကအရမ်းကိုအန္တရာယ်များပြီး ကူးစက်လွယ်တာကြောင့် ကျန်ရှိတဲ့ဘဝသက်တမ်းမှာ နောင်တမရရအောင် ကိုယ့်ဘဝကို တာဝန်သိသိ ဖြတ်သန်းပါ။ ကိုယ့်မှာ ကူးစက်ခံရပြီလို့ သံသယရှိလာ ရင် ဆေးရုံကိုချက်ချင်းသွားရောက်ပြီး ရောဂါရှာဖွေပြီး ကုသမှုခံယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement