backup og meta

HIVရောဂါအကြောင်း မှားယွင်းယုံကြည်ချက်များကိုရှင်းလင်းပြောပြခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIVရောဂါအကြောင်း မှားယွင်းယုံကြည်ချက်များကိုရှင်းလင်းပြောပြခြင်း

    HIV ရောဂါကြောင့် သေဆုံးသူဦးရေဟာ ယခုလက်ရှိအချိန်မှာ ခန့်မှန်းခြေ ၃၉ မီလီယံ ရှိနေပြီဖြစ်တဲ့အတွက် အချိန်ကြာလာတာနှင့်အမျှ ကမ္ဘာတစ်ဝန်းလုံးမှာ အဖြစ်အများဆုံး ရောဂါတစ်ခုလို့ ဆိုနိုင်ပါတယ်။ သို့သော် လူအများဟာ ၎င်းရောဂါကြောင့် ဖျားနာတဲ့အခါ ကူးစက်ခံရတဲ့ အဓိကအကြောင်းအရင်းများကို နားမလည်ခြင်း၊ ခန္ဓါကိုယ်ကိုဘယ်လိုဒုက္ခပေးတယ်၊ ကူးစက်လာတဲ့အခါ ဘယ်လိုတွေ တွေ့ရတယ် စတာတွေကို ယခုထိ နားမလည်နိုင်ကြသေးပါဘူး။ ယခု ဆောင်းပါးကနေ သင် သို့မဟုတ် လူအများကို HIV ရောဂါအကြောင်း အမှတ်မှားနေကြသည်များကို ဖွင့်ဟပြောပြပြီး ကူညီနိုင်ပါလိမ့်မယ်။ လူအများ၏ ယုံမှားသံသယများကိုလည်း ဖြေရှင်းရန် ကူညီပေးနိုင်ပါတယ်။

    လွဲမှားယုံကြည်ခြင်း နံပါတ်(၁) – လူအများဟာ တက်တူးထိုးခြင်းသို့မဟုတ် ခန္ဓါကိုယ်အရေပြားကို တစ်စုံတစ်ခုဖြင့် ဖောက်ခြင်း စတာတွေကနေ HIVပိုး မကူးစက်နိုင်ဘူးလို့ ယုံကြည်နေကြပါတယ်။

    သင်ဟာ HIVပိုးရှိသူ တစ်စုံတစ်ဦးနှင့် အပ်ကို မျှဝေသုံးစွဲမိပါက အန္တရာယ် ရှိပါတယ်။ ဒါကြောင့် တက်တူးထိုးခြင်း သို့မဟုတ် ခန္ဓါကိုယ်အရေပြားကို ဖောက်ခြင်းစတာတွေ လုပ်တဲ့အခါ သေချာပိုးသတ်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင်တော့ အန္တရာယ် ကင်းနိုင်ပါတယ်။ အရေပြားကို တစ်ခါလှီးထားဖူးတဲ့ ပစ္စည်းတွေကို သုံးပြီးတဲ့အခါ စနစ်တကျ လွှင့်ပစ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ သို့မဟုတ်လည်း ၎င်းသုံးပြီးသားပစ္စည်းတွေကို စနစ်တကျ ကိုင်တွယ်သင့်ပါတယ်။ သင်ဟာ တက်တူးထိုးဖို့ ဆုံးဖြတ်ချက်မချခင်မှာ တက်တူးထိုးရာမှာ သုံးတဲ့ပစ္စည်းတွေကို သေချာပိုးသတ်ပြီး သုံးတဲ့ဆိုင်ကိုသာ ရှာဖွေ၍ သွားရောက်သင့်ပါတယ်။ သင် သတိထားရမှာကတော့ HIV ရှိတဲ့လူတစ်ယောက်ရဲ့ သွေး သို့မဟုတ် ခန္ဓါကိုယ် အရည်တစ်ခုခုဟာ ပစ္စည်းတစ်ခုခုရဲ့ မျက်နှာပြင်မှာ တင်နေမယ်ဆိုရင် ၎င်းပစ္စည်းကို သင်ပြန်သုံးတဲ့အခါ HIV ဗိုင်းရပ်စ် ပိုး ကူးစက်နိုင်ပါတယ်။

    ယုံမှားသံသယဖြစ်ခြင်း နံပါတ် (၂) – သင်ဟာHIV ရောဂါပိုးရှိသူနှင့် ပါးစပ်အားဖြင့် လိင်ဆက်ဆံမိတဲ့အခါ HIV ပိုးမကူးစက်ဘူးလို့ ပြောခြင်းသည် မှားယွင်းပါတယ်။

    HIV ရောဂါပိုးဟာ အရေပြားကွဲရှ၊ ပွင့်နေတဲ့ ဒဏ်ရာအနာတရတွေမှတစ်ဆင့် သို့မဟုတ် သွေးမှတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာ အမြဲသတိရပါ။ HIV လူနာဟာ သူ့ရဲ့ခံတွင်းထဲမှာ ပွန်းပဲ့ရာရှိနေပြီး အခြား HIV ပိုးရှိသူနဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံမိတဲ့အခါ HIV လူနာရဲ့ ခန္ဓါကိုယ်အရည်တွေက ဆက်ဆံဖော် ရဲ့ပါးစပ်ထဲမှာ ပျံ့ဝင်သွားပြီး HIV ကူးစက်ခြင်း ဖြစ်စေနိုင်ပါတယ်။ နှစ်ဦးစလုံးဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ dental dam ဟုခေါ်သော (ပါးစပ်နှင့် မိန်းမကိုယ် သို့မဟုတ် စအိုကြားတွင်သုံးသော latex သို့မဟုတ် polyurethane နဲ့ ပြုလုပ်ထားသော အကာအကွယ်ပစ္စည်း အချက်ပြား) သို့မဟုတ် ကွန်ဒုံးစတဲ့ အကာအကွယ်ပစ္စည်းများကို သုံးပြီးပိုးပျံ့နှံ့ မှု မြင့်မားနိုင်ချေကို လျှော့ချရန် ကူညီပေးနိုင်ပါတယ်။

    ယုံမှားသံသယဖြစ်ခြင်း နံပါတ် (၃) – HIV ရောဂါဟာAIDSရောဂါနှင့် အတူတူပဲလို့ မှားယွင်းယုံကြည်နေကြပါတယ်။

    HIVပိုးဟာ AIDSရောဂါ ကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။ သို့သော် HIV ရောဂါပိုး ရှိသူတိုင်းဟာ AIDS ရောဂါဖြစ်ရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ AIDS ရောဂါဆိုတာ ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ဆိုးရွားစွာ ပျက်စီးသော အချိန်မှာ နောက်ဆုံးအဆင့် ရောဂါဖြစ်ခြင်းကို ခေါ်ပါတယ်။ HIV ရောဂါပိုး ရှိတဲ့ လူနာတွေဟာ မှန်ကန်တဲ့ ကုသမှုရမယ်ဆိုရင် AIDS ရောဂါ မဖြစ်နိုင်ပါဘူး။ HIVရောဂါပိုး အဆင့်ကို AIDS ရောဂါ အဆင့်သို့မတိုးတက်လာအောင် ထိန်းသိမ်းထားနိုင်ပါတယ်။

    ယုံမှားသံသယ ဖြစ်ခြင်း နံပါတ် (၄) – ခြင်များမှ တစ်ဆင့် HIV ရောဂါပိုး ကူးစက်နိုင်တယ်လို့ မှားယွင်း ယုံကြည်နေကြပါတယ်။

    ခင်များဟာ ငှက်ဖျားပိုး အစရှိတဲ့ ရောဂါပိုးတွေကို လူများသို့ ကူးစက်ပျံ့နှံ့စေနိုင်ပါတယ်။ သို့သော် HIV ရောဂါပိုးကိုတော့ မကူးစက်စေနိုင်ပါဘူး။ လေ့လာစမ်းသပ်မှုများအရ ခြင်များဟာ HIV ဗိုင်းရပ်စ်ပိုးကို မကူးစက်စေနိုင်ပါဘူး။ တကယ်လို့ ခြင်တွေဟာ HIV ရောဂါပိုး ကူးစက်စေနိုင်တယ်ဆိုရင် ဘယ်သူမဆို HIVရောဂါပိုး ကူးစက်ခြင်း ခံနေရမှာပါ။ ဒါဟာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင်ဟာခြင်ကိုက်ခံရပြီ ဆိုရင် အရမ်းမစိုးရိမ်သင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ HIV virus ပိုးခန္ဓါကိုယ်ထဲ ဝင်လာနိုင်မှာမဟုတ်လို့ပါ။

    ယုံမှားသံသယဖြစ်ခြင်း နံပါတ်(၅) – HIV ရောဂါပိုးဟာ နမ်းခြင်းမှ တစ်ဆင့် ကူးစက်နိုင်ပါတယ်လို့ မှားယွင်းယုံကြည်နေကြပါတယ်။

    HIVရောဂါပိုး မကူးစက်နိုင်တဲ့ ခန္ဓါကိုယ်ထဲမှ အရည်တစ်ချို့ရှိပါတယ်။ ၎င်းတို့ကတော့ တံတွေး၊ ဝမ်းနှင့် ချွေး၊ ဆီးစတာတွေပဲဖြစ်ပါတယ်။ နည်းစနစ်တကျ တွေးကြည့်မယ်ဆိုရင် နမ်းရှုပ်ခြင်းဟာ ခန္ဓါကိုယ်အရည်များကို ဖလှယ်နိုင်တယ်လို့ ခံစားလို့ရပါတယ်။ အကယ်၍ တံတွေးအချင်းချင်း ဖလှယ်ခြင်းသာဆိုလျှင် ၎င်းဟာ အန္တရာယ်ကင်းပါတယ်။ သို့သော် သင်သတိထားရမှာကတော့ နမ်းရှုပ်ခြင်းဟာ HIVရောဂါပိုး ကူးစက်နိုင်ခြေနည်းတယ် ဆိုပေမယ့်လည်း သင့်ခံတွင်းမှာ အနာတစ်ခုခုဖြစ်နေမယ်ဆိုရင် သင်ဟာလုံးဝ ဂရုစိုက်သင့်ပါတယ်။

    HIV ရောဂါပိုးနှင့် ပတ်သက်၍ယခုကဲ့သို့ ယုံမှားသံသယဖြစ်ခြင်းနှင့် မှားယွင်းယုံကြည်မိခြင်းဟာ ရောဂါကပေးသော ဖျားနာခြင်း ထက်စာလျှင် ပိုပြီး အန္တရာယ်ရှိပါတယ်။ HIV ရောဂါပိုးအကြောင်းကို အမှန်တကယ် သိမြင်နားလည်ဖို့ရာ အလွန်အရေးကြီးပြီး သင့်ကိုယ်သင်နှင့် သင့်ပတ်ဝန်းကျင်မှလူများကို HIV ရောဂါပိုးမှ ကာကွယ်နိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement