backup og meta

ဆယ်ကျော်သက်အရွယ် လူငယ်တွေ HIV ရောဂါပိုး နဲ့ ပတ်သက်ပြီး ဘာတွေသိဖို့ လိုအပ်သလဲ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Khin Yin Kyay မှ ရေးသားသည်။ · 25/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်အရွယ် လူငယ်တွေ HIV ရောဂါပိုး နဲ့ ပတ်သက်ပြီး ဘာတွေသိဖို့ လိုအပ်သလဲ။

    HIV ပိုးရှိသူတွေမှာ ဆယ်ကျော်သက်ဦးရေ ပိုပိုပြီးများပြားလာပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဆယ်ကျော်သက်တွေဟာ HIV ရောဂါပိုးကို ဘယ်လိုကာကွယ်ရမယ်ဆိုတာမသိခဲ့ရင် သူတို့ဟာလည်း ရောဂါပိုးကူးစက်ခြင်းခံရနိုင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် လူငယ်လူရွယ်တွေမှာ HIV ရောဂါပိုးနှင့်ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေကို ပေးနိုင်ဖို့ရာအတွက် အရမ်းအရေးကြီးပါတယ်။ သို့မှသာ သူတို့ကိုယ်တိုင် တစ်ကမ္ဘာလုံးပျံ့နှံ့ နေတဲ့ ရောဂါဆိုးကြီးကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

    HIVဆိုတာဘာလဲ။

    ဆယ်ကျော်သက်လူငယ်အရွယ်တွေ အရင်ဆုံးသိရမယ့် အကြောင်းအရာကတော့ HIVဆိုတာ ဘာလဲဆိုတာပဲ ဖြစ်ပါတယ်။ HIV ရောဂါဆိုတာ လူသားများရဲ့ ခုခံအားစနစ် ကိုကျဆင်းစေတဲ့ ဗိုင်းရပ်စ်ရောဂါ ပိုးဖြစ်ပြီး ၎င်းရောဂါပိုးဟာ လူရဲ့ ခုခံအားစနစ် ကို အားနည်းယုတ်လျော့လာအောင် လုပ်ပါတယ်။ ၎င်းရောဂါပိုး ဝင်လာတဲ့အခါ ခန္ဓါကိုယ်မှ ခုခံ တိုက်ခိုက်တဲ့ အရေးကြီးတဲ့ဆဲလ် တွေကို ဖျက်ဆီးပစ်ပါတယ်။ အဲဒီနောက် HIV ရောဂါပိုးဟာ AIDS ရောဂါကို ဖြစ်စေပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ AIDS ရောဂါ ရနေပြီဆိုရင် သူတို့ရဲ့ ခန္ဓါကိုယ်မှာပိုးဝင်တဲ့အခါခုခံ တိုက်ခိုက်ဖို့ရန်အတွက် ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါနှင့် တွေ့တဲ့အခါ ခုခံအားစနစ်က သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းတွေ မရှိတော့လို့ ဖြစ်ပါတယ်။ တကယ်တော့HIV ရောဂါ ကိုပျောက်ကင်းအောင် ကုသဖို့ရာ အသုံးဝင်တဲ့ နည်းလမ်းမရှိပါဘူး။ သို့သော် သေချာကုသမယ်ဆိုရင်တော့ HIV ရောဂါကိုထိန်းချုပ် စီမံနိုင်ပါတယ်။

    HIV ရောဂါ ဘယ်လိုကူးစက်သလဲ။

    တကယ်လို့ ဆယ်ကျော်သက်အရွယ် လူငယ်တွေဟာ လူတစ်ဦး မှ တစ်ဦးကို HIVရောဂါပိုး ဘယ်လိုကူးစက်နိုင်သလဲ ဆိုတာ မသိခဲ့ရင် ၎င်းရောဂါကို တားဆီးနိုင်ဖို့ရာ မဖြစ်နိုင်ပါဘူး။ HIV ရောဂါပိုးရှိသော လူရဲ့ ခန္ဓါကိုယ်ထဲမှ ဘယ်လိုအရည်မဆို အခြားသူရဲ့ ခန္ဓါကိုယ်ထဲ ဝင်လာတဲ့အခါ HIV ရောဂါပိုး ကူးစက်စေပါတယ်။

    ၎င်းဟာHIV ပိုးကူးစက်စေနိုင်တဲ့ နည်းလမ်းများသာဖြစ်ပါတယ်။ ရောဂါပိုး၏ ဘယ်အဆင့်တွင်ရှိသူမဆို ရောဂါပိုးကူးစက်ခြင်း ဖြစ်စေနိုင်ပါတယ်။ ခန္ဓါကိုယ်တွင်းမှ အရည်အချို့ဆိုတာ သွေး၊သုက်ရည်၊ စအိုမှထွက်သောအရည်၊ မိန်းမကိုယ်မှထွက်သောအရည်နှင့် မိခင်နို့ စတာတွေကိုခေါ် ပါတယ်။

    HIV ရောဂါပိုးဟာ လိင်မှတစ်ဆင့် အများဆုံးကူးစက်ပါတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်တွေဟာ HIV ရောဂါပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါ နှစ်ယောက်စလုံးရဲ့ ခန္ဓါကိုယ်အရည်တွေဟာရောသွားပြီး အထူးသဖြင့် မိန်းမကိုယ်ထဲကို သို့မဟုတ် စအိုတစ်ရှူးတွေမှာ ပြဲနေတဲ့နေရာရှိရင် ထိုနေရာတွေကနေ ဗိုင်းရပ်စ်ပိုးဟာ ဝင်သွားကြပါတယ်။ အနာဒဏ်ရာရှိတဲ့နေရာတွေမှာလည်း ဗိုင်းရပ်စ်ပိုးဟာ ဝင်နိုင်ကြပြီး တစ်ခြားသောလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေလည်းဝင်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေးတွေဟာ သူတို့ရဲ့ခန္ဓါကိုယ်ဖွဲ့စည်းမှုပုံစံကြောင့် HIV ရောဂါပိုးကူးစက်နိုင်ခြေပိုများပါတယ်။ ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေးတွေဟာ အရွယ်ရောက်ပြီးသော အမျိုးသမီးများ ထက်စာလျှင် ၎င်းတို့ရဲ့ မိန်းမကိုယ်အမြှေးပါးဟာ ပိုပါးပြီး ရောဂါပိုးပိုဝင်လွယ်ပါတယ်။

    ယေဘုယျ အားဖြင့် HIV ရောဂါပိုးဟာ HIV ပိုးရှိသူနှင့် စအိုအားဖြင့် သို့မဟုတ် မိန်းမကိုယ်အားဖြင့် လိင်ဆက်ဆံမိတဲ့အခါ၊ ကွန်ဒုံးမသုံးမိတဲ့အခါ၊ HIVရောဂါပိုးကို ကာကွယ်ရန် သို့မဟုတ် ကုသရန် ဆေးမသောက်မိတဲ့အခါ သို့မဟုတ် HIVရောဂါပိုးရှိသူ အသုံးပြုတဲ့အပ် သို့မဟုတ် ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲမိတဲ့အခါ ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်မူးယစ်ဆေး အကြောထဲထိုးသူတွေမှာလည်း ပိုးဝင်နိုင်ခြေများပါတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်တွေဟာ မသန့်ရှင်းတဲ့အပ်၊ ဆေးထိုးအပ်၊ မုတ်ဆိတ်ရိတ်ဓါး နှင့်အခြားချွန်ထက်သော အရာတွေသုံးပြီး အရေပြားကို ဖြတ်ခြင်း၊ အပေါက်ဖောက်ခြင်း စတာတွေ ပြုလုပ်တဲ့အခါမှာလည်း HIV ရောဂါပိုး ကူးစက်နိုင်ပါတယ်။

    ဆယ်ကျော်သက်အရွယ် လူငယ်တွေ HIV ရောဂါ နှင့်ပတ်သက်ပြီး မှားယွင်းယုံကြည်နေတဲ့အရာတွေကိုလည်း မှန်ကန်လာအောင် သင်က ပြောဆိုပေးဖို့ လိုအပ်ပါတယ်။ ဥပမာ ခြင် သို့မဟုတ် အခြားအင်းဆက်ပိုးမွှား တွေ ကိုက်သောအခါ HIVရောဂါပိုး ကူးစက်နိုင်တယ်လို့ ဆယ်ကျော်သက်ရွယ် လူငယ်တွေဟာ မှားယွင်းယုံကြည်နေကြပါတယ်။ ဒါ့အပြင် တကယ်လို့ သူတို့ဟာHIVရောဂါပိုး ရှိသူနှင့် ထိတွေ့ခြင်း သို့မဟုတ် နမ်းရှုပ်ခြင်း ပြုတဲ့အခါ သို့မဟုတ် HIVရောဂါပိုးရှိသူနှင့် ပန်းကန်ခွက်ယောက် သို့မဟုတ် အိမ်သာများကို အတူတကွ သုံးစွဲ တဲ့အခါ HIV ရောဂါပိုး မကူးစက်နိုင်ပါဘူး။

    ဆယ်ကျော်သက်အရွယ် လူငယ်တွေကို သူတို့ကိုယ်တိုင် HIVရောဂါပိုးကာကွယ်နိုင်အောင် ဘယ်လိုလုပ်မလဲ။

    သင့်ရဲ့ဆယ်ကျော်သက်ရွယ် လူငယ်တွေကို သင်ပြောပြဖို့ လိုအပ်တာကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ သို့မဟုတ် မိမိဘာသာ မိမိ ဆေးရုံဆေးခန်း ပြင်ပမှာအပ်များ/ ဆေးထိုးအပ်များကို မျှဝေသုံးစွဲ ခြင်းဟာ HIV ရောဂါပိုးကို ဖြစ်စေနိုင်တဲ့အတွက် မပြုလုပ်ကြရန် တားဆီးနိုင်ပါတယ်။ ဒါဆိုရင် HIV ရောဂါပိုးကို သိသိသာသာ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သင်နှင့် သင့်ရဲ့ ဆယ်ကျော်သက်ရွယ် လူငယ်တွေဟာ လိင်ပိုင်းဆိုင်ရာကိစ္စအချို့ကို စကားပြောတဲ့အခါမှာ အနည်းငယ်တော့ စိတ်ကသိကအောင့်ဖြစ်နိုင်ပါလိမ့်မယ်။ သို့သော် သူတို့ဟာ စအိုအားဖြင့်၊ မိန်းမကိုယ်အားဖြင့် သို့မဟုတ် ပါးစပ်အားဖြင့် လိင်ဆက်ဆံတဲ့ အခါမှာ ကွန်ဒုံးအသုံးပြုခြင်းဟာဆိုရင် သူတို့အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြောပြသင့်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံဖော်များစွာထားခြင်း မပြုကြရန်ကိုလည်း သင်က အကြံပေးသင့်ပါတယ်။ ဒါ့အပြင် စောစောစီးစီးအဆင့်မှာပဲ ဆေးကုသမှု ခံယူနိုင်ရန်အတွက် သူတို့ကို ၃လကနေ ၆လကြား တစ်ခါ အမြဲတမ်းဆေးစစ်ခိုင်းပါ။

    ဆယ်ကျော်သက်တွေနဲ့ HIVရောဂါအကြောင်း ဗဟုသုတ ဝေမျှတဲ့အခါမှာ သူတို့ရဲ့ အသက်အရွယ်၊ စရိုက်လက္ခဏာ၊ ရောဂါ နဲ့ပတ်သက်တဲ့ အသိဉာဏ်ပညာတွေပေါ် မူတည်ပြီးမျှဝေပေးသင့်ပါတယ်။ သင်ဟာ မိဘကောင်းတစ်ယောက်အနေနဲ့ ခံယူပြီး အစီအစဉ်များ ရးဆွဲကာ သူတို့ကို HIVရောဂါပိုးအကြောင်း ပညာမပေးခင်မှာ အရေးကြီးဆုံး အချက်အလက်များကိုချရေးထားပြီး ထိထိရောက်ရောက် ပညာပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 25/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement