backup og meta

ခုခံအားကျဆင်းမှုရောဂါ ဘဝသံသရာ


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခုခံအားကျဆင်းမှုရောဂါ ဘဝသံသရာ

    ၂၀၁၄ ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း မှတ်တမ်းအရ လူ ၁.၂ သန်းသည် AIDS ရောဂါကြောင့် သေဆုံးနေကြပါသည်။ ခုခံအား ကျဆင်းသော ပိုးမွှား သို့မဟုတ် HIV ရောဂါပိုးမွှားများ သို့မဟုတ် AIDS ရောဂါများ ဖြစ်ပွားစေသော ရောဂါပိုးမွှားများ ဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များဖြင့် ရောဂါပိုးမွှားများ အကြောင်း ရှင်းပြပေးပါမည်။

    ထို ရောဂါပိုးမွှားများသည် ကိုယ်ခန္ဓါ၏ ခုခံအားကို ကျဆင်းစေပါသည်။ အဘယ်ကြောင့်ဆိုသော် CD4 ဆဲလ်ပမာဏကို လျော့ကျစေသောကြောင့် ဖြစ်သည်။

    HIV ပိုးမွှားသည် CD4 ပမာဏကို သုံး၍ ခန္ဓါကိုယ် အနှံ့အပြားကို ပွားများစေပါသည်။ ထိုဖြစ်စဉ်ကို HIV ဘဝသံသရာဟု ခေါ်ပါသည်။ HIV ဆေးများသည် ထိုကဲ့သို့ သံသရာ အဆင့်ဆင့်တွင် တစ်ဆင့်ချင်း ပိတ်သွားပြီး ကုသခြင်း ဖြစ်ပါသည်။

    ပိုးမွှားဘဝသံသရာ ၇ ဆင့် ရှိပါသည်။

    ၁။ ကပ်ခြင်း ၂။ ပေါင်းခြင်း ၃။ ပြန်ကပ်ခြင်း ၄။ ကွဲခြင်း

    ၅။ ပုံတူကူးခြင်း ၆။ ပွားခြင်း ၇။ အတက်ထွက်ခြင်း တို့ ဖြစ်ပါသည်။

    ပို၍ အသေးစိတ်ရှင်းပြပါဦးမည်။

    ၁။ ကပ်ခြင်း – ပိုးမွှားများသည် CD4 ဆဲလ်၏ မျက်နှာပြင်ကို ကပ်ပါသည်။

    ၂။ ပေါင်းခြင်း – ပိုးမွှားမျက်နှာပြင်နှင့် CD4 မျက်နှာပြင် ပေါင်းခြင်းဖြင့် ပိုးမွှားသည် ဆဲလ်အတွင်းသို့ ဝင်သွားနိုင်ပါသည်။

    ၃။ ပြန်ကပ်ခြင်း – ဆဲလ်အတွင်းတွင် ပိုးမွှားများ လွှတ်၍ အင်ဇိုင်းတစ်မျိုး ထုတ်ပါသည်။ ထိုအင်ဇိုင်းသည် HIV ARN ကို HIV DNA သို့ ပြောင်းလဲသွားစေပါသည်။ ထိုမှတစ်ဆင့် ဆဲလ် ဗဟိုသို့ ရောက်သွားပြီး DNA ဖြစ်သွားစေပါသည်။

    ၄။ ကွဲခြင်း – ဆဲလ်ဗဟိုတွင် HIV သည် အင်ဇိုင်းထုတ်ပြီး ပိုးမွှား၏ DNA ကို ဆဲလ်၏ DNA ဖြစ်အောင် ပြောင်းလိုက်ပါသည်။

    ၅။ ပုံတူကူးခြင်း – ဆဲလ်၏ DNA အဖြစ် ပြောင်းလဲပြီးပါက ပိုးမွှားသည် ပရိုတင်း ကွင်းဆက် အရှည်တစ်ခု ဖန်တီးလိုက်ပါသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း ပွားများလာပါသည်။

    ၆။ ပေါင်းခြင်း – HIV ပရိုတင်းများသည် တခြားသော HIV ပိုးမွှားများကို သွား၍ပေါင်းနိုင်ပါသည်။

    ၇။ အတက်ထွက်ခြင်း – အသစ်ဖြစ်ပေါ်လာသော HIV ပိုးမွှားသည် ဆဲလ်အပြင်ဘက်သို့ ထွက်လာပါသည်။ Protease ဟုခေါ်သော အင်ဇိုင်းတစ်မျိုး ထွက်လာပါသည်။ ထိုအင်ဇိုင်းက ပရိုတင်း ကွင်းဆက်ကို ဖြတ်၍ ဖြစ်လာသော ကွင်းဆက်ငယ်များသည် တခြားသော ဗိုင်းရပ်စ်ပိုးမွှားများကို သွားပေါင်းပါသည်။

    HIV ရောဂါပိုးမွှားများ၏ ဘဝသံသရာနှင့် ဆေးများ

    ART သည် HIV ရောဂါများအတွက် သုံးသောဆေး ဖြစ်ပါသည်။ ခုခံအားကို တိုးမြှင့်ပေးပါသည်။

    ဆေးအမျိုးအစား များစွာ ရှိပါသည်။ ဆေးအမျိုးအစားအလိုက် ပိုးမွှား၏ ကြီးထွားဖြစ်စဉ် တစ်ခုချင်းတွင် တားမြစ်ပါသည်။

    လူနာများသည် အနည်းဆုံး ဆေးနှစ်မျိုးတွဲ၍ သုံးစွဲကြပါသည်။

    အဘယ်ကြောင့်ဆိုသော် ဆေးတစ်မျိုးချင်းစီသည် ပိုးမွှား၏ ကြီးထွားမှု အဆင့်မတူသည့် နေရာများတွင် သွားရောက် သက်ရောက်မှု ရှိသောကြောင့် ဖြစ်ပါသည်။ ကိုယ်ခံအား တိုးမြှင့်ခြင်းဖြင့် HIV ရောဂါ ပြန့်ပွားမှုကို ကာကွယ်ပေးသည့်အပြင် AIDS ရောဂါ ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါသည်။ ART ဆေးများသည်လည်း ဆေးယဉ်ပါးခြင်းကို လျော့ကျစေပါသည်။

    ART ဆေးသည် HIV ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ အပြီးအပြတ် မကုသနိုင်သော်လည်း သက်တမ်းစေ့ နေနိုင်အောင် ပြုလုပ်ပေးပါသည်။ ကာမစပ်ယှက်မှုမှ ရသော ရောဂါပိုးမွှားများကိုလည်း လျော့ကျစေပါသည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement