backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Herpes Simplex Virus Infection (ရေယုန်ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Herpes Simplex Virus Infection (ရေယုန်ရောဂါ) ကဘာလဲ။

ရေယုန်ဗိုင်းရပ်မှာ အမျိုးအစား၂မျိုးရှိပါတယ်။ အမျိုးအစား၁ ( ပါးစပ်တစ်ပိုက်ရေယုန်) နဲ့အမျိုးအစား၂( လိင်အင်္ဂါတစ်ဝိုက်ရေယုန်) တို့ဖြစ်ပါတယ်။

အမျိုးအစား၁က ပါးစပ်နဲ့နှုတ်ခမ်းတစ်ဝိုက် အနာတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် လိင်အင်္ဂါတစ်ဝိုက်ရေယုန်ကိုလည်း ဖြစ်စေနိုင်ပေမဲ့ အဓိကအားဖြင့်တော့ အမျိုးအစား၂ကြောင့်ဖြစ်ါပတယ်။

အမျိုးအစား၂က လိင်အင်္ဂါနဲ့စအိုတစ်ဝိုက်ရေယုန်ကို ဖြစ်စေပါတယ်။ အမျိုးအစား၂က အခြားနေရာတွေမှလည်း ဖြစ်နိုင်ပြိး မကြာခဏပေါက်လေ့ရှိတာကတော့ ချက်အောက်မှာဖြစ်ပါတယ်။

Herpes Simplex Virus Infection (ရေယုန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရ အသက်၅၀အောက်လူ၃.၇သန်း ( ၆၇%) မှာ အမျိုးအစား၁ကူးစက်ခံနေရပြီး အသက်၁၅-၄၉နှစ်လူ၄၁၇သန်း (၁၁%) က အမျိုးအစား၂ကူးစက်ခံနေရကြောင်း သိရပါတယ်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Herpes Simplex Virus Infection (ရေယုန်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပါးစပ်ရေယုန်မှာတော့ လက္ခဏာတိတိကျကျမရျိပါဘူး။ အမျိုးအစား၁လူနာအများစုက ကူးစကိပိုးဝင်နေကြောင်း သိပ်သတိမထားမိတတ်ပါဘူး။ လက္ခဏာတွေက ပထမကူးစက်ပိုးဝင်ပြီးတာနဲ့ ခဏခဏပြန်ပေါ်နေမှာ ဖြစ်ပါတယ်။

လက္ခဏာတွေက နာကျင်မှုကိုပေးတဲ့အရေကြည်ဖုများ နှုတ်ခမ်းနဲ့ပါးစပ်တစ်ဝိုက် အနာများပေါက်ခြင်းတို့ဖြစ်ပါတယ်။ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ယားယံခြင်းနဲ့ ပူစပ်ပူလောင်ဖြစ်ခြင်းတွေကို အနာမဖြစ်ခင်တည်းက ပါးစပ်တစ်ပိုက်ခံစားရနိုင်ပါတယ်။

လိင်အဂါၤတွေမှာဖြစခဲ့ရင်တော့ လက္ခဏာတွေက လိင်အင်္ဂါနဲ့စအိုမှာအရည်ကြည်ဖုပေါက်ခြင်း ၊ အနာဖြစ်ခြင်းတွေ ဖြစ်ပါတယ်။ လိင်အဂ်ၤါအနာတွေအပြင် ဖျားခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ နဲ့ပြန်ရည်ကျိတ်ရောင်ြခ်ငးတွေဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောသိစောစောကုသမှုခံယူခြင်းက အခြေအနေကိုပိုမဆိုးသွားအောင်နဲ့ အရေးပေါ်အခြေအနေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဆရာဝန်ကိုချက်ချင်းပြောပြသင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Herpes Simplex Virus Infection (ရေယုန်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

တိုက်ရိုက်ကူးစက်နိုင်တဲ့ဗိုင်းရပ်ပိုး ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယာက်ကြား

အမျိုးအစား၁ကူးစက်ပိုးဝင်ခြင်းက အတူတူတစ်ပန်းကန်တည်းစားခြင်း၊ နှုတ်ခမ်နီများမျှသုံးခြင်းနဲ့ နမ်းခြင်းကဲ့သို့ လုပ်နေကျယေဘုယျကိစ္စတွေကြောင့် ကူးနိုင်ပါတယ်။

ကလေးတွေမှာလည်း ကူးစက်ခံနေရတဲ့အရွယ်ရောက်ပြီးသူနဲ့ ထိတွေ့မိခြင်းကြေင့် ကူးနိုင်ပါတယ်။ သူတို့သက်တမ်းတစ်လျှောက် ရောဂါပိုးကိုသယ်ဆောင်သွားမျာဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

Herpes Simplex Virus Infection (ရေယုန်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသက်အရွယ်မရွေး မည်သူမဆိုကူးစက်ခံ၇နိုင်ပါတယ်။ ကူးစက်ပိုးနဲ့ထိတွေ့မှုအပေါ် အခြေခံပြီး အန္တရာယ်ကိုဆုံးဖြတ်နိုင်ပါတယ်။ ကွန်ဒုံးကဲ့သို့အကာအကွယ်မပါဘဲ လိင်ဆက်ဆံတဲံလူတွေမှာ ဖြစ်နိုင်ချေများပါတယ်။ အခြားဖြစ်ုနိငချေများစေတဲ့အကြောင်းရင်းတွေကတော့

  • လိင်ဆက်ဆံဖော်များခြင်း
  • အမျိုးသမီးများ
  • အခြားလိင်ကကူးစက်တဲ့ရောဂါရှိထားခြင်း
  • ခုခံအားစနစ်အားနည်းခြင်း
  • ကလေးမွေးချိန်မှာ မိခင်ကလိင်အင်္ဂါရေယုန်ရှိနေလျှင် ကလေးငယ်ကိ ု ေရေယုန်အမျိုးအစား၂မျိုးလုံး ကူးနိုင်ပြီး နောက်ဆက်တွဲအခြေအနေဆိုးတွေ ဖြစ်စေနုငိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Herpes Simplex Virus Infection (ရေယုန်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ခြင်းကနေ ယေဘုယျအားဖြင့် အဖြေရှာအတည်ပြုနိုင်ပါတယ်။ သင့်ကိုယ်ပေါ်မှာ အနာရှိမရှိစစ်ဆေးပေးပြီး သင့်ရဲ့လတ်တလောလက္ခဏာတွေကို မေးပါလိမ့်မယ်။

သင့်ဆရာဝန်က လိင်အင်္ဂါမှာအနာတွေရှိခဲ့မယ်ဆိုရင် အတည်ပြုဖို့ ရေယုန်ဗိုင်းရပ်ပိုးမွေးခြင်းကို ပြုလုပ်ပေးပါလိမ့်မယ်။ ဒီစမ်းသပ်မှုအတွင်းမှာ ဆရာဝန်ကသင့်အနာက အရည်တွေကိုဂွမ်းစနဲ့တို့ယူုပြီး ဓါတ်ခွဲခန်းပို့စစ်ဆေးခိုင်းမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးအစား၁အမျိုးအစား၂အတွက်ဆန့်ကျင် ပဋိပစ္စည်း ကိုရှာဖို့သွေးစစ်ခြင်းကလည်း အတည်ပြုနိုင်ဖို့အတွက် သုံးပါတယ်။ အထူးသဖြင့် အနာမရှိနေတဲ့အချိန်မှာ အသုံးပြုနိုင်ပါတယ်။

Herpes Simplex Virus Infection (ရေယုန်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ရေယုန်အတွက် ကုသမှုတိတိကျကျမရှိပေမယ့်လည်း ကုသမှုတွေက လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဆေးတွေက လတ်တလောနာကျင်မှုကိုသက်သာစေနိုင်ပြီး အနာကျက်တာမြန်စေပါတယ်။ ခဏခဏဖြစ်ခြင်းကိုလည်း နည်းစေပါတယ်။

ဖမ်ဗာ၊ ဇိုဗိုင်းရပ်၊ နဲ့ဗယ်ထရက်ဆေးတွေက လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ရေနွေးနွေးနဲ့ချိုးခြင်းကလေည်း လိင်အင်္ဂါရေယုန်အနာကို ကုသပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရေယုန်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများက ရေယုန်ရောဂါမဖြစ်အေင် ကာကွယ်ရာမှာ အကူအညီပေးနိုင်ပါတယ်။

  • အမျိုးအစား၁ကူးစက်ခံရပြိဆိုရင် ခွက်များ၊ မျက်နှာသုတ်ပဝါများ၊ ငွေထည်၊ အဝတ်အစား၊ မိတ်ကပ်နဲ့ နှုတ်ခမ်းဆိုးဆေးစတဲ့ ဗိုင်းရပ်ပိုးပျံ့စေနိုင်တဲ့မည်သည့်အရာကိုမျှာ မျှဝေမသုံးပါနဲ့။
  • အမျိုးအစား၂လူနာတွေမှာ ဖြစ်ပွားနေစဉ်အတွင်း ဘယလိုအမျိုးအစားလိင်ဆက်ဆံခြင်းကိုမဆို ရှောင်သင့်ပါတယ်။ လက္ခဏာမပြပေမယ့် ဗိုင်းရပ်ပိုးတွေ့ထားပြီဆိုရင် လိင်ဆက်ဆံတဲ့အခါကွန်ဒုံးသုံးသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement