backup og meta

အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ

    အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ ရှိနေပါတယ်။ ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် လေ့လာလိုက်ပါ။

    အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ

    အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ ကတော့

    အရေးပေါ်သန္ဓေတားနည်းဆိုတာဘာလဲ

    အရေးပေါ်သန္ဓေတားနည်းဆိုတာ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ရမသွားစေဖို့ အသုံးပြုနိုင်တဲ့ သားဆက်ခြားနည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို ၅ ရက်အတွင်းအသုံးပြုလို့ရတယ်လို့ အကြံပြုထားပေမယ့် လိင်ဆက်ဆံပြီးမြန်မြန်အသုံးပြုနိုင်လေ ထိရောက်လေဖြစ်ပါတယ်။

    ဘယ်သူတွေအသုံးပြုနိုင်သလဲ၊ ဘယ်လိုအခြေအနေမျိုးမှာသုံးကြသလဲ

    ပျမ်းမျှအားဖြင့် အသက် ၁၅ နှစ်အရွယ်ကနေ ၄၄ နှစ်အတွင်းအမျိုးသမီးတွေ ကိုယ်ဝန်မရအောင်တားလိုတဲ့အခါ သုံးကြပါတယ်။ အရေးပေါ်သားဆက်ခြားနည်းကိုအသုံးပြုဖို့ အသက်ကန့်သတ်ချက်မရှိပါဘူး။ အရေးပေါ်သန္ဓေတားနည်းတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် –

    • သန္ဓေတားဆေးမသုံးထားခြင်း၊
    • လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊
    • ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှုရှိတဲ့အခါမျိုး၊
    • ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊အသုံးပြုပုံမမှန်ကန်ခြင်း၊
    • သန္ဓေတားသောက်ဆေးတွေကို သောက်သုံးဖို့ ၃ ရက်နဲ့အထက် ရက်ကျော်ခြင်း၊
    • သားအိမ်ဝအဖုံး(diaphragm )သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း(expulsion)
    • ရက်တွက် သန္ဓေတားနည်းမှာ ရက်အတွက်မှားခြင်း၊
    • သားအိမ်တွင်းထည့်ပစ္စည်း (IUD)သို့မဟုတ် အရေပြားအောက် ထည့်သွင်းရတဲ့သန္ဓေတားပစ္စည်း ကိုထုတ်လိုက်ပြီးတဲ့အချိန်တွေမှာ အရေးပေါ်သန္ဓေတားနည်းတွေကိုသုံးကြပါတယ်။

    အရေးပေါ်သန္ဓေတားနည်းတွေက အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် သို့မဟုတ် လက်ရှိအသုံးပြုနေတဲ့ သန္ဓေတားနည်းက မအောင်မြင်ခဲ့ရင် (ဥပမာ- ကွန်ဒုံးပေါက်ပြဲတာ သို့မဟုတ်ဆေးသောက်ဖု့ိမေ့သွားတာ)တွေမှာ ကိုယ်ဝန်မရအောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။ နည်းလမ်းနှစ်မျိုးရှိပါတယ် –

    • အရေးပေါ်သန္စေတားသောက်ဆေးများ
    • IUD ( သားအိမ်တွင်းထည့်ပစ္စည်း သို့မဟုတ်coil)

    အရေးပေါ်သန္ဓေတားဆေး

    နိုင်ငံအများစုမှာ Plan B One-Step၊ 72-Hours ၊ G- Pill၊ Norlevo ၊ Pill 72၊ စတဲ့ဆေးဝါးတွေကို အသုံးများကြပေမယ့် ဒီမှာတော့ Ecee 2 ကိုအသုံးများကြပါတယ်။

    Ecee 2 ဆိုတာဘာလဲ

    Ecee 2 ဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း ကိုယ်ဝန်မရအောင်ကာကွယ်ပေးနိုင်ပါတယ်။Levonorgestrel ပါဝင်တဲ့ Ecee 2 ဟာ မျိုးဥကိုမကြွေအောင် တားဆီးပေးတာဖြစ်ပါတယ်။Levonorgestrel အရေးပေါ်တားဆေးကို သားဆက်ခြားနည်းအဖြစ် ပုံမှန်စွဲသောက်ဖို့ စီမံထားတာမဟုတ်ပါဘူး။ သားဆက်ခြားနည်း ပုံစံအမျိုးမျိုးကို သိနိုင်ဖို့ ဆရာဝန်နဲ့ပြသဆွေးနွေးပါ။

    Levonorgestrelဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် စောနိုင်သမျှအစောဆုံး(၇၂ နာရီထက်ပိုမကြာဘဲ) ပထမအကြိမ်သောက်သုံးရမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်ကိုတော့ ပထမတစ်လုံးသောက်ပြီး ၁၂ နာရီအကြာမှာ ထပ်သောက်ရပါမယ်။ ဒီဆေးတွေရဲ့ ထိရောက်မှုအာနိသင်ကဆေးသောက်တဲ့အချိန်အပိုင်းအခြားပေါ် လုံးဝမူတည်နေပါတယ်။

    အရေးပေါ်သန္ဓေတားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကဘာတွေရှိလဲ

    အရေးပေါ်သန္ဓေတားဆေးတွေသောက်သုံးခြင်းကပြင်းထန်တဲ့ သို့မဟုတ်ရေရှည် ကျန်းမာရေးပြဿနာတွေဖြစ်လာတာ မတွေ့ရဖူးပါဘူး။ ဒါပေမယ့်လည်း တခါတရံတော့ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။ အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ –

    • ဗိုက်အောင့်ခြင်း
    • ခေါင်းကိုက်ခြင်း
    • ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းခြင်း(အနည်းငယ် သို့မဟုတ် များများ)
    • နေမကောင်းဖြစ်ခြင်း
    • ပင်ပန်းနွမ်းနယ်ခြင်း

    ဖြစ်ခဲတဲ့ ဘေးထွက်ဆိုးကျိုးတချို့ကတော့ –

    • ရင်သားတွေတင်းပြီးနာလာခြင်း
    • ခေါင်းမူးခြင်း
    • ပျို့အန်ခြင်း(ဆေးသောက်ပြီး ၂ နာရီ၊ ၃ နာရီအတွင်း ပျို့အန်လာပါက ဆရာဝန်ပြပါ)

    အရေးပေါ်သန္ဓေတားဆေးတွေသောက်ပြီးနောက်ဖြစ်လာတဲ့လက္ခဏာတွေကို စိုးရိမ်လာတယ်ဆိုရင်ဆေးခန်း သို့မဟုတ်ဆေးပညာဝန်ထမ်းတစ်ယောက်ယောက်ကိုဆက်သွယ် အကြံဉာဏ်တောင်းပါ။အောက်ပါအချက်တွေဖြစ်လာရင် ဆရာဝန်ပြသင့်ပါတယ် –

  • ကိုယ်ဝန်ရှိလာပြီလို့ထင်နေရင်
  • ရာသီလာဖို့နောက်ကျနေတာ ၇ ရက်ကျော်လာရင်
  • ရာသီသွေးက ပုံမှန်လာနေကျထက် ပိုနည်းလာ၊ ရက်ပိုတိုလာရင်
  • ဝမ်းဗိုက်အောက်ပိုင်းက ရုတ်တရက် သို့မဟုတ် ပုံမှန်မဟုတ်ဘဲ နာကျင်လာ၊အောင့်လာရင်။
  • တခြားဆေးဝါးတွေနဲ့ရောမိရင်

    အရေးပေါ်သန္ဓေတားဆေးတွေက တခြားဆေးဝါးတွေနဲ့ ဓါတ်ပြုတုံ့ပြန်မှုရှိလာနိုင်ပါတယ်။

  • St John’s Wortဆေးဖက်ဝင်ဆေးများ
  • ဝက်ရူးပြန်ရောဂါကုသဆေးတချို့
  • အိတ်ခ်ျအိုင်ဗီ ကုသဆေးတချို့
  • တီဘီဆေးတချို့
  • အိုမီပရာဇော(omeprazole ) လို အစာအိမ်ဆေးတချို့ တို့နဲ့ရောမသောက်သင့်ပါဘူး။ဆေးအာနိသင်လျော့ပါလိမ့်မယ်။
  • သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD)

    IUD ရဲ့လုပ်ဆောင်ချက်

    သားအိမ်တွင်းထည့်သွင်းရတဲ့ သန္ဓေတားပစ္စည်း (IUD) ဟာ ပလတ်စတစ် ၊ကော့ပါးတို့နဲ့ပြုလုပ်ထားတဲ့ T ပုံစံ သန္ဓေတားပစ္စည်းငယ် တစ်ခုပါ။ ဒီပစ္စည်းကို ကျန်းမာရေးကျွမ်းကျင်ပညာရှင်ကနေ သားအိမ်ထဲထည့်ပေးရတာဖြစ်ပါတယ်။ ဒီနည်းက သားအိမ်မှာ မျိုးဥမတည်နိုင်အောင် သို့မဟုတ် မျိုးမအောင်နိုင်ဖို့ တားဆီးပေးပါတယ်။

    အကာအကွယ်မဲ့လိင်ဆက်ဆံမှုရှိခဲ့တယ်ဆိုရင် ကိုယ်ဝန်မရစေဖို့ IUD ကိုနောက် ၅ ရက်လောက်အထိ သို့မဟုတ် မျိုးဥကြွေပြီး ၅ ရက်လောက်အထိ ထည့်သွင်းထားနိုင်ပါတယ်။ IUD ကို သားဆက်ခြားနည်းအဖြစ်နောက်ပိုင်းအတွက်လည်း ဆက်သုံးသွားလို့ရပါတယ်။

    IUD ကိုဘယ်သူတွေသုံးလို့ရသလဲ

    အမျိုးသမီးအများစုက IUD ကိုသုံးလို့ရပါတယ်။ ကိုယ်ဝန်မဆောင်ဖူးသူတွေနဲ့ အိတ်ခ်ျအိုင်ဗီပိုးရှိသူတွေလည်း အပါအဝင်ဖြစ်ပါတယ်။ IUD က ကိုယ်နဲ့သင့်တော်ပါ့မလားဆိုတာကို ဆေးမှတ်တမ်းတွေကိုကြည့်ပြီး ဆရာဝန်က ဆုံးဖြတ်အကြံပေးပါလိမ့်မယ်။

    အောက်ပါအချက်တွေရှိနေရင် IUD ကိုမသုံးသင့်ပါ –

    • လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါ(STI) သို့မဟုတ် ဆီးခုံပိုးဝင်ခြင်းကို မကုသရင်
    • သားအိမ် သို့မဟုတ် သားအိမ်ခေါင်းမှာ မူမမှန်မှုတွေရှိနေရင်
    • ယောနိကနေ အကြောင်းရင်းမသိရဘဲသွေးဆင်းနေရင် – ဥပမာ ရာသီလာချိန်မဟုတ်တဲ့ကြားကာလ သို့မဟုတ် လိင်ဆက်ဆံပြီးချိန်သွေးဆင်းတာ
    • နှလုံးရောဂါရှိသူ အမျိုးသမီးတွေဟာလည်း IUD မထည့်သွင်းမီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    IUD ရဲ့ဘေးထွက်ဆိုးကျိုး

    IUD ထည့်သွင်းခြင်းရဲ့နောက်ဆက်တွဲပြဿနာကတော့ ရှားပါတယ်။ ဒါပေမယ့် နာကျင်ကိုက်ခဲမှု၊ရောဂါပိုးဝင်ခြင်း၊ သားအိမ်ထိခိုက်မှု၊သို့မဟုတ် သားအိမ်ထဲကနေ သူ့အလိုလိုထွက်လာခြင်း တို့ပါဝင်နိုင်ပါတယ်။ IUD ကို ပုံမှန်သားဆက်ခြားနည်းအဖြစ် ဆက်သုံးနေတယ်ဆိုရင် ရာသီသွေးဆင်းချိန် ပိုကြာနိုင်၊ ပိုများနိုင်၊ နာကျင်ကိုက်ခဲမှုပိုလာနိုင်ပါတယ်။

    အောက်ပါလက္ခဏာတွေဖြစ်လာရင် ဆရာဝန်ပြပါ –

    • ကိုယ်ဝန်ရှိလာပြီထင်ရင်
    • လိင်ဆက်ဆံမှုအတွင်း သားအိမ်တဝိုက်နာကျင်ကိုက်ခဲခြင်း
    • ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်း သို့မဟုတ် လိင်အင်္ဂါမှာအနာဖြစ်ခြင်း
    • အကြောင်းရင်းမယ်မယ်ရရမရှိဘဲ ဖျားနေခြင်း
    • လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါ(STDs)ကူးစက်ခံရပြီဆိုရင်
    • ခေါင်းတခြမ်းကိုက်ခြင်းပြင်းထန်လာရင်
    • အသားဝါလာခြင်း ဒါမှမဟုတ် မျက်ဖြူသားကဝါလာခြင်း(အသည်းပြဿနာရှိတဲ့လက္ခဏာဖြစ်နိုင်)
    • လေဖြတ်ခြင်း သို့မဟုတ် နှလုံးရုတ်တရက်ခေတ္တရပ်ခြင်းဖြစ်လာရင်
    • သင့်အိမ်ထောင်ဘက်က အိတ်ခ်ျအိုင်ဗီပိုးရှိလာရင်
    • ယောနိကသွေးဆင်းများရင် သို့မဟုတ်သွေးဆင်းတာကြာလာရင်

    အရေးပေါ်သန္ဓေတားခြင်းက လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါ(STDs)တွေကို မကာကွယ်နိုင်ပါဘူး။ လိင်ဆက်ဆံတဲ့အခါ သားဆက်ခြားနည်းသုံးထားတယ်ဆိုရင်တောင် STDတွေကို ကာကွယ်ဖို့ ကွန်ဒုံးသုံးတာ အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement