backup og meta

အလုပ်များတဲ့ အမျိုးသမီးများအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း IUD


Aye Thi Mon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်များတဲ့ အမျိုးသမီးများအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း IUD

    ဇနီးမယားဆိုတဲ့ ဂုဏ်ပုဒ်ကို စတင်ခံယူလိုက်တယ်ဆိုရင် အိမ်မှုကိစ္စတွေ၊ လင်သားလိုအပ်ချက်တွေဖြည့်ဆည်းပေးရတာနဲ့ တခြားအမျိုးမျိုးသော အိမ်ထောင်မှုကိစ္စရပ် တွေကို နိုင်နင်းအောင်ဆောင်ရွက်ရတာက မြန်မာအမျိုးသမီးတိုင်းတွေ့ကြုံရတတ်တဲ့ ကိစ္စတစ်ခုပါပဲ။ ယနေ့ခေတ်မှာဆိုရင် အမျိုးသမီးတွေက အိမ်ထောင်မှုလုပ်ငန်းတွေ၊ မိခင်တာဝန်တွေကိုသာမက တစ်ဖက်တစ်လမ်းကနေ ဝင်ငွေတိုးအောင်ဆောင်ရွက်လာ တာကြောင့် အားလပ်ချိန်နည်းလာကြပါတယ်။ ဒီကြားထဲ ကလေးယူဖို့ အဆင်သင့်မဖြစ်သေး တာကြောင့် အလုပ်များတဲ့အမျိုးသမီးတွေအတွက် အချိန်ကုန်သက်သာပြီး လွယ်ကူတဲ့ သန္ဓေတားနည်းတွေကို စဉ်းစားရှာဖွေရတာကလည်း အလုပ်တစ်လုပ်ပါ။ဆေးထိုး၊ ဆေးသောက်လိုမျိုး သန္ဓေတားနည်းတွေက မေ့လျော့သွားမယ်ဆိုရင် ကလေးရသွားနိုင်တာကြောင့် အလုပ်များတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် အသင့်တော်ဆုံး သန္ဓေတားနည်းတစ်ခုကို ညွှန်းပေးချင်ပါတယ်။ အဲဒါကတော့ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း ကြေးနီ IUD ပါ။

    သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း ကြေးနီ IUD ဆိုတာ ဘာလဲ ။

    သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်းကြေးနီ IUD သားအိမ်ရဲ့ ၄ ပုံ ၁ပုံ အရွယ်အစားရှိတဲ့ ပလတ်စတစ်ချောင်းလေးရဲ့ ကိုယ်ထည်မှာကြေးနီရစ်ပတ်ထားတာဖြစ်ပါတယ်။

    ဘယ်လိုအလုပ်လုပ်တာလဲ

    ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးဟာ မမျိုးဥဆီမရောက်အောင်ခင် ရစ်ပတ်ထားတဲ့ ကြေးနီနဲ့တွေ့ပြီး အဆိပ်သင့်တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။

    IUD ရဲ့အားသာချက်တွေက …………..

    သားအိမ်တွင်းထည့်ပစ္စည်းက တစ်ခါထည့်ပြီးရင် နှစ်ရှည်ခံတယ်ဆိုတော့ အလုပ်များတဲ့အမျိုးသမီးတွေ သန္ဓေတားဖို့အတွက် စိတ်ချလက်ချယုံကြည်လို့ရပါတယ်။

    IUD ထည့်ထားရင် နေ့စဉ် ဂရုစိုက်နေစရာလည်း မလိုတဲ့အပြင် ကိုယ်ဝန်တားတဲ့နေရာမှာလည်း အင်မတန်ထိရောက်တာကြောင့် အမျိုးသမီးတိုင်းအတွက် သင့်လျော်တဲ့နည်းတွေထဲက တစ်ခုလို့ဆိုရမှာပါ။ IUD ကြိုးလေး နေရာတကျ ရှိ /မရှိ သာတစ်လတစ်ကြိမ် ကိုယ်တိုင်ဆန်းစစ်ဖို့ပဲလိုပါတယ်။

    IUD ဟာ ဟော်မုန်းမပါဝင်တာကြောင့် တခြားဟော်မုန်းပါ သန္ဓေတားနည်း တွေရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ဝလာတာ၊ ရာသီသွေးဆင်းမမူမမှန်ဖြစ်တာ၊ နာကျင်ကိုက်ခဲတာ အစရှိတာတွေကိုလည်း မခံစားရကြောင့် ၉၉ % နဲ့အထက် ထိရောက်ပါတယ်။

    တချို့ဟော်မုန်းပါသန္ဓေတားနည်းတွေ ကလေးယူချင်လို့ဆေးဖြတ်လိုက်ပေမယ့်လည်း သုံးခဲ့တဲ့အချိန် ကာလပေါ်မူတည်ပြီး ကလေးယူဖို့စောင့်ဆိုင်းရလေ့ရှိပါတယ်။ IUDတွေရဲ့ အကောင်းဆုံးအချက်ကတော့ ကလေးယူချင်လို့ ပစ္စည်းထုတ်လိုက်တာနဲ့ ချက်ချင်းကလေး ပြန်ရနိုင်တာပါပဲ။ ာ်။

    တစ်ခါမှကိုယ်ဝန်မဆောင်ဖူးသေးတဲ့ အသစ်စက်စက်အိမ်ထောင်ရှင်မတွေနဲ့ ခန္ဓါကိုယ်သေးသွယ်တဲ့အမျိုးသမီးတွေအနေနဲ့ IUD ထည့်ချင်တယ်ဆိုရင် မြင်းခွာပုံစံ Sleek IUD ကသင့်လျော်ပါတယ်။ ကလေးမွေးဖွားပြီးတဲ့မိခင်တွေ ကိုယ်ဝန်ထပ်မရချင်သေးရင် T ပုံစံ IUD နဲ့ Y ပုံစံ IUD ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Copper Y က ထည့်သွင်းစဉ်မှာ နာကျင်မှုနည်းနိုင်သမျှနည်းစေဖို့ နဲ့ အတတ်နိုင်ဆုံး သက်တောင့်သက်သာရှိစေဖို့ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။ IUD ကဟော်မုန်းလုံးဝမပါတာကြောင့် ကလေးမွေးပြီးနို့ တိုက်မိခင်တွေအတွက် အသုံးဝင်ပြီးကောင်းမွန်တဲ့ သားဆက်ခြားနည်း တစ်ခုပါ။

    သားအိမ်တွင်းထည့်ပစ္စည်းကို ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမ နဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ထည့်ပေးဖို့လိုပါမယ်။ ကိုယ်ဝန်မရှိတာသေချာရင် ဘယ်အချိန်မှာမဆို ထည့်နိုင်ပါတယ်။ ကြေးနီ IUD မှာဆို (၅) နှစ်ခံ အမျိုးအစားနဲ့ ၁၀ နှစ်ခံအမျိုးအစား ဆိုပြီး (၂ )မျိုးရှိပါတယ် ။ ကလေးမလိုချင်မချင်း သက်တမ်းပြည့်တာနဲ့ လဲရမှာဖြစ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement