backup og meta

အမျိုးသမီးများတွင် သားကြောဖြတ်ခြင်းနှင့် အမျိုးသားများတွင် သားကြောဖြတ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများတွင် သားကြောဖြတ်ခြင်းနှင့် အမျိုးသားများတွင် သားကြောဖြတ်ခြင်း

    သားကြောဖြတ်ခြင်းဆိုတာ ဘာလဲ။

    သားကြောဖြတ်ခြင်းသည် အချိန်ကြာမြင့်စွာ ထိရောက်သည့် ကိုယ်ဝန်တားနည်းဖြစ်သည့်အပြင် နောက်ဆက်တွဲဆိုးကျိုးများကို နည်းစေသော နည်းလည်းဖြစ်ပါသည်။ သို့သော် သားကြောဖြတ်ပြီးလျှင် ကလေးပြန်ရအောင် ပြန်လည်ပြုလုပ်ရန် အလွန်ပင် ခက်ခဲသောကြောင့် မပြုလုပ်မီက သေချာအောင် ဆုံးဖြတ်ချက်ချသင့်ပါသည်။

    သားကြောဖြတ်ခြင်းကို အမျိုးသမီးများနှင့် အမျိုးသားများတွင် အသက်အရွယ်အရွေးပြုလုပ်နိုင်ပါသည်။ သို့သော် မတူညီသောရုပ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် ပြုလုပ်သည့်နည်းများလည်း တူညီမှုမရှိနိုင်ပါ။

    အမျိုးသားများတွင် သားကြောဖြတ်ခြင်း

    · သုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း

    အမျိုးသာများတွင် သုတ်ကောင်များသည် လိင်တံနှင့် ကပ်ပယ်အိတ်ကို ဆက်ထားသော သုတ်လွှတ်ပြွန်မှတဆင့် အပြင်သို့ထွက်ခြင်းဖြစ်သည်။ အဆိုပါသုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ချည်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် သုတ်လွှတ်ချိန်တွင် သုတ်ကောင်များ ပါမလာတော့ပါ။ သို့သော် သုတ်ရည်ပမာဏ နည်းသွားခြင်းမျိုးမဟုတ်ဘဲ သုတ်ရည်တွင် သုတ်ကောင်များ ပါမလာတော့ခြင်းမျိုးသာဖြစ်ပါသည်။

    အမျိုးသမီးများတွင် သားကြောဖြတ်ခြင်း

    အမျိုးသမီးများတွင် သားဥပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း၊ မီးတို့ခြင်းဖြင့် မျိုးဥအိမ်မှထွက်သော ဥများကို သားအိမ်င်္ဆီသို့ မရောက်ရှိတော့အောင် ပြုလုပ်ခြင်းဖြင့် သားကြောဖြတ်ခြင်းဖြစ်ပါသည်။ ထိုအခါ သားအိမ်တွင် သုတ်ကောင်သည် မျိုးဥနှင် ပေါင်းပြီး သားနေ္ဓတည်ခြင်း မပြုလုပ်နိုင်တော့ပါ။

    အထက်ဖော်ပြပါနည်းများသည် ခွဲစိတ်ပြီး မေ့ဆေးဖြင့် ဆောင်ရွက်ရသော နည်းများဖြစ်ပါသည်။

    သားကြောဖြတ်ခြင်း၏ အကျိုးကျေးဇူးများ

    သားကြောဖြတ်ခြင်းသည် ကလေးမယူရန်သေချာသည့်သူများ၊ မျိုရိုးဆက်ခံသောရောဂါရှိသူများ (ဥပမာ- မျက်စိတွင် အရောင်များကို မှန်ကန်စွာ မမြင်ရခြင်း၊ သွေးထဲတွင် သွေးခဲစေသောဓါတ်များ ချို့တဲ့သော ဟီမိုဖီးလယား သွေးရောဂါဖြစ်ခြင်း)တွင် ယခုထက်ထိ အကောင်းဆုံး ကိုယ်ဝန်တားနည်းတခုဖြစ်ပါသည်။

    သားကြောဖြတ်ခြင်း၏ အကျိုးကျေးဇူးများမှာ-

    • တသက်လုံး ကလေးမရနိုင်တော့ခြင်း

    တသက်လုံး ကလေးမရနိုင်တော့ သဖြင့် စိတ်ပူစရာမလိုဘဲ လိင်ဆက်ဆံနိုင်ခြင်းဖြင့် သင့်လိင်ဆင်ဆံဖက်၊ အိမ်ထောက်ဖက် ကိုစိတ်ကျေနပ်မှုပိုရစေပါသည်။

  • အကျိုးအာနိသင် ထိရောက်မှုရှိခြင်း
  • သားကြောဖြတ်ခြင်းသည် ကိုယ်ဝန်ရခြင်းကို ၁၀၀ % ကာကွယ်ပေးနိုင်ပါသည်။ ကလေးရနိုင်ချေသည် အမျိုးသားများတွင် လူ ၂၀၀၀ တွင် ၁ယောက်နှုန်းဖြစ်ပြီး အမျိုးသမီးများတွင် လူ ၂၀၀ လျှင် ၁ ယောက်နှုန်းသာဖြစ်ပါသည်။

    သို့သော် Essure placement နည်းဖြင့် ခွဲစိတ်လျှင် (သားအိမ်ထဲသို့ မှန်ပြောင်းထဲ့သည့်နည်း) ကလေးရနိုင်ချေသည် အမျိုးသမီးများတွင် လူ ၅၀၀ လျှင် ၁ ယောက်နှုန်းအထိကျဆင်းသွားမည်ဖြစ်သည်။

    Filshie clip နည်းဖြင့် ခွဲစိတ်လျှင်ကလေးရနိုင်ချေသည် အမျိုးသမီးများတွင် လူ၁၀၀၀ လျှင် ၂ယောက်မှ ၃ယောက်နှုန်းအထိကျဆင်းသွားမည်ဖြစ်သည်။

    • အမျိုးသမီးများတွင် ဟော်မုန်းပမာဏ မျှတမှုရှိခြင်း

    သားကြောဖြတ်ခြင်းသည် ကိုယ်ဝန်တားဆေးများသောက်ခြင်း၊ မိန်းမကိုယ်ထဲသို့ကွင်းထည့်ခြင်းကဲ့သို့ အီစတရိုဂျင်ဟော်မုန်းများ ထုတ်လွှတ်မှုမရှိသောကြောင့် အမျိုးသမီးများတွင် ဟော်မုန်းပမာဏ မျှတမှုရှိစေပါသည်။ ထို့ပြင် အမွှေးအမျှင်များ၊ အသားအရေ၊ ရင်သားနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို လည်း ပြောင်းလဲခြင်းများ မဖြစ်စေနိုင်ပါ။ ရာသီစက်ဝန်းလည်း မပြောင်းလဲဘဲ အခြားသောနည်းများနှင့် စာလျှင် အရွယ်မတိုင်မီတွင် သွေးဆုံးခြင်းဖြစ်နိုင်ချေကိုလည်း လျော့နည်းစေပါသည်။

    သားကြောဖြတ်ခြင်း၏ ဆိုးကျိုးများ

    · သားကြောဖြတ်ခြင်းသည် ပြန်ပြင်မရသော ကိုယ်ဝန်တားနည်းဖြစ်သည့်အတွက် ပြုလုပ်သူများအနေဖြင့် တချိန်တွင် ကလေးလိုချင်လာဖြစ်စေ စိတ်ပြောင်းသွားပါက ခက်ခဲနက်နဲပြီး ဈေးကြီးသော၊ အောင်မြင်နိုင်ချေနည်းသော ၊ အောင်မြင်လျှင်လည်း နောက်ဆက်တွဲဆိုးကျိုးများသော ခွဲစိတ်မှုများကို ခံယူရမည်ဖြစ်ပါသည်။

    · သားကြောဖြတ်ပြီး သွားသော်လည်း မျိုးဥပြွန်သည် ပြန်ဆက်သွားပြီး ကလေးပြန်ရနိုင်ချေရှိသော်လည်း ထိုသို့ဖြစ်ခြင်းသည် အင်မတန်ရှားပါးပါသည်။

    · အခြားသော ကိုယ်ဝန်တားနည်းများနှင့် နှိုင်းစာပြီးပြောရသော် သားကြောဖြတ်ခြင်းသည် လိင်မှ တဆင့်ကူးစက်သောရောဂါများကို မကာကွယ်နိုင်သည့်အတွက် လိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးခြင်းက စိတ်ချရစေပါသည်။

    · သားကြောဖြတ်သော ခွဲစိတ်မှု၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော မေ့ဆေးအရှိန်များခံရခြင်း၊သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်းများဖြစ်နိုင်ချေရှိပါသည်။

    · ထို့ပြင် သားကြောဖြတ်သော ခွဲစိတ်မှုသည် ဒေါ်လာ ၅၀၀ မှ ၆၀၀၀ အတွင်းကုန်ကျနိုင်သည့်အတွက် လူအများအဖို့ ဈေးနှုန်းအားဖြင့် စဉ်းစားစရာ နည်းတခုဖြစ်လာနိုင်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement