backup og meta

သုက်ပိုးသတ်ဆေး


Dr. Phio Thiha မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုက်ပိုးသတ်ဆေး

    သုက်ပိုးသတ်ဆေးဆိုတာဘာလဲ

    သုက်ပိုးသတ်ဆေးတွေကပုံစံမျိုးနဲ့ လာပါတယ်။ ခရင်မ်၊ ဂျယ်လ်၊ ဆပ်ပြာပုံစံ၊ အရည်ကြည်၊ အတောင့်ပုံစံစသဖြင့် ရှိပါတယ်။ အများစုမှာတော့ သုက်ပိုးကိုသတ်နိုင်တဲ့ nonoxynol-9လို့ခေါ်တဲ့ဓါတုပစ္စည်း ပါဝင်ပါတယ်။ သုက်ပိုးသတ်ဆေးတွေကိုတစ်မျိုးတည်းအသုံးပြုနိုင်သလို၊ တခြားသားဆက်ခြားနည်းတခုခုနဲ့ တွဲသုံးမယ်ဆိုရင်တော့ ပိုပြီးထိရောက်ပါတယ်။

    ဘယ်လိုအလုပ်လုပ်တာလဲ

    သုက်ပိုးသတ်ဆေးတွေဟာသုက်ပိုးကိုမလှုပ်နိုင်အောင် လုပ်ပြီးသူတို့ သားအိမ်ဆီမကူးခတ်နိုင်ခင်မှာသတ်ပစ်လိုက်ပါတယ်။ ပိုပြီးထိရောက်စေချင်ရင်တော့ မိန်းမကိုယ်အတွင်းပိုင်း၊ သားအိမ်ခေါင်းနေရာထိသုက်ပိုးသတ်ဆေးတွေကိုထည့်ထားနိုင်ဖို့ လိုပါတယ်။ ခရင်မ်၊ ဂျယ်နဲ့ ဆပ်ပြာပုံစံတွေကိုတော့ ပစ္စည်းလေးတစ်ခုသုံးပြီးထည့်နိုင်ပါတယ်။ တခြားပုံစံသုက်ပိုးသတ်ဆေးတွေကိုလက်ကိုအသုံးပြုပြီးထည့်လို့ ရပါတယ်။

    သုက်ပိုးသတ်ဆေးတွေကိုလိင်မဆက်ဆံမီမှာမိန်းမကိုယ်ထဲထည့်ထားဖို့ လိုပြီးမဆက်ဆံမီဘယ်လောက်အကွာမှာထည့်ထားရင် သုံးလို့ရတယ်ဆိုတာကိုတော့ အညွှန်းစာရွက်တွေမှာ ကြည့်နိုင်ပါတယ်။ တချို့က ချက်ချင်းအကာအကွယ်ပေးနိုင်ပြီးတချို့ကတော့ မဆက်ဆံမီအနည်းဆုံး ၁၅မိနစ်ခန့် ကြိုတင်ပြီးထည့်ထားဖို့ လိုပါတယ်။ ဒါပေမယ့် ပျော်ဝင်ပြီးအာနိသင်ပြနိုင်မှာ ဖြစ်ပါတယ်။

    သုက်ပိုးသတ်ဆေးတွေအားလုံးကတော့ ထည့်ပြီး ၁နာရီအထိပဲ ထိရောက်မှုရှိပါတယ်။ ၁နာရီကျော်သွားရင်တော့ ဒါမှမဟုတ် ထပ်ပြီးဆက်ဆံဦးမယ်ဆိုရင်တော့ နောက်ထပ်တစ်ခါ သုံးဖို့ လိုပါလိမ့်မယ်။ သုံးတဲ့အခါမှာမိန်းကလေးတွေအနေနဲ့ ဆက်ဆံပြီး ၆နာရီကြာတဲ့အထိ မိန်းမကိုယ်ကိုဆေးကြောပစ်တာမျိုးမပြုလုပ်သင့်ပါဘူး။

    ဘယ်လိုအလုပ်လုပ်တာလဲ

    ဒီနည်းတစ်ခုတည်းကိုပဲသုံးတဲ့တစ်နှစ်အတွင်းအမျိုးသမီးအယောက်တစ်ရာမှာ ၂၉ယောက်ဟာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ အဲဒီလိုကိုယ်ဝန်ရသွားနိုင်ချေဟာ ဒါကိုမှန်မှန်ကန်ကန် အသုံးပြုခြင်းနဲ့ ဆက်ဆံတဲ့အခါတိုင်းအသုံးပြုခြင်းတို့ပေါ်လည်းမူတည်ပါတယ်။ ဒါကြောင့်မို့ သုက်ပိုးသတ်ဆေးတွေကိုတခြားသားဆက်ခြားနည်းတခုခုနဲ့ တွဲသုံးမယ်ဆိုရင်တော့ စိတ်အချရဆုံးပါပဲ။

    ယေဘုယျအားဖြင့် ကိုယ်ဝန်တားနည်းတစ်ခုချင်းစီရဲ့ အလုပ်လုပ်နိုင်စွမ်းဟာအကြောင်းကိစ္စတွေအများကြီးပေါ် မူတည်နေပါတယ်။ ကျန်းမာရေးအခြေအနေကောင်းမကောင်း၊ သောက်နေရတဲ့ဆေးတွေ၊ ဒီအချက်တွေ ပါဝင်ပါတယ်။ သုံးရအဆင်ပြေမပြေ၊ ဒါကိုအမြဲတမ်းမှန်မှန်ကန်ကန်သုံးနိုင် မသုံးနိုင်၊ ဒါတွေနဲ့လည်းဆိုင်ပါတယ်။ သုက်ပိုးသတ်ဆေးတွေဟာတခြားသားဆက်ခြားနည်းတွေနဲ့ ယှဉ်ရင်တော့ ထိရောက်မှုအားနည်းပါတယ်။ ဒါပေမယ့်လည်းသုံးရအဆင်ပြေတယ်၊ လွယ်ကူတယ်၊ ဈေးလည်း မကြီးပါဘူး။

    ကာလသားရောဂါများမှ ကာကွယ်နိုင်စွမ်း

    သုက်ပိုးသတ်ဆေးများသီးသန့်အနေနဲ့တော့ ကာလသားရောဂါတွေကိုမကာကွယ်နိုင်ပါဘူး။ လိင်ဆက်ဆံမှုရှိပြီဆိုရင်တော့ ကွန်ဒုံးကအမြဲတမ်းသုံးသင့်ပါတယ်။ သုက်ပိုးသတ်ဆေးတွေကိုအထူးသဖြင့် မကြာခဏအသုံးပြုရင် ယားယံမှုကို ဖြစ်စေပြိးအဲဒါက HIV ပိုးနဲ့ တခြားသောလိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးတွေ ကူးခံရနိုင်ချေကိုပိုများစေပါတယ်။

    လိင်ဆက်ဆံမှုကိုရှောင်ကြဉ်ခြင်းကတော့ ကိုယ်ဝန်ကိုရော လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

    ဖြစ်တတ်သောဘေးထွက်ဆိုးကျိုးများ

    သုက်ပိုးသတ်ဆေးတွေဟာမိန်းမကိုယ်နဲ့ ဘေးတစ်ဝိုက်အရေပြားတွေကို ယားယံစေပါတယ်။ အဲဒီယားယံမှုကလိင်ကတစ်ဆင့် ရောဂါတွေကူးစက်နိုင်ချေကို မြင့်စေပါတယ်။ နောက်ထပ်ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ မကြာခဏဆီးလမ်းကြောင်း ပိုးဝင်တတ်ခြင်းပါပဲ။ ဘာဖြစ်လို့လဲဆိုရင် သုက်ပိုးသတ်ဆေးတွေဟာမိန်းကလေးရဲ့ ခန္ဓါကိုယ်ထဲကဘက်တီးရီးယားတွေကိုပုံမှန်မဖြစ်အောင် အနှောင့်အယှက်ပေးလို့ ဖြစ်ပါတယ်။

    ဘယ်သူသုံးလို့ရသလဲ

    ကလေးတားထားဖို့ တာဝန်တစ်ခုအနေနဲ့ သဘောထားသူတွေ၊ ကွန်ဒုံးဒါမှမဟုတ် တခြားသားဆက်ခြားနည်းတခုခုသုံးနေရင်းပိုပြိးစိတ်ချရချင်လို့ သုံးတဲ့သူတွေအတွက် သင့်တော်ပါတယ်။

    ဘယ်လိုဝယ်လို့ရနိုင်မလဲ

    သုက်ပိုးသတ်ဆေးတွေက ဆရာဝန်ညွှန်ကြားစာမပါဘဲလွယ်လွယ်ကူကူ ဝယ်လို့ရသလို၊ ဆေးဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ ရနိုင်ပါတယ်။ များသောအားဖြင့် ကွန်ဒုံး၊ အမျိုးသမီးသန့်စင်ပစ္စည်းတွေနဲ့ အတူတူထားလေ့ရှိပါတယ်။ သုက်ပိုးသတ်ဆေးတွေ ရွေးချယ်တဲ့အခါမှာတော့ သေချာဂရုစိုက်ဖို့ လိုပါမယ်။ ဘာလို့ဆိုတော့ သူတို့ရဲ့ ထုပ်ပိုးမှုကတခြားအမျိုးသမီးသုံးသန့်စင်ပစ္စည်းတွေနဲ့ ဆင်တူနေလို့ပါပဲ။ အဲဒီပစ္စည်းတွေက ဘယ်လိုကိုယ်ဝန်တားမပေးနိုင်တာမို့ မှားယွင်းအသုံးပြုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

    ဘယ်လောက်ကုန်ကျနိုင်လဲ

    ကိုယ်သုံးမယ့်အမျိုးအစားပေါ် မူတည်ပြီး (ဥပမာအရည်ကြည် ဆိုရင် ဂျယ်လ်ထက် ဈေးပိုများပါတယ်) ဒေါ်လာဝက်နေ တစ်ဒေါ်လာခွဲလောက်ထိကျသင့်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement