backup og meta

ဘယ်ကိုယ်ဝန်တားနည်းက သင့်အတွက် သင့်လျော်ပါသလဲ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်ကိုယ်ဝန်တားနည်းက သင့်အတွက် သင့်လျော်ပါသလဲ။

    ဘယ်ကိုယ်ဝန်တားနည်းက သင့်အတွက် သင့်လျော်ပါသလဲ။

    ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ကိုယ်စီပါရှိတဲ့ ကိုယ်ဝန်တားနည်းပေါင်းများစွာရှိတဲ့အတွက် သင့်လိုအပ်ချက်တွေနဲ့ကိုက်ညီတာကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါဟာ ဘာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြံပြုတဲ့ဆေးကိုပဲ သုံးဖို့ပိုလွယ်ကူရိုးရှင်းရသလဲဆိုတာရဲ့ အဓိကအဖြေပါပဲ။

    အောက်ဖော်ပြပါတွေကတော့ သင်သိထားသင့်တဲ့ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တဲ့ ထင်ရှားတဲ့ ကိုယ်ဝန်တားဆေးအမျိုးအစားတွေဖြစ်ပါတယ်။ ဒါတွေကိုသိထားခြင်းဖြင့် သင့်အတွက် ရွေးချယ်ရပိုလွယ်ကူမှာပါ။

    ကွန်ဒုံး

    Latex ဒါမှမဟုတ် ပလပ်စတစ်နဲ့လုပ်ထားတဲ့ အလွှာလေးဖြစ်ပြီးတော့ လိင်တံတစ်လျှောက်မှာ ဆန့်ထုတ်ပြီး သုံးစွဲရတာဖြစ်ပါတယ်။ အမျိုးသမီး ကွန်ဒုံးကိုတော့ သုတ်ပိုးနဲ့ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို ကာကွယ်ဖို့ အသုံးပြုပါတယ်။ အမျိုးသားသုံး ကွန်ဒုံးဟာ ၈၂% ထိရောက်မှု ရှိပြီးတော့ အမျိုးသမီးသုံး ကွန်ဒုံးကတော့ ၇၆% ထိရောက်မှု ရှိပါတယ်။

    မိန်းမကိုယ်တွင်းထည့် ပစ္စည်း

    လိပ်ခုံးပုံ စီလီကွန်ခွက်ဟာ စားပွဲတင်ဇွန်းတစ်ဇွန်းစာ သုတ်ပိုးသတ်ဆေးတွေနဲ့ ပြည့်နှက်နေပြီးတော့ မိန်းမကိုယ်ထဲကို ထည့်သွင်းအသုံးပြုရတဲ့ အရာဖြစ်ပါတယ်။ ဒီကိရိယာကတော့ သားအိမ်ခေါင်းကို ပိတ်ထားခြင်းအားဖြင့် ကိုယ်ဝန်တားပြီး ပါဝင်တဲ့ သုတ်ပိုးသတ်ဆေးကတော့ သုက်ပိုးတွေကို သတ်ပစ်ပါတယ်။ မိန်းမကိုယ်တွင်းထည့်တဲ့ ပစ္စည်းတွေက ကိုယ်ဝန် ရရှိမှုကို ၈၇% ကာကွယ်ပေးပါတယ်။

    ရေမြှုပ်

    နှစ်လက်မအရွယ်ရှိတဲ့ ရေမြှုပ်ဟာ သုက်ပိုးသတ်ဆေးတွေ ပါဝင်ပြီးတော့ လိင်မဆက်ဆံခင်မှာ မိန်းမကိုယ်ထဲကို ထည့်သွင်း အသုံးပြုရတာ ဖြစ်ပါတယ်။ မိန်းမကိုယ်တွင်းထည့် ပစ္စည်းအလားတူ ရေမြှုပ်ဟာ သုက်ပိုးတွေကို မျိုးဥဆီရောက်ရှိခြင်းက ကာကွယ်ပေးပြီး သုက်ပိုးသတ်ဆေးကတော့ သုက်ပိုးတွေကို သတ်တာဖြစ်ပါတယ်။ ရေမြှုပ်ဟာ ကလေးမမွေးဖူးတဲ့ အမျိုးသမီးတွေမှာဆိုရင် ၈၇% ထိရောက်မှု ရှိပြီး ကလေးမွေးဖူးတဲ့ အမျိုးသမီးတွေမှာတော့ ၇၆% အကျိုးသက်ရောက်မှု ရှိပါတယ်။

    ကိုယ်ဝန်တားဆေး

    ပေါင်းစပ်ကိုယ်ဝန်တားဆေးတွေမှာ estrogen နဲ့ progestin ဟော်မုန်းတွေ ပါဝင်ပါတယ်။ ဆေးပြား အသေးကတော့ progestin ပဲ ပါဝင်ပါတယ်။ ကိုယ်ဝန်တားဆေးတွေဟာ သားဥကြွေခြင်းကို တားမြစ်ပြီးတော့ သားအိမ်ခေါင်းက အကျိအချွဲတွေကို ထူစေခြင်းအားဖြင့် သုက်ပိုးကို မျိုးဥဆီ မရောက်ရှိအောင် တားမြစ်ပါတယ်။ ကိုယ်ဝန်တားဆေးတွေဟာ ကိုယ်ဝန်ရရှိမှုကနေ ၉၁% ကာကွယ်နိုင်ပါတယ်။

    ကွင်း

    ပျော့ပြောင်းပြီး သေးငယ်တဲ့ NuvaRing လို့ခေါ်တဲ့ အကွင်းကို မိန်းမကိုယ်အတွင်းထည့်သွင်းရတာဖြစ်ပြီး သူက estrogen နဲ့ progestin တွေကို ထုတ်လွှတ်ပါတယ်။ ဟော်မုန်းတွေဟာ သားဥကြွေခြင်းကို တားမြစ်ပြီးတော့ သားအိမ်ခေါင်းအကျိအချွဲတွေကို ထူစေခြင်းအားဖြင့် သုက်ပိုးတွေကိုရပ်တန့်စေပါတယ်။ သုံးပတ်ထည့်ပြီး တစ်ပတ် အပြင်ထုတ်ပါ (သို့) ထိုအကွင်းကို ဆက်တိုက်အသုံးပြုနိုင်ပါတယ်။ လေးပတ်ဆက်တိုက်သုံးပြီးနောက် ဖယ်ရှားပြီး ရာသီကျော်လွန်စေဖို့ အသစ်တစ်ခုနဲ့ အစားထိုးနိုင်ပါတယ်။ ထိုကွင်းဟာ ကိုယ်ဝန်မရရန် ၉၁% ကာကွယ်ပေးပါတယ်။

    ကပ်ခွာအပြား

    Xulane လို့ခေါ်တဲ့ အပြားလေးကို လက်မောင်းအပြင်ဘက်၊ နောက်ကျော အပေါ်ဘက်၊ အစာအိမ်ပေါ်နဲ့ တင်ပါးတို့မှာ ကပ်ထားနိုင်ပါတယ်။ သူ့မှာ estrogen နဲ့ progestin ဟော်မုန်း တွေ ပါဝင်ပါတယ်။ အကွင်းလိုမျိုးပဲ ဟော်မုန်းနှစ်ခုက သားဥကြွေခြင်းကို တားမြစ်ကာ သားအိမ်ခေါင်း အကျိအချွဲတွေကို ထူစေပြီး သုက်ပိုးလှုပ်ရှားမှုကို ကာကွယ်ပေးခြင်းအားဖြင့် ကိုယ်ဝန်ကိုတားပေးပါတယ်။ သုံးပတ်ကပ်ထားပြီး စတုတ္ထတစ်ပတ်လုံး ဖယ်ထားနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ကိုယ်ဝန်ရရှိမှုကို ၉၁% ကာကွယ်ပေးပါတယ်။

    ထိုးဆေး (Depo-Provera)

    မီးယပ်သားဖွားဆရာဝန်က Progestin ဟော်မုန်းပါဝင်သောထိုးဆေးကို လက်မောင်းမှာထိုးပေးပါတယ်။ ဒီဆေးဟာ သားဥကြွေခြင်းကို တားမြစ်ပြီး သားအိမ်ခေါင်းအကျိအချွဲတွေကို ထူစေခြင်းအားဖြင့် သုက်ပိုးလှုပ်ရှားမှုကိုတားမြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကိုယ်ဝန်ရရှိမှုကို ၉၄% ကာကွယ်ပေးပါတယ်။

    သားအိမ်တွင်းထည့် ပစ္စည်း

    သားအိမ်တွင်းထည့် ပစ္စည်းမှာ ဟော်မုန်းပါတာနဲ့ မပါတာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့် ပစ္စည်းသုံးမျိုးကတော့ Mirena၊ Skyler နဲ့ Litetta တို့ဖြစ်ပါတယ်။ သူတို့အကုန်လုံးဟာ levonorgestrel ဟော်မုန်းကို ထုတ်ပေးပြီး သားဥကြွေခြင်းကို တားမြစ်ပါတယ်။ သားအိမ်တွင်းထည့် ပစ္စည်း နဲ့ ကိုယ်ဝန်ရရှိနိုင်မှုဟာ ၁% ထက်နည်းပါးတာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြိုက်တွေ့တဲ့ ကိုယ်ဝန်တားနည်း တစ်ခုဖြစ်ပါတယ်။

    လက်မောင်းထဲထည့်ပစ္စည်း

    သားဖွားမီးယပ်ဆရာဝန်က လက်မောင်းနေရာကို ထုံဆေးပေးပြီး မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းကို လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးပါတယ်။ ဒီပစ္စည်းမှာ progestin ဟော်မုန်းပါဝင်ပြီး သားဥကြွေခြင်းနဲ့ သားအိမ်ခေါင်း အကျိအချွဲတွေကို ထူစေခြင်းဖြင့် သုက်ပိုးတွေကို မျိုးဥတွေနဲ့ ပေါင်းစပ် သန္ဓေတည်ခြင်းကို တားမြစ်ပေးပါတယ်။ လက်မောင်းထဲ ထည့်သွင်းသော ပစ္စည်းဟာ ကိုယ်ဝန်ရရှိမှုကို ၉၉% ထက်ပိုမို ကာကွယ်ပေးပြီး သုံးနှစ်အထိ အသုံးပြုနိုင်ပါတယ်။

    အမျိုးသမီး သားကြောဖြတ်ခြင်း

    အမျိုးသမီး သားကြောဖြတ်ခြင်းဟာ သားဥကြွေခြင်းနဲ့ သုက်ပိုးနဲ့မျိုးဥ ပေါင်းစပ်ခြင်းကို ကာကွယ်ဖို့ သားဥပြွန်တွေကို ခွဲစိတ်ပြီး ချည်ကာပိတ်ဆို့ထားခြင်းဖြစ်ပါတယ်။ ခွဲစိတ်ဖို့ မလိုတဲ့နည်းလမ်းကတော့ Nikel-titanium သတ္တုစပ်ပါဝင်တဲ့ ကွိုင်တွေနဲ့ ပြုလုပ်ထားတဲ့ Essure ကို မိန်းမကိုယ်မှတစ်ဆင့် သားဥပြွှန်အတွင်းကို ထည့်သွင်းတာဖြစ်ပါတယ်။ ထိုကွိုင်တွေဟာ အမာရွတ်ကို ဖြစ်စေပြီး သားဥပြွန်တွေကို သုံးလအတွင်းပိတ်ဆို့ခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။

    နည်းလမ်းတွေ အကုန်ကို သိထားခြင်းဟာ သင်ကို ယခုအချိန်မှာသာမက အနာဂတ်မှာပါ မှန်ကန်တဲ့ ရွေးချယ်မှု ပြုလုပ်နိုင်စေပါတယ်။ နောက်ဆုံးမှာတော့ သင့်အသက်၂၀ လောက်မှာ သုံးတဲ့ ကိုယ်ဝန်တားနည်းဟာ သင်အသက် ၃၀၊ ၄၀ ဖြစ်လာရင် အကောင်းဆုံး ဖြစ်ချင်မှဖြစ်တော့မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement