backup og meta

ကာကွယ်နိုင်စွမ်း စိတ်ချရတဲ့ အလွယ်ကူဆုံး သားဆက်ခြားနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာကွယ်နိုင်စွမ်း စိတ်ချရတဲ့ အလွယ်ကူဆုံး သားဆက်ခြားနည်း

    အရွယ်ရောက်လာတဲ့သူတိုင်းဟာ အိမ်ထောင်ပြုကြတာက ဘဝရဲ့ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် အရွယ်ရောက်လို့ အိမ်ထောင်ပြုတာကဖြစ်ရိုးဖြစ်စဉ်ဆိုပေမယ့် အရာရာတိုင်းကဖြစ်ရိုးဖြစ်စဉ်အတိုင်း သွားလို့မဖြစ်ပြန်တာလည်းရှိပါတယ်။ ဒါကတော့ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတာပါ။ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတာမျိုးမဖြစ်ဖို့ဆိုရင်တော့ လုပ်ကိုင်ရမယ့်အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ သားဆက်ခြားနည်း အသုံးပြုတာပါ။

    ဘယ်လိုသားဆက်ခြားမလဲ

    သားဆက်ခြားနည်း တွေက တိုးတက်လာတဲ့ခေတ်နဲ့အညီ အမျိုးအစားတွေကအစုံအလင်ပါပဲ။

    ကာကွယ်နိုင်စွမ်း စိတ်ချရတဲ့ အလွယ်ကူဆုံး သားဆက်ခြားနည်း

    လွယ်ကူရိုးစင်းပြီး ထိရောက်အသုံးတည့်တဲ့ သားဆက်ခြားနည်း တစ်ခုရှိပါတယ်။ ဒီနည်းကရှေးကျတဲ့ သားဆက်ခြားနည်းတစ်ခုဆိုလည်းမမှားပါဘူး။ အရွယ်ရောက်သူတိုင်းအတွက်လည်း အဆင်ပြေစေမယ့် နည်းလမ်းလေးတစ်ခုပေါ့။ ဒါကတော့ ကွန်ဒုံးအသုံးပြုတာပါ။ ဒီနည်းလမ်းက အခြားသားဆက်ခြားနည်းလမ်းတွေနဲ့စာရင် အသုံးပြုရလွယ်ကူသလို ထိရောက်မှုလည်းရှိပါတယ်။ ကွန်ဒုံးအသုံးပြုမှုကနေရရှိတဲ့ကောင်းကျိုးတွေက ဒီလောက်နဲ့ မပြီးသေးပါဘူး။

    ကွန်ဒုံးအသုံးပြုမှုကြောင့် မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိမှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကွန်ဒုံးက မျိုးဥတွေနဲ့ သုက်ကောင်တွေကို မထိတွေ့နိုင်အောင်တားဆီးပေးပြီး လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးတာပါ။ ကွန်ဒုံးအသုံးပြုမှုက အကောင်းဆုံးသော သားဆက်ခြားနည်းတစ်ခုလို့ဆိုရပါမယ်။

    အားသာချက်တွေကဘာတွေများလဲ

    ကာကွယ်နိုင်စွမ်း စိတ်ချရတဲ့ အလွယ်ကူဆုံး သားဆက်ခြားနည်း ဖြစ်တဲ့ ကွန်ဒုံးရဲ့ အများနဲ့မတူတဲ့ အားသာချက်တွေကဘာတွေများလဲလို့ စိတ်ဝင်စားနေပြီလား။

    • ဟော်မုန်းမပါဝင်တာကြောင့် ရာသီစက်ဝန်းကိုမထိခိုက်စေနိုင်ဘူး

    သန္ဓေတားသောက်ဆေးတွေ၊ တချို့ သားအိမ်တွင်းထည့်ပစ္စည်းတွေလိုမျိုး ဟော်မုန်းပါဝင်မှုမရှိတာကြောင့် ရာသီစက်ဝန်းကိုထိခိုက်တာမျိုးဖြစ်မှာကို စိုးရိမ်စရာမလိုပါဘူး။

    • လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်းတစ်ခုပါ

    အခြားသားဆက်ခြားနည်းလမ်းတွေထက် သာလွန်နေတဲ့အချက်တစ်ခုပါ။ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးပြုတာက မမျိုးဥတွေကို သုက်ကောင်တွေနဲ့ မထိတွေ့အောင်တားပေးပြီး သားဆက်ခြားပေးတဲ့အပြင် လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။

    • အသုံးပြုရလွယ်ကူတယ်

    အခွံပေါ်မှာပါတဲ့ အညွှန်းအတိုင်းအသုံးပြုရုံသာဖြစ်ပြီး အခြားသားဆက်ခြားနည်းတွေလိုမျိုး လုပ်ရိုးလုပ်စဉ်တွေက ခက်ခဲမနေပါဘူး။

    • ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ အကူအညီရယူဖို့မလိုတဲ့ သားဆက်ခြားနည်းတစ်ခုပါ

    ဆေးခန်းသွားပြပြီး အသုံးပြုနည်းလမ်းညွှန်ရယူစရာမလိုပါဘူး။ ကိုယ်တိုင် အလွယ်တကူအသုံးပြုလို့ရတဲ့ တစ်ခုတည်းသော သားဆက်ခြားနည်းပါ။

    • ကုန်ကျစရိတ်သက်သာတယ်

    စရိတ်စကအနေနဲ့ အများကြီးကုန်ကျစရာမလိုပါဘူး။ အခြားသားဆက်ခြားနည်းတွေလိုမျိုး ကုန်ကျစရိတ် မများတဲ့ သားဆက်ခြားနည်းပါ။

    • အလွယ်တကူဝယ်ယူလို့ရပါတယ်

    နီးစပ်ရာဆေးဆိုင်တွေ၊ စူပါမားကတ်တွေမှာ အလွယ်တကူ မေးမြန်းဝယ်ယူလို့ ရပါတယ်။

    • သိမ်းဆည်းရလွယ်ကူတယ်

    သိမ်းဆည်းရတဲ့ နည်းလမ်းက အရမ်း မခက်ခဲဘဲ အလွယ်တကူ သိမ်းဆည်းထားလို့ ရပါတယ်။ အိတ်ထဲမှာ ဆောင်ထားလို့လည်း ရပါတယ်။

    • အခြားသားဆက်ခြားနည်းတွေလို ကလေးပြန်ယူဖို့ အချိန်စောင့်စရာမလိုပါဘူး

    အခြား သားဆက်ခြားနည်းတွေ လိုမျိုး အသုံးမပြုတဲ့အခါ ဘေဘီလေး ရရှိစေဖို့ အချိန်ကာလ အတိုင်းအတာ တစ်ခု အထိ စောင့်နေစရာ မလိုပါဘူး။

    နို့တိုက်နေရတဲ့ မိခင်တွေအနေနဲ့လည်း အသုံးပြုလို့သင့်တော်တဲ့ သားဆက်ခြားနည်း တစ်ခုပါ။

    ဒီလို လွယ်ကူ ကောင်းမွန်တဲ့ အချက်တွေကြောင့် အားလုံးအတွက် အသုံးပြုရတာ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး သားဆက်ခြားနည်းက ကွန်ဒုံး အသုံးပြုတာဖြစ်တယ်လို့ အကြံပြုပြောကြားလိုပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ကုန်ကျစရိတ် သက်သာပြီး အထိရောက်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို ရွေးတော့မယ်ဆိုရင် ကွန်ဒုံး အသုံးပြုဖို့ ပြောပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement