home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ

လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ

လိင်မှုကိစ္စဆိုတာ ရှက်စရာ ရွံ့စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အိပ်၊ စား၊ ကာမ ၃မျိုးလုံးဟာ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ကွန်ဒုံးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။

လူတော်တော်များများက ကွန်ဒုံးဝယ်ရမှာကို ရှက်ရွံ့ကြတယ်။ လိင်မှုကိစ္စအကြောင်း ပြောတော့မယ်ဆိုရင် ဟာသ တစ်ခုလို မြင်တတ်တယ်။ အပြစ်ကြီး တစ်ခုလုပ်သလို စိတ်ထဲမှာ ခံစားရတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်၊ ဘာသာရေးအယူအဆတွေရဲ့ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်မှာပါ။

လူတော်တော်များများက လိင်ဆက်ဆံတဲ့အချိန်မှာ ကွန်ဒုံးကို မသုံးတတ်ကြဘူး။ တချို့ကလည်း မေ့သွားလို့၊ တချို့ကလည်း ကွန်ဒုံးသုံးရတာ မကြိုက်လို့ အစရှိတဲ့ အကြောင်းပြချက် မျိုးစုံပါပဲ။ ဒီဆောင်းပါးမှာတော့ ကွန်ဒုံးရဲ့ အရေးပါပုံနဲ့ လိင်ဆက်ဆံတိုင်း ဘာကြောင့် ကွန်ဒုံးကို အသုံးပြုသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်နိုင်တယ်။

ကာလသားေရာဂါ၊ အရေပြားရောဂါ၊ HPV ဗိုင်းရပ်စ်ပိုး၊ HIV ရောဂါပိုး မကူးစက်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကတော့ ကွန်ဒုံးကို စနစ်တကျ အသုံးပြုတာပါပဲ။ လိင်တူ၊ လိင်ကွဲ ဆက်ဆံရင်ဖြစ်စေ၊ ပါးစပ်နဲ့ ဖြစ်စေ၊ မိန်းမကိုယ်၊ စအိုနဲ့ လိင်ဆက်ဆံတာဖြစ်စေ ကွန်ဒုံးကို အသုံးပြုပေးဖို့ အလွန်အရေးကြီးပါတယ်။

၂။ သန္ဓေတားဖို့ အထောက်အကူပေးနိုင်တယ်။

ကွန်ဒုံးဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေသာမက မလိုအပ်ပဲ ကိုယ်ဝန်ရသွားမှာကိုလည်း တားဆီးပေးနိုင်ပါတယ်။ သန္ဓေတားဆေးေတွဟာ ထိရောက်မှုရှိပေမဲ့ ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် မလိုအပ်တဲ့ ကိုယ်ဝန်တွေ ဖြစ်မလာစေဖို့ သန္ဓေတားဆေးသောက်ပါ။ ကွန်ဒုံးကိုလည်း လိင်ဆက်ဆံတိုင်းမှာ အသုံးပြုပါ။

လက်ထပ်ပြီးကာစ ဇနီးမောင်နှံတွေလည်း ကလေးယူဖို့ စိတ်ကူးမရှိသေးဘူးဆိုရင် ကွန်ဒုံးကို အသုံးပြုပေးတာ အကောင်းဆုံးပါပဲ။

၃။ ကွန်ဒုံးမှာ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပါတယ်။

သန္ဓေတားဆေးနဲ့ ယှဉ်လိုက်တဲ့အခါမှာ ကွန်ဒုံးတွေမှာ ဘေးထွက်ဆိုးကျိုး ဖြစ်တာမျိုး မတွေ့ရပါဘူး။ ရာဘာ (latex) နဲ့ ဓါတ်မတည့်တဲ့ လူနည်းစုမှာသာ အသုံးပြုချိန် ယားယံတာမျိုး ဖြစ်တတ်တာပါ။ ဒီအခါမှာ latex မပါဝင်တဲ့ ကွန်ဒုံးအမျိုးအစားကို ရှာဝယ်ပြီး အသုံးပြုနိုင်ပါတယ်။

၄။ ကွန်ဒုံးအများစုက ဈေးသက်သာပါတယ်။

ဆေးတွေထက်စာရင် ကွန်ဒုံးဟာ အလွယ်တကူ ဝယ်ယူလို့ ရတဲ့အပြင် ကုန်ကျစရိတ်လည်း နည်းပါးပါတယ်။

၅။ ကွန်ဒုံးတွေကို စတိုးဆိုင်တွေမှာ အလွယ်တကူ ရနိုင်ပါတယ်။

ဆရာဝန်နဲ့ ပြသစရာမလို၊ ဆေးအညွှန်းတွေ၊ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ပူစရာ မလို၊ ဆေးဆိုင် ဒါမှမဟုတ် စတိုးဆိုင်တွေမှာ ကွန်ဒုံးတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ ကွန်ဒုံးဝယ်ယူတဲ့အခါမှာ သက်တမ်းကုန်ဆုံးတဲ့ နေ့ရက်ကို သတိထားပြီး ကြည့်ဖို့တော့ လိုအပ်ပါတယ်။ သက်တမ်းလွန်နေတဲ့ ကွန်ဒုံးတွေဟာ ပေါက်ပြဲနိုင်တဲ့အပြင် ရောဂါပိုးတွေကိုလည်း ကူးစက်နိုင်ခြေ ပိုမြင့်စေတာကြောင့်ပါ။

၆။ သယ်ယူရ လွယ်ကူပါတယ်။

အထုပ်ကလေးတွေနဲ့ သေချာထုတ်ပိုးပြီး ထည့်ထားတာဖြစ်တယ်။ အလွယ်တကူ အသုံးပြုလို့ ရတယ်။ ခရီးသွားရင်လည်း အိတ်ဆောင်အနေနဲ့ ထည့်သွားလို့ လွယ်ကူပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Ref:

Benefits Of Using Condoms –https://www.plannedparenthood.org/learn/birth-control/condom/what-are-the-benefits-of-condoms

Accessed Dec 13, 2018.

Why Should We Use Condoms –https://medium.com/healthtap/5-unique-benefits-of-condom-use-60bf44c1ec8

Accessed Dec 13, 2018.

 

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။