home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့သူတွေ လောကမှာ တကယ်ရှိနေလား

လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့သူတွေ လောကမှာ တကယ်ရှိနေလား

ဒီမေးခွန်းကို လူအများစုက မဖြစ်နိုင်ဘူးလို့ပဲ ဖြေကြမှာပါပဲ။ ပုံမှန် လူသားအများစုဟာ အအိပ်၊ အစား၊ ကာမ ဒီတာဝန် ၃ခုနဲ့ နေ့စဉ်ဘဝရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းတတ်ကြပေမယ့် လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး စိတ်ခံစားချက်၊ သာယာမှု မရှိတာ၊ စိတ်မဝင်စားတဲ့ လူနည်းစုဟာ အမှန်တကယ် ရှိနေပါတယ်။

လိင်မှုကိစ္စအပေါ် စိတ်မဝင်စားခြင်းဆိုတာ ဘာလဲ။

လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ အတူနေနေရတဲ့အချိန်မှာ၊ သို့မဟုတ် ကိုယ်ချစ်ရတဲ့သူအကြောင်း တွေးမိတဲ့အခါ လိင်ဆက်ဆံလိုစိတ် မဖြစ်ပေါ်လာတာ၊ လိင်ဆက်ဆံမှု ပြုဖို့ လိုအပ်တယ်လို့ မခံစားရတာ အစရှိတဲ့ ခံစားချက်မျိုး ကို လိင်မှုကိစ္စကို စိတ်မဝင်စားခြင်း (Asexuality) လို့ ခေါ်ပါတယ်။

လိင်မှုကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုမရှိခြင်းဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်ခြေရှိပြီး လက်ရှိအချိန် Asexual လူဦးရေဟာ တစ်ကမ္ဘာလုံးမှာ ၁ရာခိုင်နှုန်းလောက်သာ ရှိနေပါတယ်။ ဒါဟာလည်း ကိုယ်ပိုင် ရွေးချယ်မှုတစ်ခုမဟုတ်ဘဲ မွေးကတည်းက ဖြစ်တည်လာတဲ့ လိင်စိတ်တိမ်းညွှတ်မှု၊ ခံစားချက်နဲ့ စိတ်ခံယူမှုနဲ့သာ သက်ဆိုင်မှုရှိပါတယ်။

Asexual တွေဟာ အမြဲတမ်း တစ်ယောက်တည်း နေတတ်ကြတာလား။

လိင်စိတ်ဆန္ဒ မရှိတဲ့သူတွေမှာ လူတစ်ဦးတစ်ယောက်ပေါ် မူတည်ပြီး ချစ်သူ၊ အိမ်ထောင်ရှာတတ်တဲ့သူတွေလည်း ရှိသလို တစ်ယောက်တည်းပဲ တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားတတ်တဲ့သူတွေလည်း ရှိပါတယ်။

ချစ်သူ၊ အိမ်ထောင်ပြုတဲ့တိုင်အောင် လိင်မှုကိစ္စအပေါ် သာယာမှုမရှိပဲ စိတ်ခံစားချက်ပိုင်းဆိုင်ရာနဲ့ နွေးထွေးမှုသံယောဇဉ်ကိုသာ တည်ဆောက်တတ်ကြပါတယ်။ အလွယ်ပြောရမယ်ဆိုရင်တော့ ချစ်နေရရုံနဲ့ ပြီးပြည့်စုံပြီ၊ ကျန်တာ ဘာမှမလိုအပ်ဘူး ဆိုတဲ့ ပုံစံမျိုးပေါ့။

Asexual ဘယ်နှမျိုး ရှိသလဲ။

၁။ ဆန့်ကျင်ဘက်လိင်ကို ချစ်ခင်နှစ်သက်သူ (Heteroromantic)

၂။ လိင်တူကို ချစ်ခင်နှစ်သက်သူ (Homoromantic)

၃။ လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို ချစ်ခင်နှစ်သက်သူ (Biromantic)

၄။ လိင်သတ်မှတ်မှုမရှိပဲ လိင်အားလုံးကို ချစ်ခင်နှစ်သက်သူ (Panromantic)

၅။ ဘယ်သူ့အပေါ်မှာမှ ချစ်ခင်နှစ်သက်တဲ့ စိတ်မဖြစ်သူ (Aromantic) ဆိုပြီး ၅မျိုး ရှိပါတယ်။

Asexual တွေအပေါ် ချစ်မိသွားတဲ့အခါ ကိုယ့်ဘက်က နားလည်လက်ခံပေးရမှာ ညှိနှိုင်းပေးဖို့ လိုအပ်တာတွေ အများကြီးရှိလာနိုင်ပါတယ်။ အထူးသဖြင့် လိင်မှုကိစ္စ ဆက်ဆံဖို့ အခြေအနေမှာ တစ်ဦးနဲ့ တစ်ဦး ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ မိမိနဲ့ လိင်ဆက်ဆံဖို့ အမြဲတိုက်တွန်းတာ၊ ဖိအားပေးနေတာထက် Asexual တွေဟာ အတူချစ်ခင်ကြည်နူးရတဲ့ နွေးထွေးမှုအရသာကို ပိုပြီး လိုလားတဲ့သူတွေ ဖြစ်တာကြောင့် ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Definition Of Asexual –https://www.dailydot.com/irl/asexual-definition/ (March 1, 2019)

Things You Should Know About Being Asexual –https://www.cosmopolitan.com/sex-love/q-and-a/a30581/sex-talk-realness-asexuality/ (March 1, 2019)

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 29/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။