backup og meta

ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးဖြစ်စေဖို့ လျို့ဝှက်ချက် လေးချက်


Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးဖြစ်စေဖို့ လျို့ဝှက်ချက် လေးချက်

    သာယာပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုတစ်ခုရဲ့ လျှို့ဝှက်ချက်တွေဟာ ဘာတွေလဲဆိုတာ သင့်ကိုယ်သင် မေးကြည့်ဖူးပါသလား။ အပြင်မှာ အများကြီး ပြောနေကြပေမယ့် ချစ်ခြင်းမေတ္တာကို ကြာရှည်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုရင် အရမ်းအရေးကြီးတဲ့ အချက်လေးချက် ရှိပါတယ်။

    ၁။ အမြဲ ထိတွေ့ဆက်သွယ်နေမှုဟာ အရာရာပါပဲ။

    ဆက်ဆံမှုတစ်ခုမှာ သင်နဲ့ သင့်ချစ်သူနဲ့ရဲ့ တစ်ဦးနဲ့ တစ်ဦီး လိုချင်တာတွေ၊ လိုအပ်ချက်တွေကို နားလည်မှုဟာလည်း အရမ်းအရေးပါ ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သိကျွမ်းအောင် လုပ်ရုံတင်သာမက ပြဿနာတွေ၊ အခက်အခဲတွေကို အတူဖြေရှင်းဖို့အတွက် အမြဲ ဆက်သွယ်နေဖို့က အရေးကြီးပါတယ်။ ဒီနည်းထက်ပိုကောင်းတာ ဘာရှိအုံးမှာလဲ။ တကယ်တော့ လေ့လာမှုအတော်များများက စကားပြောဖြစ်တဲ့ စုံတွဲတွေဟာ နောက်ဆုံးမှာ ကွာရှင်းဖြစ်တာ (သို့) ကွဲသွားတာ ဖြစ်စေတဲ့ ရန်ဖြစ်မှုတွေကို ဖြစ်ပွားမှုနှုန်းနည်းတယ်လို့ ပြောပါတယ်။

    ၂။ သင်လက်ထပ်မယ့်သူ ဘယ်သူလဲဆိုတာ သေချာစွာ သိပါ။

    လူတွေဖြစ်တဲ့အားလျော်စွာ အရူးအမူးချစ်တာတွေ (သို့) မြင်မြင်ချင်းချစ်မိတာတွေ အစရှိတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ သင့်ကို အဲဒီလူနဲ့ အမြန် လက်ထပ်ရမယ်လို့ မဆိုလိုပါဘူး။ လက်ထပ်ခြင်းဆိုတာ အလေးထားအပ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပြီးတော့ သူ၊သူမ ဘယ်သူလဲဆိုတာ သေချာသိမှသာ လက်ထပ်ဖို့ စဉ်းစားသင့်ပါတယ်။ သူ၊သူမ ဘယ်သူဆိုတာဟာ ဒီအတိုင်းကြည့်ရင် မြင်ရတာထက် အများကြီးပိုနိုင်ပြီးတော့ ပင်ကိုစရိုက်ကို သိနားလည်ဖို့ဆိုတာ အချိန်ယူရပါတယ်။ ဒါ့ကြောင့် သင်ဘာလုပ်နေသလဲဆိုတာ သေချာ သိထားပြီး သင့်ချစ်သူကို လက်မထပ်ခင် အတွင်းထိ သိထားဖို့ လိုအပ်ပါတယ်။ ဒါဟာ လက်ထပ်ပြီးရင် အမျက်ထွက်စေတဲ့ အရင်က တစ်ခါမှ သတိမထားမိခဲ့တဲ့ သေးငယ်တဲ့ အရာတွေအပေါ်မှာ အငြင်းပွားမှုကနေ သင့်ကို ကာကွယ်ပေးမှာပါ။

    ၃။ အဖွဲ့တစ်ဖွဲ့လို ပြုမူပါ။

    လက်ထပ်မှုဟာ လူနှစ်ယောက်လိုအပ်ပြီးတော့ လက်ထပ်ပြီးချိန်ကစပြီး သင်တို့နှစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်သွားတာကို နားလည်ဖို့လိုပါတယ်။ ဒါ့ကြောင့် သင့်ချစ်သူကို ပံ့ပိုးပေးဖို့လိုအပ်ပြီး အခက်အခဲတွေ ဖြစ်လာတဲ့ အကျိုးဆက်တွေကို အတူဖြေရှင်းဖို့လိုပါတယ်။ တစ်ခုခုက သင့်ကို စိတ်တိုစေပြီဆိုရင် သင့်ချစ်သူကို မပြောပြတော့တာကြောင့် ဒါဟာ သူ့အနေနဲ့ကြည့်ရင် သူ့ကို မလေးစားရာရောက်ပြီး အထီးကျန်စေပါတယ်။ ဒါဟာ နောက်ဆုံးမှာ စိတ်ကျရောဂါကို ဖြစ်စေပြီး ခဏခဏ အငြင်းပွားမှုတွေကို ဖြစ်စေကာ အိမ်ထောင်ကွဲသွားတာမျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    ၄။ သင်နဲ့ ဆက်စပ်ယူလို့ရတဲ့ သူကိုသာ လက်ထပ်ပါ။

    သင်ဟာ အချိန်ကြာမြင့်စွာ တည်ရှိတဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတာ မမေ့သင့်ပါဘူး။ သင့်ချစ်သူဟာလည်း ဒီလိုလုပ်နေတဲ့အချိန်မှာ ပါဝင်သင့်ပါတယ်။ အရည်အချင်းရှိတဲ့ ကောင်းမွန်တဲ့ လက္ခဏာတွေရှိတဲ့ (ဥပမာ စမတ်ကျတာ၊ ရယ်ရတာ၊ ဂရုစိုက်တတ်တာ) သူကိုသာ ရွေးချယ်သင့်တယ်လို့ အများက ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တွေ အကုန်ရှိတဲ့သူကို လိုက်ရှာမယ့်အစား သင်နဲ့ ကိုက်ညီတဲ့သူ၊ သင်ဟာ ဒီလူနဲ့ဆို အနာဂတ်ကို မြင်နိုင်တဲ့သူမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

    ပျော်ရွှင်ပြီး ကြာမြင့်တဲ့ဆက်ဆံမှုတစ်ခုကို ထိန်းသိမ်းဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါဟာ စိတ်ရှည်မှု၊ နားလည်မှု၊ အသိအမှတ်ပြုဖို့ လိုအပ်တဲ့ သတ္တိနဲ့ သင့်ချစ်သူကို ချီးကျူးမှုတွေ လိုအပ်ပါတယ်။ ဒါ့ကြောင့် အထက်ဖေါ်ပြပါ အချက်တွေကို နေ့စဉ်လိုက်နာသင့်ပါတယ်။ ဒါပေမယ့် ပြဿနာတွေ ဖြစ်လာပြီး သင်တို့ မဖြေရှင်းနိုင်တော့ဘူးဆိုရင် အိမ်ထောင်ရေး ကျွမ်းကျင်သူ (သို့) လက်ခံဆွေးနွေးပေးသူနဲ့ နောင်အနာဂတ်အတွက် အကြံဉာဏ်တွေ၊ လမ်းပြမှုတွေနဲ့ ကုသမှုတွေ ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement