backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲတွင် နေနိုင်သလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲတွင် နေနိုင်သလား

သိပ္ပံပညာရှင် များက စောစောပိုင်းတွင် အီဘိုလာဗိုင်းရပ်စ်ပိုးသည် ရောဂါရှိသော အမျိုးသားများ၏ သုက်ရည်ထဲ၌လအနည်းငယ်သာ အသက်ရှင်နိုင်သည်ဟု တွေးထင်ခဲ့ကြသည်။ ယခုအခါတွင်မူ Lancet Global Health စာစောင်တွင်

ဖော်ပြခဲ့သော လေ့လာမှုအသစ်တစ်ခုက သေဆုံးမှုမြင့်မားသော ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲ၌ ကျွန်ုပ်တို့ မျှော်လင့်သည်ထက် ပိုမိုကြာရှည်စွာနေနိုင်သည်ဟု ဖော်ပြခဲ့ပါသည်။

(၁)လေ့လာမှုအသစ်ပါဖော်ပြချက်

လိုင်ဘီးရီးယား အမျိုးသားကျန်းမာရေး စစ်ဆေးမှုတွင် အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသား ၄၄၆ ဦး၏ သုက်ရည်တို့ကိုလေ့လာခဲ့ကြသည်။ ထိုအထဲမှ ၃၈ ဦးသည် ရောဂါသက်သာပြီး အနည်းဆုံး ၁နှစ်ကြာအထိ သုက်ရည်ထဲတွင်

အီဘိုလာပိုးရှိနေသည်ကို တွေ့ရသည်။ မှတ်တမ်းများအရ အများစုမှာ အသက် ၄၀ ကျော် အမျိုးသားများ ဖြစ်ကြသည်။

အံ့အားသင့်စရာမှာ အမျိုးသားတစ်ဦးသည် ရောဂါလုံးဝပြန်လည်ကောင်းမွန်ပြီး ၅၆၅ ရက်ကြာအထိ သူ၏ သုက်ရည်ထဲတွင် ဗိုင်းရပ်စ်ပိုး ရှိနေခြင်းဖြစ်သည်။ ထိုတွေ့ရှိချက်မတိုင်မီက ဗိုင်းရပ်စ်ပိုးသည် ရောဂါသက်သာပြီး ၃ လအကြာအထိသာ ရောဂါဖြစ်သူ၏ သုက်ရည်ထဲ၌ ရှိနေနိုင်သည်ဟု အများစုကဆိုခဲ့ကြသည်။ ယခုအခါတွင်မူ ဗိုင်းရပ်စ်ပိုးသည်

သုက်ရည်ထဲတွင် တစ်နှစ်ကျော်ကြာသည်အထိပင် ရှိနေနိုင်သည်ကို သဘောပေါက်ခဲ့ကြသည်။

(၂)အကာအကွယ်မဲ့ လိင်ဆက်ဆံမှုက အီဘိုလာဗိုင်းရပ်စ်ကို ပြန်လည်ကူးစက်စေနိုင်သည်

ကူးစက်ရောဂါထိန်းချုပ်ရေးဌာန CDC က ၂၀၁၅ ခုနှစ် မေလတွင် အီဘိုလာသည် လိင်ဆက်ဆံမှုမှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း ယုံကြည်ခဲ့သည်။ ထိုယုံကြည်ချက်ကို အခြားဆေးကုသမှု ဌာနများမှလည်း သဘောတူခဲ့ကြသည်။

လိုင်ဘေးရီးယား အမျိုးသမီးတစ်ဦးသည် အီဘိုလာကူးစက်ခဲ့ရပြီး သေဆုံးခဲ့ဖူးသည်။ ထိုအချိန်တွင် လိုင်ဘေးရီးယား နိုင်ငံ၌ အီဘိုလာကင်းစင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူမရောဂါကူးစက်ခံရခြင်းမှာ ရောဂါဖြစ်ဖူးသူ

အမျိုးသားနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့်ဟု ယူဆခဲ့ကြသည်။ လိင်ဆက်ဆံဖက် အမျိုးသား၏ သုက်ရည်ထဲတွင်

ရောဂါဖြစ်ပွားပြီးချိန်အထိ ရောဂါပိုးကိုစစ်ဆေးတွေ့ရှိခဲ့သည်။ ထိုအမျိုးသားသည်လည်း ရက်ပေါင်း ၁၉၉ ရက်

ကြာသည်အထိနေကောင်းလျက်ရှိသည်။CDC က ရောဂါပိုးရှိနေသော သုက်ရည်ကြောင့် ရောဂါပိုး ကူးစက်ခြင်း

ဟုတ်မဟုတ် အခိုင်မာမပြောနိုင်သော်လည်း ရောဂါဖြစ်ဖူးသူ အမျိုးသားများကို လိင်ဆက်ဆံရာ၌ ကွန်ဒုံးသုံးရန်အခိုင်အမာတိုက်တွန်းထားသည်။

(၃)လိုင်ဘေးရီးယန်းလူထုထဲတွင် လေ့လာမှု၏ အကျိုးသက်ရောက်မှု

သိပ္ပံနည်းကျတွေ့ရှိချက်များအပြင် လေ့လာမှု၌ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုကိုပါ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။ လေ့လာမှုတွင် ပါဝင်သော အမျိုးသား ၇၅%သည် လိင်ဆက်ဆံရာ၌ ယခင်က ကွန်ဒုံး အသုံးမပြုသော်လည်း ထိုအန္တရာယ်ကို သိရှိပြီးသောအခါ ကွန်ဒုံးသုံးရန် ဆုံးဖြတ်ခဲ့ကြသည်။ ရောဂါပိုး ပြန်လည်ပြန့်နှံ့ခြင်း

မရှိရန် ပြည်သူလူထု၏ သတိပြုဆင်ခြင်ခြင်းကလည်း အလွန် အရေးကြီးသည်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းစွမ်းရည်ပိုင်းတွင်ရင်းနှီးမြှုပ်နှံ ခြင်းသည် အသက်ပေါင်း များစွာကို ကယ်တင်နိုင်ကြောင်းသိရှိနားလည်လာသည်။

လေ့လာမှုတွင် ပါဝင်သူများ မဖြေကြားသောမေးခွန်းများကို ချန်လှပ်ခဲ့သည်။ဥပမာ-အီဘိုလာရောဂါတွင် ကုသသောဆေးဝါးများသည် ရောဂါပိုးကို သုက်ရည်ထဲမှ ရှင်းထုတ်ခြင်းကို ပို၍မြန်ဆန်စေခြင်း ရှိမရှိ စသည် တို့ဖြစ်သည်။ သို့သော်လည်း လေ့လာမှုက ရောဂါပိုးရှိသူနှင့် သူ၏ ချစ်သူများကို ကာကွယ်နိုင်ရန် ရောဂါပိုးနှင့် ပတ်သက်သောအသိအမြင်များကို ပေးစွမ်းလျက်ရှိပါသည်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲတွင် နေနိုင်သလား

သိပ္ပံပညာရှင်များက စောစောပိုင်းတွင် အီဘိုလာဗိုင်းရပ်စ်ပိုးသည် ရောဂါရှိသော အမျိုးသားများ၏ သုက်ရည်ထဲ၌ လအနည်းငယ်သာ အသက်ရှင်နိုင်သည်ဟု တွေးထင်ခဲ့ကြသည်။ ယခုအခါတွင်မူ Lancet Global Health စာစောင်တွင် ဖော်ပြခဲ့သော လေ့လာမှု အသစ်တစ်ခုက သေဆုံးမှုမြင့်မားသော ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲ၌ ကျွန်ုပ်တို့ မျှော်လင့်သည်ထက် ပိုမိုကြာရှည်စွာ နေနိုင်သည်ဟု ဖော်ပြခဲ့ပါသည်။

(၁)လေ့လာမှုအသစ်ပါဖော်ပြချက်

လိုင်ဘီးရီးယား အမျိုးသားကျန်းမာရေး စစ်ဆေးမှုတွင် အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသား ၄၄၆ ဦး၏ သုက်ရည်တို့ကို လေ့လာခဲ့ကြသည်။ ထိုအထဲမှ ၃၈ ဦးသည် ရောဂါသက်သာပြီး အနည်းဆုံး ၁နှစ်ကြာအထိ သုက်ရည်ထဲတွင် အီဘိုလာပိုး ရှိနေသည်ကို တွေ့ရသည်။ မှတ်တမ်းများအရ အများစုမှာ အသက် ၄၀ ကျော် အမျိုးသားများ ဖြစ်ကြသည်။

အံ့အားသင့်စရာမှာ အမျိုးသားတစ်ဦးသည် ရောဂါလုံးဝ ပြန်လည်ကောင်းမွန်ပြီး ၅၆၅ ရက်ကြာအထိ သူ၏ သုက်ရည်ထဲတွင် ဗိုင်းရပ်စ်ပိုး ရှိနေခြင်းဖြစ်သည်။ ထိုတွေ့ရှိချက် မတိုင်မီက ဗိုင်းရပ်စ်ပိုးသည် ရောဂါသက်သာပြီး ၃ လအကြာအထိသာ ရောဂါဖြစ်သူ၏ သုက်ရည်ထဲ၌ ရှိနေနိုင်သည်ဟု အများစုက ဆိုခဲ့ကြသည်။ ယခုအခါတွင်မူ ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲတွင် တစ်နှစ်ကျော်ကြာသည် အထိပင် ရှိနေနိုင်သည်ကို သဘောပေါက်ခဲ့ကြသည်။

(၂)အကာအကွယ်မဲ့ လိင်ဆက်ဆံမှုက အီဘိုလာဗိုင်းရပ်စ်ကို ပြန်လည်ကူးစက်စေနိုင်သည်

ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန CDC က ၂၀၁၅ ခုနှစ် မေလတွင် အီဘိုလာသည် လိင်ဆက်ဆံမှု မှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း ယုံကြည်ခဲ့သည်။ ထိုယုံကြည်ချက်ကို အခြားဆေးကုသမှု ဌာနများမှလည်း သဘောတူခဲ့ကြသည်။

လိုင်ဘေးရီးယား အမျိုးသမီးတစ်ဦးသည် အီဘိုလာကူးစက်ခဲ့ရပြီး သေဆုံးခဲ့ဖူးသည်။ ထိုအချိန်တွင် လိုင်ဘေးရီးယား နိုင်ငံ၌ အီဘိုလာကင်းစင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူမရောဂါ ကူးစက်ခံရခြင်းမှာ ရောဂါဖြစ်ဖူးသူ အမျိုးသားနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့်ဟု ယူဆခဲ့ကြသည်။ လိင်ဆက်ဆံဖက် အမျိုးသား၏ သုက်ရည်ထဲတွင် ရောဂါဖြစ်ပွားပြီးချိန်အထိ ရောဂါပိုးကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုအမျိုးသားသည်လည်း ရက်ပေါင်း ၁၉၉ ရက်ကြာသည်အထိ နေကောင်းလျက်ရှိသည်။ CDC က ရောဂါပိုးရှိနေသော သုက်ရည်ကြောင့် ရောဂါပိုး ကူးစက်ခြင်း ဟုတ်၊ မဟုတ် အခိုင်မာမပြောနိုင်သော်လည်း ရောဂါဖြစ်ဖူးသူ အမျိုးသားများကို လိင်ဆက်ဆံရာ၌ ကွန်ဒုံးသုံးရန် အခိုင်အမာ တိုက်တွန်းထားသည်။

(၃)လိုင်ဘေးရီးယန်းလူထုထဲတွင် လေ့လာမှု၏ အကျိုးသက်ရောက်မှု

သိပ္ပံနည်းကျ တွေ့ရှိချက်များအပြင် လေ့လာမှု၌ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုကိုပါ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။ လေ့လာမှုတွင် ပါဝင်သော အမျိုးသား ၇၅%သည် လိင်ဆက်ဆံရာ၌ ယခင်က ကွန်ဒုံး အသုံးမပြုသော်လည်း ထိုအန္တရာယ်ကို သိရှိပြီးသောအခါ ကွန်ဒုံးသုံးရန် ဆုံးဖြတ်ခဲ့ကြသည်။ ရောဂါပိုး ပြန်လည်ပြန့်နှံ့ခြင်း မရှိရန် ပြည်သူလူထု၏ သတိပြုဆင်ခြင်ခြင်းကလည်း အလွန် အရေးကြီးသည်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းစွမ်းရည်ပိုင်းတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အသက်ပေါင်း များစွာကို ကယ်တင်နိုင်ကြောင်း သိရှိနားလည်လာသည်။

လေ့လာမှုတွင် ပါဝင်သူများ မဖြေကြားသော မေးခွန်းများကို ချန်လှပ်ခဲ့သည်။ ဥပမာ-အီဘိုလာရောဂါတွင် ကုသသော ဆေးဝါးများသည် ရောဂါပိုးကို သုက်ရည်ထဲမှ ရှင်းထုတ်ခြင်းကို ပို၍မြန်ဆန်စေခြင်း ရှိမရှိ စသည် တို့ဖြစ်သည်။ သို့သော်လည်း လေ့လာမှုက ရောဂါပိုးရှိသူနှင့် သူ၏ ချစ်သူများကို ကာကွယ်နိုင်ရန် ရောဂါပိုးနှင့် ပတ်သက်သော အသိအမြင်များကို ပေးစွမ်းလျက် ရှိပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement