backup og meta

အသက်အရွယ်အရ လိင်တံ ဘယ်လိုပြောင်းလဲလာသလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်အရွယ်အရ လိင်တံ ဘယ်လိုပြောင်းလဲလာသလဲ

    အမျိုးသားတွေဟာ အသက်ကြီးလာတဲ့အခါမှာ သူတို့ရဲ့ လိင်တံပြောင်းလဲမှုတွေ ကြုံရတယ်ဆိုတာ သဘာဝပဲဖြစ်ပါတယ်။ သူတို့ ကိုယ်ခန္ဓါထဲမှာ ယောက်ျားဟော်မုန်း ကျဆင်းလာတဲ့အတွက် အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတို့ဟာ ပြောင်းလဲလာတာ ဖြစ်ပါတယ်။

    အရွယ်အစား

    အကြီးအကျယ်မဟုတ်ပေမယ့် လင်တံဟာ အသက်ကြီးလာတဲ့အခါမှာ အရှည်ရော အထူပါ ပြောင်းလဲလာတယ်ဆိုတာကို အမျိုးသားတွေ သတိထားမိမှာပါ။ ဒီလို ကျုံ့လာရခြင်းရဲ့ အဓိက အချက်တွေကတော့ –

  • လိင်တံရဲ့ သွေးလွှတ်ကြောအတွင်းမှာ အဆီပိတ်ခြင်း
  • လိင်တံထောင်မတ်ခြင်းကို ဖြစ်စေတဲ့ အခန်းက အမျှင်လွှာအောက်မှာ ဆွဲဆန့်နိုင်ခြင်းမရှိတဲ့ collagen တွေ တဖြည်းဖြည်း ဖြစ်ပေါ်လာမှု တု့ိဖြစ်ပါတယ်။
  • လိင်တံအရွယ်အစားပြောင်းလဲလာစေတဲ့ နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်တက်လာလို့ပဲဖြစ်ပါတယ်။ ဗိုက်အောက်ပိုင်းမှာ အဆီစုဝေးလာတာဟာလည်း လိင်တံကို တိုတယ်လို့ ထင်ရစေပါတယ်။

    လိင်တံတင်မကပဲ၊ ဝှေးစေ့တွေနဲ့ ကပ်ပယ်အိပ်ကပါ အသက်ကြီးလာတာနဲ့အမျှ အရွယ်အစားသေးလာမှာပါ။ ယောက်ျားဟော်မုန်း ပမာဏ နည်းလာတာကြောင့် သုက်လွှတ်တာ နည်းလာပြီးတော့ သုက်ဖြစ်စေတဲ့ ကပ်ပယ်အိပ်ကလည်း ကျုံ့လာတာဖြစ်ပါတယ်။ ဒါ့အပြင် ငယ်ရွယ်စဉ်ကလို ကြွက်သားတွေက ကောင်းကောင်း အလုပ်မလုပ်တော့ဘဲ သင့်အရေပြားရဲ့ ကျုံ့ဆန့်နိုင်ခြင်းဟာလည်း ကျဆင်းလာပြီး အရွယ်အစားကို သေးငယ်လာစေပါတယ်။

    ပုံသဏ္ဍာန်

    အသိသာဆုံး ပုံသဏ္ဍာန်ပြောင်းလဲမှုကတော့ လိင်တံရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ဆီးခုံမွှေးဖြစ်ပါတယ်။ အရွယ်အစားရော၊ လုံးပတ်ရော ပြောင်းလဲမှုတွေဟာ အသက်အရွယ်နဲ့ အတူတူဖြစ်ပေါ်ပါတယ်။ Peyronie’s disease လို့ခေါ်တဲ့ ရောဂါဟာ လိင်တံမှာ ရှိတဲ့ အမာရွတ်တစ်ရှူးတွေ စုပြုံလာပြီးတော့ လိင်တံ ကွေးသွားတဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ လူလတ်ပိုင်း အမျိုးသားတွေမှာ အဖြစ်များပြီး ခွဲစိတ်ကုသခြင်း (သို့) ဆေးသောက်ခြင်းတို့နဲ့ ကုသနိုင်ပါတယ်။

    ဆီးခုံမွှေးတွေဟာလည်း ကိုယ်ခန္ဓါက အခြားအမွှေးအမျှင်တွေလိုမျိုး ပါးလာပြီးတော့ ဖြူလာပါလိမ့်မယ်။ ကျွမ်းကျင်သူတွေက လိင်တံဟာ အရွယ်မရောက်ခင် အခြေအနေကို ပြန်လည်ရောက်ရှိသွားပြီးတော့ ယောက်ျားဟော်မုန်း ပမာဏ ကျဆင်းလာတာကြောင့် အမွှေးအမျှင် မရှိတော့တာမျိုးဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

    လိင်တံထိပ်ဖျားမှာလည်း ပြောင်းလဲမှုရှိနိုင်ပြီး သူ့ရဲ့ ခရမ်းပြာရောင် မရှိနိုင်တာမျိုးဖြစ်နိုင်ပါတယ်။

    လိင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ

    အမျိုးသားတွေဟာ အသက်ကြီးလာတဲ့အခါမှာ သူတု့ိရဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ကျဆင်းလာတယ်ဆိုတာ မှန်ကန်ပါတယ်။ လိင်တံအတွင်းမှာ အာရုံကြောတွေရဲ့ အာရုံခံနိုင်မှုတွေ ကျဆင်းလာပြီးတော့ ယောက်ျားဟော်မုန်း ပမာဏ ကျဆင်းခြင်းဟာ သာယာမှုနဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းတွေကို ကျဆင်းစေပါတယ်။ သုက်ရည်ပမာဏနဲ့ သုက်ပိုးအရည်အသွေးဟာ အသက်ကြီးလာလေလေ ကျဆင်းလာလေလေပါပဲ။ ပန်းသေပန်းညှိုး ရောဂါဟာ လူလတ်ပိုင်းမှာ အဖြစ်များပါတယ်။ လေ့လာမှုတွေက မြုံနေတဲ့ အမျိုးသားတွေရဲ့ရာခိုင်နှုန်းဟာ အသက် ၄၀ ကနေ ၇၀ အတွင်းမှာ ၆၀ ရာခိုင်နှုန်း ကနေ အကြမ်းမျဉ်း ၃၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။

    ကျွမ်းကျင်သူတွေက လိင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ပြောင်းလဲခြင်းဟာ သင့်ကို မာကျောမှုတွေ ပျောက်ဆုံးစေပေမယ့် သင့်ရဲ့ လိင်ဆက်ဆံမှု ပြုလုပ်နိုင်တဲ့ စွမ်းအားပေါ်မှာ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူတို့ဟာ သင့်ရဲ့ ရမ္မက်ကြွဖွယ် ဘဝကိုတော့ သေချာပေါက် ပြောင်းလဲမှာ မဟုတ်ပါဘူး။

    လိင်တံပြောင်းလဲမှုတွေဟာ အသက်ကြီးလာခြင်းရဲ့ ပုံမှန် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်ဘဝနဲ့ ဆက်ဆံရေးတွေမှာ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပြီဆိုရင် သင့်ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement