backup og meta

လိင်တံထိပ်အရေပြား နောက်ဆုတ်၍ ရှေ့ကိုပြန်ဆွဲမရတော့ဘဲ လိင်တံအား ညှစ်ထားသကဲ့သို့ ဖြစ်နေသောအခြေအနေ


Dr. Khin Yin Kyay မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံထိပ်အရေပြား နောက်ဆုတ်၍ ရှေ့ကိုပြန်ဆွဲမရတော့ဘဲ လိင်တံအား  ညှစ်ထားသကဲ့သို့ ဖြစ်နေသောအခြေအနေ

    Paraphimosis ဆိုတာ လိင်တံထိပ်အရေပြားဟာ နောက်ဆုတ်သွားပြီး နဂိုနေရာကိုပြန်ဆွဲမရတော့ဘဲ လိင်တံထိပ်အား ညှစ်ထားသကဲ့သို့ ဖြစ်သော အခြေအနေကို ခေါ်ပါတယ်။ ဒီအခြေအနေဟာ လိင်တံထိပ်အရေပြား မဖြတ်ထုတ်ရသေးတဲ့ ယောင်္ကျားငယ်လေးတွေမှာသာ တွေ့ရပြီး လူတွေဟာ ၎င်းအခြေအနေကို များသောအားဖြင့် လိင်တံထိပ် အရေပြားငုံခြင်း (Phimosis) နှင့်ရောထွေးနေတတ်ပါတယ်။ လိင်တံထိပ်အရေပြား ငုံခြင်း၊ မပွင့်ခြင်း နောက်ကို ဆွဲလို့မရခြင်း (Phimosis) ဟာ ငယ်ရွယ်တဲ့ ယောင်္ကျားလေးတွေအတွက် သဘာဝအခြေအနေတစ်ခုဖြစ်ပါတယ်။ သို့သော် Paraphimosis လို့ခေါ်တဲ့ လိင်တံကို ဆွဲညှစ်ထားသလိုဖြစ်နေတဲ့ အခြေအနေကတော့ အရေးပေါ်အခြေအနေ တစ်ခုဖြစ်လာပြီး လိင်တံထိပ်သို့သွားသော သွေးလည်ပတ်မှုကိုပါ ရပ်သွားစေနိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ ဆရာဝန်နှင့် ချက်ချင်းတိုင်ပင် ကုသရန် လိုအပ်ပါတယ်။

    Paraphimosis ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းများ

    အဖြစ်အများဆုံး အကြောင်းအရင်းကတော့ လိင်တံထိပ်အရေပြားကို ကောင်းစွာမကိုင်တွယ်ခြင်း (သင့်ကျန်းမာရေးကို ဂရုစိုက်ပေးသူဟာ ဆေးကုသမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုပ်နေစဉ်မှာ လိင်တံထိပ်အရေပြားကို ပုံမှန်နေရာသို့ ပြန်မထားပေးခြင်းကြောင့် ဖြစ်နိုင်ပါတယ်) အခြားသော Paraphimosis ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • ပိုးဝင်ခြင်း
    • လိင်အဂါၤနေရာများ၌ ထိခိုက်ဒဏ်ရာရရှိခြင်း
    • လိင်တံထိပ်အရေပြားကို နောက်သို့အားကုန်ဆွဲမိခြင်း
    • ပုံမှန်ထက်စာရင် လိင်တံထိပ်အရေပြားဟာ ပို၍တောင့်တင်းနေခြင်း
    • လိင်တံထိပ်အရေပြားကို အချိန်အကြာကြီး နောက်သို့ ဆွဲထားခြင်း စတာတွေ ဖြစ်ပါတယ်

    Paraphimosis အခြေအနေကို ဖြစ်စေတဲ့ အခြားသော အကြောင်းအရင်း များလည်းရှိပါတယ်။

    လိင်တံကိုဆေးကြောခြင်း ကဲ့သို့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုတစိုက် ပြုလုပ်ခြင်းမရှိသောကြောင့်လည်း Paraphimosis အခြေအနေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် လိင်တံကို တစ်စုံတစ်ခုဖြင့် ဖောက်ထွင်းပြီး ပစ္စည်း ထည့်ခြင်း ပြုလုပ်တဲ့အခါ ရောင်ရမ်းပြီး နာကျင်လာတဲ့ အတွက်ကြောင့် လိင်တံထိပ် အရေပြားကို သူ၏နဂိုနေရာကို ပြန်မရောက်နိုင်ဖြစ်ကာ လိင်တံကိုဆွဲညှစ် သလိုဖြစ်စေတတ်ပါတယ်။ လိင်ဆက်ဆံခြင်းဟာလည်း Paraphimosis ဖြစ်စေတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်တံထောင်မတ်နေတဲ့ အချိန်မှာ သင့်ရဲ့ လိင်တံထိပ်အရေပြားကို အနောက်သို့ အချိန်အကြာကြီး ဆွဲလိုက်တဲ့အခါ ၎င်းဟာ ဖောင်းရောင်လာပြီး လိင်တံရဲ့ အနောက်ဖက်မှာ သွားစုနေနိုင်ကာ နဂိုနေရာ အရှေ့သို့ ပြန်မရောက်နိုင်တော့ဘဲ လိင်တံကို ဆွဲညှစ်ထားသလို ဖြစ်စေပါတယ်။

    Paraphimosis ကို ကုသခြင်း

    သင့်ရဲ့အသက်အရွယ် နဲ့ Paraphimosis ရဲ့ ဆိုးဝါးမှုပေါ်အခြေခံပြီး ကုသမှုကို ပေးနိုင်ပါတယ်။ များသောအားဖြင့် အရေးပေါ်ခန်းထဲမှာ ကုသရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ လိင်တံထိပ် အရေပြားကို လျော့ရဲ သွားအောင် လက်နှင့် မပြုလုပ်ခင်မှာ ယေဘုယျအားဖြင့် ပြုလုပ်ရမယ့် ပထမအဆင့်ကတော့ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း လျော့ကျအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ အချို့သော ကုသမှုများကတော့

  • ဖြစ်သည့်နေရာကို ရေခဲဝတ် ကပ်ပေးခြင်း
  • လိင်တံထိပ်အရေပြားတွင် အပေါက်လေးများ ပြုလုပ်ပြီး အရည်များထွက်သွားစေရန် အပ်နှင့် အရည်များဆင်းသွားအောင် ပြုလုပ်ခြင်း။
  • hyaluronidase ထိုးပေးခြင်း။ ၎င်းဟာ ရောင်ရမ်းခြင်းသက်သာ စေတဲ့ အန်ဇိုင်းတစ်ခု ဖြစ်ပါတယ်။
  • ရောင်ရမ်းခြင်းကို ကုသပေးပြီးတဲ့ နောက်မှာဆိုရင် ဆရာဝန်ဟာ လိင်တံထိပ်အရေပြားကို နဂိုနေရာ ကိုထားပေးရန် ကြိုးစားပါလိမ့်မယ်။ ဒီဖြစ်စဉ်ကို မပြုလုပ်ခင်မှာ သင့်ကို အနာသက်သာစေတဲ့ ဆေးတွေ ပေးပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းဟာအလွန်နာကျင်စေသောကြောင့် ဖြစ်ပါတယ်။ အသုံးအများဆုံး အနာသက်သာစေတဲ့ ဆေးတွေကတော့ ထုံဆေး၊ နာကျင်မှုအာရုံခံသော အာရုံကြောကို ပိတ်ခြင်း သို့မဟုတ် သောက်ဆေးများကို ပေးခြင်း စတာတွေကို ပေးပါလိမ့်မယ်။ လိင်တံနှင့် လိင်တံထိပ်အရေပြားကို ချောမွေ့အောင် ပြုလုပ်ပြီးတဲ့နောက်မှာ သင့်ရဲ့ ဆရာဝန်ဟာ လိင်တံထိပ်ကို ညှစ်ပြီး လိင်တံထိပ်အရေပြားကို သူ၏နဂိုနေရာ ရောက်အောင် ပြုလုပ်ပေးပါလိမ့်မယ်။

    အလွန်ဆိုးဝါးတဲ့ အခြေအနေတွေမှာဆိုရင် လိင်တံထိပ်အရေပြားကို လုံးဝ ဖြတ်တောက်လိုက်ခြင်း သို့မဟုတ် လိင်တံထိပ်အရေပြားကို လုံးဝဖယ်ရှားပစ်လိုက်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ ဒီလို ဖယ်ရှားလိုက်မယ်ဆိုရင်တော့ သင်ဟာ နောက်ထပ် Paraphimosis အခြေအနေထပ်ဖြစ်မှာကို စိတ်ပူစရာ မလိုတော့ပါဘူး။

    Paraphimosis ဆိုတဲ့ အခြေအနေဟာ မကုသပဲ ထားမယ်ဆိုရင် အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုရောင်ရမ်း ၊ ဖောင်းတင်းလာမှု ဟာဆိုရင် လိင်တံကိုသွားတဲ့ သွေးလည်ပတ်မှုကို လျော့ကျစေပြီး လိင်တံအသားစတစ်ရှူးတွေဟာ အောက်စီဂျင် ရရှိမှာမဟုတ်တော့ပါဘူး။ Paraphimosis ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့

    • ဆိုးဆိုးရွားရွား ပိုးဝင်ခြင်း
    • လိင်တံထိပ် ပျက်စီးခြင်း
    • အသားစတစ်ရှူး ပုပ် သွားခြင်းကြောင့် လိင်တံထိပ် ဆုံးရှုံးခြင်း စတာတွေ ဖြစ်ပါတယ်။

    တကယ်လို့ သင့်ရဲ့ လိင်တံဟာ ရောင်ရမ်းပြီး နာကျင်ခြင်းတွေ ခံစားရပြီဆိုရင်၊ လိင်တံရဲ့ အရောင်ဟာ အနီပုပ်ရောင် သို့မဟုတ် အပြာပုပ်ရောင် အဖြစ်သို့ ပြောင်းလာပြီဆိုရင် ဆရာဝန်နှင့် ချက်ချင်းပြသ သင့်ပါတယ်။ ဒါဟာလွယ်ကူသော ကိစ္စမဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Paraphimosis ဆိုတဲ့ အခြေအနေဟာ လိင်တံကင်ဆာ ဖြစ်စေနိုင်ပြီး သင့်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement