backup og meta

လိင်တူဆက်ဆံသူများနှင့် လိင်လုပ်သားများအပြင် HIV ပိုးကူးစက်နိုင်ခြေများသော အုပ်စုလေးခု


Dr. Thant Zin မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တူဆက်ဆံသူများနှင့် လိင်လုပ်သားများအပြင် HIV ပိုးကူးစက်နိုင်ခြေများသော အုပ်စုလေးခု

    အိပ်ခ်ျအိုင်ဗီရောဂါပိုးဟာ ကူးစက်တတ်ပြီး ကူးစက်ခံရရင် ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ ဘယ်သူမဆို ကူးစက်ခံနိုင်ပါတယ်။ ဒါပေမယ့် တချို့ဟာ ရောဂါကူးစက်နိုင်ခြေ ပိုများပါတယ်။ လိင်တူဆက်ဆံသူနဲ့ လိင်အလုပ်သမားများအပြင် ကူးစက်နိုင်ခြေ ပိုမြင့်သူများအကြောင်းကို ဆက်လက် ဖော်ပြပေးပါမယ်။

    မူးယစ်ဆေးထိုးသူများ

    မူးယစ်ဆေးကို အကြောထဲထိုးသူများဟာ အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက်နိုင်ခြေ ပိုများပါတယ်။ သူတို့ဟာ အပ်၊ ဆေးထိုးပိုက်နဲ့ တခြားပစ္စည်းတွေကို ဝေမျှသုံးစွဲ ကြပါတယ်။ တယောက်ယောက်မှာ အိပ်ခ်ျအိုင်ဗီ ရောဂါပိုးရှိနေရင် သူ့ရဲ့သွေးကတဆင့် ကူးစက်နိုင်ပါတယ်။

    ထိုးသွင်းတဲ့ဆေးတွေဟာလည်း လိင်ကိစ္စကို လှုံ့ဆော်မှုတွေ ရှိနိုင်ပြီး လိင်မှတဆင့် ကူးစက်နိုင်ခြေကို မြင့်တက်စေပါတယ်။ အကာအကွယ်မသုံးမိတဲ့အပြင် အိပ်ခ်ျအိုင်ဗီရောဂါပိုး ကိုဆန့်ကျင်တဲ့ဆေးတွေ မသောက်မိကြပါဘူး။ လိင်လုပ်သားတွေနဲ့ ဆက်ဆံမိတာ၊ အဖော်များစွာနဲ့ ဆက်ဆံမိတာ ဖြစ်နိုင်ပါတယ်။

    ဆေးသုံးသူတွေဟာ ငယ်ရွယ်သူတွေ များပါတယ်။ ဒါကြောင့် လူငယ်ပိုင်းတွေဟာ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်နိုင်ခြေ များပါတယ်။ အရှက်ရစရာကိစ္စတွေ၊ လူမှုရေးကိစ္စတွေကြောင့် မူးယစ်ဆေးသုံးသူတွေဟာ အိပ်ခ်ျအိုင်ဗီရောဂါပိုး စစ်ဆေးဖို့၊ ကုသမှုခံယူဖို့ အားမထုတ်ကြပါဘူး။

    လူမျိုးနွယ်စုများ

    အိပ်ခ်ျအိုင်ဗီရောဂါပိုးဟာ ဘယ်လူမျိုးကိုမဆို ကူးစက်နိုင်ပေမယ့် အချို့သော လူမျိုးစုတွေမှာ ပိုဖြစ်တတ်ကြပါတယ်။ အဲဒီမျိုးနွယ်အုပ်စုတွေဟာ ရောဂါပိုးရှိသူတွေနဲ့ အတူနေရတာပိုများလို့ပါပဲ။ ဒါကြောင့် ကူးစက်နှုန်းလည်း ပိုများပါတယ်။ ကူးစက်ခံရသူ ရောဂါသည်အသစ်တွေ အရေအတွက် များပြားလာတတ်ပါတယ်။

    ဒါ့အပြင် လူမှုရေး၊ စီးပွားရေး၊ လူမှုပထဝီပြသနာတွေ ဖြစ်တဲ့ အရှက်အကြောက်ကြီးတာတွေ၊ ဆင်းရဲတာ၊ ပညာရည်နိမ့်တာတွေ၊ ခွဲခြားဆက်ဆံတာတွေအပြင် နေအိမ်တွေနဲ့ ကျန်မာရေးဌာနတွေ ဝေးလံတာတွေဟာ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်နိုင်ခြေကို မြင့်တက်စေပြီး ထိရောက်တဲ့ကုသမှုနဲ့လည်း ဝေးကွာစေတတ်ပါတယ်။

    အကျဉ်းကျနေသူများ

    အကျဉ်းကျနေသူများဟာလည်း ရောဂါပိုး ကူးစက်နိုင်ခြေများကြောင်း တွက်ချက်ခန့်မှန်း ထားကြပါတယ်။ အိပ်ခ်ျအိုင်ဗီရောဂါပိုးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရရှိလို့ဖြစ်နိုင်ပါတယ်။ အကျဉ်းကျနေသူ အများစုဟာ ရောဂါပိုးနဲ့ထိတွေ့နိုင်ခြေ များတဲ့အခြေအနေမှာ သူတို့ကိုယ်သူတို့ ရောဂါမရအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ မသိလို့ ကူးစက်ခံရနှုန်းများတတ်ပါတယ်။

    အကျဉ်းကျနေသူများဟာ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကာကွယ်ရေးအတွက် အထောက်အပံ့ အစီအစဥၤတွေ မရှိတာကြောင့် ရောဂါပိုးကူးစက်နိုင်ခြေများပါတယ်။ သူတို့ဟာ စမ်းသပ်ကုသမှုတွေကို စောစီးစွာ မရတတ်ပါဘူး။ စောစောစီးစီးသိပြီး ကုသနိုင်ရင် အဲဒီအသိုင်းအဝိုင်းမှာ ကူးစက်မှုလျော့ကျနိုင်မှာ ဖြစ်ပါတယ်။

    အကျဉ်းကျသူတချို့ဟာ သူတို့ကိုနှိမ့်ချဆက်ဆံမှာ ကြောက်လို့ သူတို့ရဲ့ ကူးစက်နိုင်ခြေမြင့်တဲ့ အပြုအမူတွေကို (ဥပမာ- မူးယစ်ဆေးသုံးတာ၊ အကာအကွယ် မရှိဘဲ လိင်ဆက်ဆံတာ စတာတွေ) ထုတ်မပြောတတ်ကြပါဘူး။ နှိမ်ချခွဲခြားခံရတာထက် အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံရတာဟာ အန္တရာယ် အလွန်ကြီးကြောင်း သူတို့မသိကြပါဘူး။

    လိင်မှတဆင့်ကူးစက်တတ်သော ရောဂါရှိသူများနှင့် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံသူများ

    လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ (Chlamydia၊ ရေယုန်၊ မိန်းမကိုယ် ဘက်တီးရီယားပိုး ဝင်ခြင်း) ရှိသူတွေမှာ လိင်အင်္ဂါတွေမှာ အနာများ ဖြစ်ပေါ်နေတတ်ပြီး HIV ကူးစက်နိုင်ပါတယ်။

    ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံသူများ၊ HIV ကာကွယ်ဆေး မသောက်သူများဟာ HIV ကူးစက်နိုင်ခြေ များပါတယ်။ စအိုမေထုန်မှီဝဲခြင်း၊ တယောက်ထက်ပိုတဲ့အဖော်နဲ့ လိင်ဆက်ဆံခြင်းတွေဟာ HIV ကူးစက်နိုင်ခြေ များပါတယ်။

    ဘယ်သူမဆို HIV ပိုးကူးစက်နိုင်ပေမယ့် လိင်တူဆက်ဆံသူတွေ၊ လိင်လုပ်သားတွေ၊ မူးယစ်ဆေးသုံးသူတွေနဲ့ တချို့သော လူမျိုးစုတွေဟာ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများပါတယ်။ ဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းတွေကိုသိရင် ဒီကြောက်စရာ ကောင်းလှတဲ့ ရောဂါပိုးကနေ ကာကွယ်နိုင်ပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement