backup og meta

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ သင်မသိသေးတဲ့အရာလေးခု

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ သင်မသိသေးတဲ့အရာလေးခု

    ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (ပေး/ ၊ယူ) မလုပ်ခင် ဗဟုသုတမရှိခြင်းကြောင့်ဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်တွေကိုကာကွယ်ဖို့ တချို့အချက်တွေကိုသင်သိထားသင့်ပါတယ်။

    ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်

    လူတွေ ပါးစပ်ကတစ်ဆင့် HPV ပိုးကူးစက်ခံရခြင်းကိုလေ့လာတဲ့ သုတေသနအနည်းငယ်သာရှိသော်လည်းလေ့လာမှုတွေကအဖြေအမျိုးမျိုး ပြကြပါတယ်။ အချို့သောသုတေသီတွေကoral HPV ဟာလူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာပါးစပ်နဲ့ လိင်ဆက်ဆံမှု (ပါးစပ်မှ စားအိုဝကိုဖြစ်စေ၊ ပါးစပ်မှ လိင်အင်္ဂါတွေကိုဖြစ်စေ)၊ဒါမှမဟုတ် ပါးစပ်ဖွင့်နမ်းခြင်း (French Kiss) ကတစ်ဆင့် ကူးစက်နိုင်တယ်လို့ ယုံကြည်သလိုအချို့ကလည်းယုံကြည်ခြင်းမရှိပါဘူး။

    ဒါ့ကြောင့် HPV ဟာလူတစ်ယောက်နဲ့ တစ်ယောက်ကိုကူးစက်နိုင်ပါသလားဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုသိရှိခြင်းမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အချိန် အကြာကြီးအတူရှိနေခဲ့တဲ့ လိင်ဆက်ဆံဘက်တွေဟာရောဂါပိုးကူးစက် ခံရနိုင်ပါတယ်။ (နှစ်ယောက်လုံးမှာရောဂါပိုးရှိနိုင်ပါတယ်)။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမပြုလုပ်မီမှာကင်ဆာ (လည်ချောင်း၊ ပါးစပ်) ရရှိနိုင်ခြေကိုသေချာစွာတွေးတောသင့်ပါတယ်။

    ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာလူတိုင်းအတွက် မဟုတ်ပါဘူး။

    လူတွေ ထင်နေသလိုမျိုးပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာလူတိုင်းအတွက် မဟုတ်ပါဘူး။ နောက်တစ်နည်းပြောမယ်ဆိုရင် အချို့သူတွေကပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာသူတို့ရဲ့ လိင်မှုဘဝမှာမရှိမဖြစ်တဲ့ အစိတ်အပိုင်းအဖြစ် ပုံဖေါ်နေချိန်မှာသင်လည်းဒီအတွေးဝင်သွားနီုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင် သင့်ရဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ အတွေအခေါ်တွေကို မျှဝေဖို့မတွန့်ဆုတ်ပါနဲ့။ ဘာလို့လဲဆိုတော့ သင်နဲ့ သင့်ချစ်သူအတွက် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနည်းတူကျေနပ်သာယာဖွယ်ကောင်းတဲ့ အခြားအရာတွေကိုရှာဖွေဖို့ မခက်ခဲလို့ပဲဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းဆိုတာအလွန်တရာကျေနပ်ဖွယ်ကောင်းသင့်ပြီးအတင်းအကျပ်ပြုလုပ်တာ၊ မနှစ်မြို့စရာမျိုးမဖြစ်သင့်ပါဘူး။

    ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာသင့်ရဲ့ ရင့်ကျက်ပြီးဖြစ်တဲ့ ဆက်ဆံမှုတစ်ခုကိုအားပေးနိုင်သလို၊ စွန်းထင်းစေနိုင်ပါတယ်။

    အရွယ်ရောက်ပြီးသူတွေအတွက် ဒါဟာထူးဆန်းပြီးတားမြစ်ထားတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ တကယ်တော့ ဒါဟာစွန့်စားမှုကို နှစ်သက်ပြီးအသစ်ကိုရှာဖွေချင်တဲ့ လူတွေကြားမှာအတွေ့များပါတယ်။ ဒါပေမယ့် ဒါဟာချစ်သူတိုင်းဒါကိုစိတ်ပူပန်မှုမရှိပဲလုပ်ကိုလုပ်ရမယ်ဆိုတာမျိုးကိုမဆိုလိုပါဘူး။ အချို့သူတွေကပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းရဲ့ သန့်ရှင်းမှုကိုပူပန်နေချိန်မှာအချို့ကတော့ သူတို့ရဲ့ လိင်ဆက်ဆံသူကိုကျေနပ်စေပါ့မလားဆိုတဲ့ အတွေးတွေကိုတွေးတတ်ကြပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းစဉ် စုံတွဲတွေကြားမှာ နှောင့်ယှက်နိုင်တဲ့ အရာတွေ အများအပြားရှိနိုင်ပါတယ်။ ဒီအရာတွေကို ငြင်ငြင်သာသာသေချာစွာကိုင်တွယ် ဖြေရှင်းခြင်းမရှိရင် နောင်တစ်ချိန်မှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာသင့်အတွက် အရမ်းလွန်တယ်ထင်ပြီးသင်တို့နှစ်ယောက်ကြားဆက်ဆံရေးတွေကိုပျက်ပြားစေတယ်ဆိုရင် ရှေးရိုးအစဉ်အလာတွေကိုသာဆုတ်ကိုင်ထားပါ။

    ဒါဟာဆယ်ကျော်သက်နဲ့ ကြီးကောင်ဝင်ချိန်တွေမှာပိုအသိများပါတယ်။

    ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကိုလူကြီးတွေမှာထက် ဆယ်ကျော်သက်တွေကြားမှာပိုမိုတွေ့ရတယ်ဆိုတာမှန်ကန်ပါတယ်။ ဆယ်ကျော်သက်တော်တော်များများဟာမိန်းမကိုယ် လိင်ဆက်ဆံမှု မပြုလုပ်မီပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ပြုလုပ်ကြတယ်လို့ ဖြေကြားကြပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ပါးစပ်နဲ့ လိင်ဆက်ဆံတာဟာသူတို့အတွက် အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ဘာလို့လဲဆိုတော့ ငယ်ရွယ် မရင့်ကျက်စဉ်အခါကပါးစပ်နဲ့လိင်ဆက်ဆံခဲ့တဲ့သူတွေဟာပိုပြီးဒုက္ခတွေ့တဲ့ အနှုတ်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေ (သို့) တခြားသူတွေကိုယုံကြည်ရန် ခက်ခဲမှုတွေကိုခံစားရတယ်လို့ အစီရင်ခံကြပါတယ်။

    လူတစ်ယောက်ချင်းစီပေါ်မူတည်ပြီးပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာသာယာမှုတွေပေးသလိုစိတ်ပူပန်မှုတွေကိုလည်းပေးပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံတာဟာသင့်အတွက်လို့ မထင်ခဲ့ရင် အတင်းမလုပ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement