ဆီးပူညောင်းကျရောဂါဆိုတာ ဘာလဲ
ဆီးပူညောင်းကျရောဂါဆိုတာ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ၎င်းကိုဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးမွှားကို Neisseria gonorrhoea လို့ ခေါ်ပါတယ်။ မိန်းမကိုယ်၊ ပါးစပ်၊ စအိုတို့မှာ လိင်ဆက်ဆံရာကတဆင့် တစ်ဦးနဲ့တစ်ဦး ကူးစက်နိုင်သလို ကလေးမီးဖွားစဉ်အချိန်အတွင်း ရောဂါရှိသူ မိခင်ကတဆင့် ရင်သွေးဆီ ကူးစက်တတ်ပါတယ်။