backup og meta

သင့်လိင်စိတ် ဘာလို့ကျဆင်းတာလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်လိင်စိတ် ဘာလို့ကျဆင်းတာလဲ

    ဆေးပညာအရလိင်ဆက်ဆံရင် ဆန္ဒနည်းပါးမှုရောဂါကိုလိင်စိတ်ကျဆင်းမှု (low libido) လို့ သိရှိကြပါတယ်။ ဒါဟာအသက်အရွယ်မရွေးအမျိုးသားရော၊ အမျိုူးသမီးမှာပါ အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာမစွမ်းဆောင်နိုင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ မကြာသေးမီကလေ့လာမှုတစ်ခုက၁၀ ယောက်မှာ ၄ယောက်သော အသက်၄၅နှစ်အထက် အမျိုးသားတွေဟာလိင်စိတ်ပျောက်ဆုံးတတ်ပါတယ်။ အသက် ၁၈နှစ်ကနေ ၅၉နှစ်ကြားအမျိုးသမီးတွေမှာတော့ သုံးပုံမှာတစ်ပုံဟာလိင်စိတ်လျော့နည်းခြင်းကိုခံစားနေကြရပါတယ်။ တကယ်လို့ လိင်စိတ်ကျဆင်းခြင်းဟာအချိန်အကြာကြီး ကြာမြင့်မယ်ဆိုရင် (သို့) ခဏခဏပြန်ဖြစ်နေမယ်ဆိုရင် လိင်ဆက်ဆံဖက် နှစ်ဦးလုံးအတွက် သူတို့ရဲ့ ဆက်ဆံရေးကိုထိန်းသိမ်းဖို့ ခက်ခဲပါတယ်။

    ဘာလို့ လိင်စိတ်လျော့နည်းတာလဲ။

    လိင်စိတ်ပျောက်ဆုံးခြင်းဟာအကြောင်းအရာများစွာကြောင့် ဖြစ်ပွားတတ်ပါတယ်။

  • ယောက်ျားဟော်မုန်းနည်းပါးခြင်း – ဒီဟော်မုန်းဟာသင့်ရဲ့ လိင်စိတ်ကို ဖြစ်ပေါ်စေတဲ့ အဓိကဟော်မုန်းဖြစ်ပါတယ်။ တကယ်လို့ ကျဆင်းနေပြီဆိုရင်တော့ သင့်လိင်စိတ်လဲကျလာတာပါပဲ။ အသက်ကြီးလာတာနဲ့ အမျှ ယောက်ျားဟော်မုန်းပမာဏဟာလည်းကျဆင်းလာပါတယ်။ ဒါ့ကြောင့် သင့်လိင်စိတ်ကျဆင်းခြင်းဟာအသက်ကြီးလာမှုနဲ့လည်းသက်ဆိုင်ပါတယ်။
  • ဆရာဝန် ညွှန်ကြားသောဆေးများ – အချို့ဆေးတွေဟာဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ သင့်ရဲ့ ယောက်ျားဟော်မုန်းပမာဏကိုကျဆင်းစေပါတယ်။ ရုတ်တရက် ကျဆင်းမှုကြောင့် သင့်လိင်စိတ်ကိုမထင်မှတ်ပဲကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါလိမ့်မယ်။
    • စိတ်ကျခြင်း – စိတ်ကျရောဂါတစ်ခုတည်းဟာလိင်ဆက်ဆံမှုအပါအဝင် သင့်ကိုသာယာစေတဲ့ လုပ်ဆောင်မှုတွေအတော်များများကိုစိတ်ဝင်စားမှု လျော့နည်းစေပါတယ်။ ဒါ့ပြင် အချို့သောစိတ်ကျရောဂါ ကုသဆေးတွေဟာလည်းမမျှော်လင့်တဲ့ ရလဒ်ကိုရရှိစေပါတယ်။
    • စိတ်ဖိစီးမှု – သင်ဟာစိတ်ဖီးစီးမှုကိုအချိန်အကြာကြီးခံစားနေရတယ်ဆိုင် သင့်လိင်စိတ် လျော့ကျနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုဟာဟော်မုန်းတွေကိုအနှောင့်အယှက်ဖြစ်စေပြီးလိင်တံထောင်မတ်တဲ့ နေရာကိုသွားတဲ့ နေရာကိုသွားတဲ့ သွေးစီးဆင်းမှုကိုလျော့ကျစေပါတယ်။
    • နာတာရှည်ရောဂါများ – ကင်ဆာ၊ အကျိတ်စတဲ့ ပြင်းထန်တဲ့ ရောဂါတွေကိုခံစားနေရမယ်ဆိုရင် သင့်မှာလိင်အကြောင်းတွေးတော့ဖို့ အချိန်ရှိတော့မှာမဟုတ်ပါဘူး။ ကျန်းမာရေးဟာအရာအားလုံးနဲ့ ယှဉ်ရင် ပထမနေရာမှာရှိနေမှာပါ။ ဒါ့ကြောင့် သင့်လိင်စိတ်တဖြည်းဖြည်းကျဆင်းလာတယ်ဆိုရင် ဒါဟာနားလည်ဖွယ်ရာ ဖြစ်ပါတယ်။
    • အိပ်စက်မှုဆိုင်ရာရောဂါများ – ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အိပ်စက်မှုတွေ၊ အိပ်ရေးပျက်မှုတွေဟာသင့်ရဲ့ လိင်စိတ်ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
    • ဆက်ဆံရေးဆိုင်ရာ ပြဿနာများ – လေးနက်တဲ့ ဆက်ဆံရေးတစ်ခုမှာ ပြဿနာအတာ်တော်များများကို နိုင်နိုင်နင်းနင်းဖြေရှင်းရမှာပါ။ ဥပမာ – သင့်လိင်ဆက်ဆံဘက်ရဲ့ ညံ့ဖျင်းတဲ့ လုပ်ဆောင်ချက်၊ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးစိတ်ပိုင်းဆိုင်ရာကျေနပ်ခြင်းမခံစားမှုနဲ့ ကလေးမွေးခြင်းစသည်။ ဒီပြဿနာတွေကသင့်လိင်စိတ်ကိုအပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။
    • လေ့ကျင့်ခန်းအလုပ်များခြင်း (သို့) အလုပ်နည်းခြင်း။
    • အရက်နှင့် ဆေးသုံးစွဲခြင်း။

    လိင်စိတ်လျော့နည်းခြင်းကိုဘယ်လိုကုသရမလဲ။

    သင့်ဆက်ဆံရေးတစ်ခုပျက်စီးခြင်းအတွက် လိင်စိတ်လျော့နည်းမှုကိုအပြစ်တင်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီအကျိုးဆက်ကိုလိင်စိတ်ပျောက်ဆုံးခြင်းကိုကုသခြင်းဖြင့် ရှောင်ကျဉ်နိုင်ပါတယ်။ ဖြစ်ပေါ်စေတဲ့အချက်တွေပေါ်မူတည်ပြီးကုသမှုတွေကတော့

    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူမှုဘဝနေထိုင်မှုပုံစံကိုရွေးချယ်ခြင်း – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်းကိုအနေတော်လုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ အရက်နဲ့ မူးယစ်ဆေးတွေကိုရှောင်ကျဉ်ခြင်းနဲ့ စိတ်ဖိစီးမှုလျှော့ချခြင်းအားဖြင့် ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။
    • သင့်လိင်စိတ်အပေါ်မှာလွှမ်းမိုးမှုရှိခဲ့ရင် ဆေးဟောင်းတွေကိုဆေးသစ်တွေနဲ့ အစားထိုးပါ။
    • ယောက်ျားဟော်မုန်းအစားထိုးကုသမှု။ နိဂုံးလိင်နဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာအဖြစ်များတဲ့အတွက် သင်တစ်ယောက်တည်း ကြိတ်ခံစားဖို့မလိုပါဘူး။ သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကိုအကြံဉာဏ်တောင်းဖို့ မတွန့်ဆုတ်ပါနဲ့။ သင့်အခြေအနေပေါ်မူတည်ပြီးဆရာတွေဟာသင့်ကိုအသင့်လျော်ဆုံးကုသမှုတွေ ပေးပါလိမ့်မယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement