backup og meta

သင့်ကလေးကို HPV ကာကွယ်ဆေးထိုးနှံခြင်းနဲ့ပတ်သက်ပြီး သိသင့်သမျှ


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို HPV ကာကွယ်ဆေးထိုးနှံခြင်းနဲ့ပတ်သက်ပြီး သိသင့်သမျှ

    Human papillomavirus (HPV)ဆိုတာဘာလဲ

    HPVဆိုတာhuman papillomavirusရဲ့အတိုကောက်ဖြစ်ပါတယ်

    HPVဟာ ဗိုင်းရပ်စ်ပေါင်း၁၅၀ကျော်ပါဝင်တဲ့ ဗိုင်းရပ်အုပ်စုတစ်ခုဖြစ်ပါတယ်။ အဲဒီအုပ်စုထဲက HPVဗိုင်းရပ်စ်တစ်မျိုးချင်းစီဟာ သူ့အမျိုးအစားအလိုက် နံပါတ်တစ်ခုစီရှိပါတယ်။ HPVအမျိုးအစားတချို့ကြောင့်ဖြစ်လာစေတဲ့ ကြွက်နို့ (papillomas)တွေကြောင့် အမည်ပေးထားတာဖြစ်ပြီး တခြားအမျိုးအစားတွေကတော့ကင်ဆာဖြစ်စေနိုင်ပါတယ်။ HPVကြောင့် အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ခံတွင်းသို့မဟုတ် လည်ချောင်းကင်ဆာနဲ့ စအိုသို့မဟုတ် စအိုလမ်းကြောင်းကင်ဆာတွေ ဖြစ်စေနိုင်တယ်။ အမျိုးသားတွေမှာ လိင်တံကင်ဆာ၊ အမျိုးသမီးတွေမှာ သားအိမ်ခေါင်း၊ မိန်းမကိုယ်လမ်းကြောင်း၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် HPVကူးစက်မှုကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေရှိပါတယ်။

    ကမ္ဘာမှာ HPVကူးစက်ခံရသူ သန်း၆၃၀ခန့်ရှိနေပြီဖြစ်ပါတယ်။ သားအိမ်ခေါင်းကို ကူးစက်မှုအများစုက လက္ခဏာမပြကြသလို ရောဂါတွေ့ရှိသူ၉၀%ကျော်ဟာ၂နှစ်အတွင်း ပျောက်ကင်းသက်သာသွားကြတာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရပြီး အလိုအလျောက်ကာကွယ်နိုင်စွမ်းနဲ့ ခုခံနိုင်စွမ်းက ဘယ်အတိုင်းအတာထိရှိနိုင်လဲဆိုတာအတိအကျမသိရသေးပါဘူး။ HPVကူးစက်မှုအတွက် ကုသနိုင်တဲ့ဆေးမရှိပေမယ့် ကာကွယ်ဆေးနဲ့တော့ ကာကွယ်တားဆီးနိုင်ပါတယ်။ ကမ္ဘာအနှံ့မှာဖြန့်ချီထားတဲ့ HPVကာကွယ်ဆေးနှစ်မျိုးရှိပြီး ထိရောက်မှုလည်းရှိပါတယ်။ ဒီကာကွယ်ဆေးကြောင့် ရောဂါပိုးကူးစက်မှု ၈၆%ကျဆင်းသွားတယ်လို့ သြစတြေးလျသုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

    သင့်ကလေးကို ဘာလို့ ကာကွယ်ဆေးထိုးပေးသင့်တာလဲ

    HPVကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆရာဝန်ကိုမေးမြန်းမယ်ဆိုရင် မြန်မာနိုင်ငံမှာ အမျိုးအစားနှစ်မျိုးရနိုင်တယ်ဆိုတာရှင်းပြပါလိမ့်မယ်။

    HPVကာကွယ်ဆေးထိုးခြင်းက လူ့အဖွဲ့အစည်းမှာလည်း ရောဂါခုခံနိုင်အားကိုတိုးတက်စေနိုင်ပါတယ်။ ဆိုလိုတာက ကာကွယ်ဆေးထိုးထားတဲ့မိန်းကလေး၊ယောကျာ်းလေးတွေဟာ ရောဂါကူးစက်ခံရနိုင်ခြေပိုနည်းပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို ကာကွယ်ဆေးထိုးထားမယ်ဆိုရင် တခြားသူတွေကိုပါ ထပ်ဆင့်ကာကွယ်ရာ ရောက်ပါတယ်။

    HPVကူးစက်ခံရတိုင်း ကင်ဆာဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါကူးစက်ခံရပြီး လိင်အင်္ဂါကြွက်နို့ဖြစ်လာတယ်ဆိုရင်တောင်မှ ပြဿနာသေးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လိင်အင်္ဂါမှာဖြစ်လာတဲ့ကြွက်နို့က ဖယ်ရှားရမလွယ်လို့ပါပဲ။ ကုသမှုခံယူနေစဉ်အတွင်းမှာတောင် ပြန်ပြန်ဖြစ်လာနိုင်တာကြောင့် အချိန်ကုန်ငွေကုန်ရတဲ့ကိစ္စဖြစ်ပါတယ်။

    လူတစ်ယောက်ကို HPVကူးစက်ခံရပြီးဆိုတာနဲ့ တစ်သက်လုံး အဲဒီဗိုင်းရပ်စ်နဲ့ရှင်သန်သွားရတော့မှာပါ။ ကြွက်နို့လိုမျိုးဗိုင်းရပ်စ်ကြောင့် ဖြစ်လာနိုင်တဲ့ရောဂါတွေနဲ့လက္ခဏာတွေအတွက် ကုသမှုရှိတယ်ဆိုပေမယ့် ဗိုင်းရပ်စ်ကတော့အမြဲကျန်ရှိနေဦးမှာပါ။ ဒါ့ကြောင့် ကြိုတင်ကာကွယ်တာက ကုသတာထက်ကောင်းတယ်လို့ဆိုကြတာပါ။ ကာကွယ်ဆေးထိုးခြင်းက အဖြစ်များတဲ့ HPVကူးစက်မှုတွေကို ကာကွယ်နိုင်ပြီး သင့်ကလေးမှာ ရောဂါဆိုးတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ပိုနည်းစေပါတယ်။ ဒါ့အပြင် သင့်ကလေးကို HPVကာကွယ်ဆေးထိုးထားပေးရင် သူ့ရဲ့အနာဂတ်လက်တွဲဖော်အတွက်လည်း ကာကွယ်ပေးရာရောက်ပါတယ်။ သားဖြစ်သူရဲ့အနာဂတ်လက်တွဲဖော်မှာ HPVကူးစက်ခံရရင် သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ သမီးဖြစ်သူရဲ့အနာဂတ်လက်တွဲဖော်မှာ ကူးစက်ခံရရင် လိင်တံ သို့မဟုတ် စအိုကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်သားသမီးတွေကို HPVကာကွယ်ဆေးထိုးပေးခြင်းဖြင့် တာဝန်သိစိတ်ရှိသူဖြစ်အောင် ကူညီပေးပါတယ်။

    သင့်ကလေးကို ဘယ်အချိန်မှာ ကာကွယ်ဆေးထိုးဖို့ အကောင်းဆုံးလဲ

    သင့်ကလေးကို အသက် ၉ နှစ်လောက်ကစပြီး ကာကွယ်ဆေးထိုးလို့ရပါပြီ။ လိင်ကိစ္စမရှိသေးတဲ့အရွယ်မှာ HPVကာကွယ်ဆေးက ပိုထိရောက်တယ်လို့ အမေရိကန်ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။ ကာကွယ်ဆေးက နှစ်ကြိမ်ထိုးရမှာဖြစ်ပြီး အသက် ၁၃ နှစ်မတိုင်ခင်ထိုးပြီးရပါမယ်။ အသက်၉နှစ်ကနေ ၄၅နှစ်အတွင်းမှာ ဆေးထိုးတဲ့သူတွေအတွက်တော့ သုံးကြိမ်ထိုးရမှာဖြစ်ပါတယ်။

    ဆေးထိုးပြီးတဲ့အခါ သင့်ကလေးမှာ ကိုယ်ပူတာ၊ ဆေးထိုးတဲ့နေရာကနာကျင်တာ၊ အရေပြားကျိန်းစပ်တာတွေလိုမျိုးနေရခက်တဲ့ဝေဒနာတချို့ခံစားရနိုင်ပါတယ်။

    သင့်ကလေးက ဆယ်ကျော်သက်အရွယ်ရောက်နေပြီး ကာကွယ်ဆေးမထိုးရသေးဘူးဆိုရင်လည်း သိပ်နောက်မကျသေးပါဘူး။ ကာကွယ်ဆေးက အသက်၄၅နှစ်မကျော်သေးသရွေ့ ထိရောက်မှုရှိနိုင်ပါသေးတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့ သင့်ကလေးကို အမြန်ဆုံးကျန်းမာစေဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်အကြံပြုချက်ရယူပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    ယခုဆောင်းပါးကို လင်းရောင်ခြည်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရောဂါရှာဖွေရေးစင်တာမှ စစ်ဆေးအတည်ပြုထောက်ခံပေးထားခြင်းဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement