backup og meta

ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု ကြောင့် ဖြစ်နိုင်သော အန္တရာယ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု ကြောင့် ဖြစ်နိုင်သော အန္တရာယ်များ

    ငယ်ရွယ်စဉ်အချိန်မှာတော့ ဆယ်ကျော်သက်တွေအတွက် အမှန်နဲ့ အမှားကို ခွဲခြားဖို့တွေ သူတို့အပြုအမူတွေရဲ့ ပြင်းထန်မှုတွေကို သတိပြုမိဖို့တွေဆိုတာ ခက်ခဲလှပါတယ်။ ဒါကပဲ ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု က ဘာကြောင့် ငြင်းဆန်ရခက်ခဲလဲဆိုတာရဲ့ အဖြေလည်းဖြစ်နိုင်သလို အန္တရာယ်အလွန်များတဲ့ ကိစ္စတစ်ခုလည်းဖြစ်နိုင်ပါတယ်။ မရင့်ကျက်သေးတဲ့အရွယ်မှာ လိင်ဆက်ဆံခြင်းက ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

    ကျွန်တော့်သူငယ်ချင်းတွေအားလုံး လိင်ဆက်ဆံနေကြပြီ။ ကျွန်တော်ရော လုပ်သင့်လား။

    လိင်ကိစ္စနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင်ရဲ့ဖိအားတွေကို ဂရုစိုက်မနေပါနဲ့။ သင့်ခန္ဓါကိုယ်ကို ဘာလုပ်လိုက်ပါတို့ ဘယ်အချိန်မှာလုပ်ပါတို့ စသဖြင့် ဘယ်သူမှ ပြောပိုင်ခွင့်မရှိပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာလည်း အခြားသူတွေနဲ့ ဝင်ဆံ့ဖို့ နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ မိုက်တယ်ဟ ဆိုတဲ့ ခံစားချက်မျိုးရစေမှာမဟုတ်သလို ချက်ချင်းကြီး ရင့်ကျက် အရွယ်ရောက်သွားစေမှာလည်း မဟုတ်တာ သေချာပါတယ။်

    လူတိုင်းကလုပ်နေတာပဲလို့ ယူဆပြီး သင့်ကိုယ်သင်လည်း ဖိအားတွေပေးမနေပါနဲပ။ သင့်သူငယ်ချင်းတွေကတော့ သူတို့လိင်ဆက်ဆံနေကြပြိဆိုတာ ကြွားကောင်းကြွားနေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ကျော်ကြားဖို့၊ လူသိများဖို့ ဒါမှမဟုတ် မိုက်တယ်ဟ ဆိုပြီးအထင်ခံချင်လို့ လိမ်ညာနေတာလည်း ဖြစ်နိုင်ပါတ်ယ။ သူတို့တွေဟာ အင်တာနက်တို့၊ TV တို့နဲ့ မဂ္ဂဇင်းတွေမှာ မြင်ခဲ့ရတာတွေကို ဇာတ်လမ်းထွင်ပြောနေတာလည်း ဖြစ်နိုင်ပါတယ်။ သင့်ဖာသာ လိင်ဆက်ဆံသည်ဖြစ်စေ၊ မဆက်ဆံသည်ဖြစ်စေ၊ ဒီကိစ္စက တခြားလူတွေနဲ့ ဘာမှမဆိုင်ပါဘူး။

    လိင်ဆက်ဆံခြင်းကြောင့် ဘယ်လို အန္တရာယ်တွေ တွေ့နိုင်သလဲ။

    လိင်ဆက်ဆံခြင်းကြောင့် အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကတော့ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကူးစက်နိုင်ခြင်းတွေပါပဲ။ ဒီလိုရောဂါတွေထဲမှာတော့ ရေယုန်၊ chlamydia၊ လိင်အင်္ဂါကြွက်နို့၊ ကာလသားရောဂါ၊ ဂနိုးရီးယားနဲ့ HIVတို့လို ရောဂါတွေ ပါဝင်ပါတယ်။ ခန္ဓါကိုယ် အပြည့်အဝမဖွံ့ဖြိုးသေးဘဲ လိင်ဆက်ဆံခြင်းက နာကျင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ BBC ကတော့ ဆယ်ကျော်သက်အရွယ်မှာ လိင်ဆက်ဆံတဲ့ မိန်းကလေးတွေမှာ ကျန်းမာရေးပြဿနာတွေ အဖြစ်များပြီး သားအိမ်ခေါင်းကင်ဆာလို ရောဂါမျိုးတောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

    လိင်ဆက်ဆံခြင်းဟာ သင့်ကို သင့်ရဲ့နေ့စဉ်ဘဝကနေပြီး ကာလအတော်ကြာ ခွဲခြားထားနိုင်တဲ့ ခံစားချက် ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ တကယ်လို့များ တစ်ခုခုများယွင်းခဲ့ရင် ဒါဟာ မမေ့ပျောက်နိုင်တော့တဲ့ အမာရွတ်အဖြစ်ကျန်ခဲ့ပြီး ဒါကြီးက သူတို့ဘဝတစ်လျှောက်လုံးကို လိုက်ပြီးခြောက်လှန့်နေတော့မှာပါ။

    ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု ရဲ့ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များ

    ၁။ ကိုယ်ဝန်နဲ့ ရောဂါတွေအတွက် စိုးရိမ်ပူပန်မှုများ

    ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု ရွိနေတဲ့ ဆယ်ကျော်သက်အများစုအတွက်ကတော့ ကိုယ်ဝန်ရသွားမှာ ဒါမှမဟုတ် လိင်ကတစ်ဆင့် ရောဂါတွေ ကူးစက်လာမှာကို ကြောက်တဲ့စိတ်ဟာ ပြင်းထန်တဲ့ စိတ်ဖိအားတွေကို ခံစားရစေပါတယ်။

    ၂။ နောင်တနဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်ခြင်း

    လိင်မှုကိစ္စနဲ့ ပတ်သက်လိုက်တဲ့ ပတ်သက်မှုတွေအဆုံးမှာတော့ ယောက်ျားလေးရော၊ မိန်းကလေးတွေပါ သိသာထင်ရှားတဲ့ နောင်တတွေကို ပိုင်ဆိုင်ကြရပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေက အများအားဖြင့် ယောက်ျားလေးတွေထက် ပိုပြီး ထိခိုက်ခံစားရပါတယ်။ ပြည့်စုံအောင်ပြောရမယ်ဆိုရင်တော့ လေ့လာမှုတွေအရ ယောက်ျားလေးနဲ့ မိန်းကလေးတွေကြားမှာ ကွာခြားချက်တွေ ရှိပါတယ်။ လိင်မှုကိစ္စအတွက်မှာတော့ မိန်းကလေးတွေဟာ လိင်မှုရေးရာကို သူတို့ကြားထဲက နှောင်ကြိုးတွေခိုင်မာဖို့နဲ့ ရင်းနှီးမှုတွေ ပိုလာဖို့အတွက် လို့ တွေးတတ်ကြပြီး ယောက်ျားလေးတွေကတော့ ဒါဟာ သာယာမှုတစ်မျိုးပဲလို့ ခံယူတတ်ကြတာပါ။

    ၃။ အပြစ်ရှိတယ်လို့ ခံစားရခြင်း

    အပြစ်ရှိတယ်လို့ ခံစားရခြင်းဟာလည်း နောင်တရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဝမ်းသာစရာတစ်ခုကတော့ ဒါဟာ သင့်ရဲ့ အသိတရားက ရှင်သန်နေဆဲဖြစ်ပြီး အလုပ်ဖြစ်နေဆဲဖြစ်တာကြောင့် သင်ဟာ ကျန်းမာနေဆဲပါလို့ ဆိုပါတယ။် အပြစ်ရှိတယ်လို့ ခံစားရခြင်းဟာ အနာဂတ်မှာလည်း ဒီလို ခံစားမှုမျိုးပြန်ရစေမယ့် မှားယွင်းတဲ့ အပြုအမူတွေလုပ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ယှဉ်ကြည့်တဲ့အခါမှာ မိန်းကလေးတွေက ယောက်ျားလေးတွေထက်ပိုပြီး အပြစ်ရှိတယ်လို့ ခံစားရပါတယ။် အထူးသဖြင့်တော့ သူတို့တွေက အရက်နဲ့ မူးယစ်ဆေးကြောင့် လိင်ရဲ့သားကောင် ဖြစ်ခဲ့ရရင်ပေါ့။

    ကိုယ်ဝန်ပျက်ကျခြင်း

    ဆယ်ကျော်သက်အများစု အနီးစပ်ဆုံးဆိုရရင် တစ်နှစ်ကို ၃၀၀၀၀၀ လောက်ဟာ သူတို့မှာ ကိုယ်ဝန်ရှိနေပြီလို့ သိလိုက်တာနဲ့ ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားကြပါတယ်။ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ လူတစ်ယောက်ရဲ့အသက်ကို အဆုံးသတ်ပေးလိုက်တာပါပဲ။ ၁၈ရက်မြောက်မှာပဲ နှလုံးခခုန်နေတာ၊ တိုင်းတာနိုင်တဲ့ ဦးနှောက်လှိုင်းတွေက ရက်သတ္တ၆ပတ်မှာ ပေါ်နေတဲ့ လူတစ်ယောက်ကို သတ်ပစ်လိုက်တာပါ။

    အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဖျက်ချပြီးတဲ့နောက်မှာတော့ စိတ်ဓါတ်ကျဆင်းမှုတွေခံစားရပါတယ်။ သူတို့တွေဟာ စိတ်ဓါတ်ကျတာတွေ၊ အိပ်မက်ဆိုးတွေ၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုတွေ ဆုံးရှုံးတာတွေနဲ့ အပြစ်ရှိတဲ့ခံစားမှုတွေ စတဲ့ အရာတွေ အားလုံးကို ခံစားကြရပါတယ်။ အချို့သူတွေကတော့ ဒီလိုမျိုးတွေ ခံစားရတာပေမယ့် အချို့လူတွေကတော့ ဒါတွေကို သိပ်ကြာကြာမခံစားနေရပါဘူး။

    လိင်ကိစ္စကို သင်လုပ်သင့်သည်ဖြစ်စေ၊ မလုပ်သင့်ဘူးဖြစ်စေ။ ဒါဟာသင့်ရဲ့ရွေးချယ်မှုပါပဲ။ သင့်ကို တားမြစ်ဖို့တွေနဲ့ ဒါတွေလုပ်ဖို့တိုက်တွန်းမှုတွေ လုပ်နိုင်ဖို့ ဘယ်သူ့မှာမှ အခွင့်အရေးမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို မချလိုက်ခင်မှာ အရွယ်မရောက်သေးဘဲ လိင်ဆက်ဆံတာက ယောက်ျားလေးအတွက်ရော မိန်းကလေးအတွက်ပါ နောက်ဆက်တွဲပြဿနာတွေ အကြီးအကျယ်ဖြစ်နိုင်တယ်ဆိုတာကို စိတ်ထဲမှာ မြဲနေအောင် မှတ်ထားပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement