backup og meta

အမျိုးသားများ ကိုယ်လုံးတီးချွတ်အိပ်ခြင်းဖြင့် ရနိုင်တဲ့ကောင်းကျိုးများ


Ye Myo Myat မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ ကိုယ်လုံးတီးချွတ်အိပ်ခြင်းဖြင့် ရနိုင်တဲ့ကောင်းကျိုးများ

    ကျွန်တော်တို့နိုင်ငံမှာ ယောက်ျားလေးအများစုက ညအိပ်ြပီဆိုရင် စွပ်ကျယ်နဲ့ ပုဆိုး၊ အိမ်နေရင်းတီရှပ်နဲ့ ဘောင်းဘီတိုတွေ ဝတ်တာများကြပါတယ်။ တချို့ကျတော့လည်း တစ်ယောက်တည်းနေရတာ၊ သို့မဟုတ် ကိုယ့်အခန်းနဲ့ကိုယ်နေရတာဆိုတော့ လွတ်လွတ်လပ်လပ် ဘာမှမဝတ်ဘဲအိပ်တာမျိုးတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးကတော့ ညအိပ်တဲ့အခါ ကိုယ်လုံးတီးအိပ်စက်ခြင်းဖြင့် အမျိုးသားတွေအတွက် ရနိုင်မယ့် ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။

    ၁။ လိင်အင်္ဂါတစ်ဝိုက်ဟာ ချွေးအရမ်းထွက်တဲ့နေရာပါ။ အသားနဲ့ ထိကပ်နေတဲ့ အဝတ်တွေ မရှိတဲ့အခါ လိင်အင်္ဂါအတွက်လည်း အေးမြစေသလို အနံ့အသက်ဆိုး ကင်းစင်စေနိုင်ပါတယ်။

    ၂။ ပွေး၊ နှင်းခူ၊ ညှင်းစတဲ့ အရေပြားမှိုရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။

    ၃။ ကပ္ပါယ်အိတ်နဲ့ ဝှေးစေ့ဟာ အဝတ်တွေနဲ့ ကျပ်ထုတ်နေတာမျိုးမရှိတဲ့အတွက် အပူချိန်ကျစေတယ်။ သုက်ပိုးတွေထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပြီး မျိုးအောင်ခြင်းကို ပိုဖြစ်စေတယ်။

    ၄။ အသားနဲ့ အဝတ်ကပ်နေခြင်းမရှိတော့တဲ့အတွက် ယားယံတာမရှိဘဲ အိပ်ရတာ လွတ်လွတ်လပ်လပ်ရှိတဲ့အတွက် ကောင်းစွာအိပ်ပျော်နိုင်စေတယ်။

    ၅။ ကိုယ်ထဲမှာရှိနေတဲ့ မကောင်းတဲ့ ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းစေတယ်။ ဇီဝကမ္မဖြစ်စဉ်ကို လျင်မြန်စွာဖြစ်ပျက်ပြောင်းလဲစေပြီး ကိုယ်အလေးချိန်ကို ကျစေနိုင်ပါတယ်။

    ၆။ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တယ်။

    ၇။ မိမိရဲ့ ကိုယ်ခန္ဓါ၊ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီး ယုံကြည်မှုပိုတိုးစေတယ်။ ချစ်သူနဲ့ လိင်ဆက်ဆံရတဲ့အခါ ပိုပြီးတက်ကြွမှုဖြစ်စေနိုင်တယ်။

    ၈။ လိင်စိတ်ဆန္ဒကို တိုးလာစေတယ်။ လိင်ဆက်ဆံရဖို့အတွက် နိုးကြားတက်ကြွနေတယ်။ လက်နဲ့အာသာဖြေတာ၊ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ချစ်တင်းနှောတဲ့အခါ ပိုကောင်းမွန်တဲ့ကာမသုခကို ရရှိစေတယ်။

    ၉။ ကိုယ်ချစ်ရတဲ့သူနဲ့ အဝတ်မပါဘဲ အသားချင်းထိပြီး အိပ်စက်ရတဲ့အခါ အောက်စီတိုစင်လို့ခေါ်တဲ့ ဟော်မုန်းတွေကို ကိုယ်ခန္ဓါက အများအပြားထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းကြောင့် လူ့ရဲ့ စိတ်မှာပိုမိုပျော်ရွှင်စေပြီး ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ပိုပြီးသံယောဇဉ်ကို ဖြစ်စေပါတယ်။

    ၁၀။ ကျန်းမာတဲ့အမျိုးသားတိုင်းသည် အိပ်နေတဲ့အခါ အနည်းဆုံး ၃ကြိမ်မှ ၅ကြိမ်ထိ လိင်တံအလိုအလျောက် ထောင်မတ်လာနိုင်ပါတယ်။ အဝတ်အစား၊ ဘောင်းဘီအကျပ်တွေနဲ့ ခံမနေတဲ့အခါ လိင်အင်္ဂါအတွက်လည်း ချုပ်ထိန်းထားတာမျိုး မရှိတော့တဲ့အတွက် သွေးစီးဆင်းမှုပိုကောင်းစေပြီး ထောင်မတ်အားကို ပိုတိုးစေပါတယ်။

    ၁၁။ လိင်အင်္ဂါတစ်ဝိုက် ယားယံတာ၊ အဖုအပိမ့်ပေါက်တာ၊ အင်ပျဉ်ထတာ၊ မကောင်းတဲ့ အောက်သိုးသိုးအနံ့အသက်ဖြစ်ခြင်းကို လျော့ကျစေပြီး ကျန်းမာသန်စွမ်းတဲ့ လိင်အင်္ဂါကို ပိုင်ဆိုင်ရစေနိုင်ပါတယ်။

    ကဲ ဒါဆိုရင် အမျိုးသားများ ကိုယ်လုံးတီးအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေကို သိလောက်မယ်လို့ မျှော်လင်မိပါတယ်။ အထူးသဖြင့် ကလေးယူဖို့ အဆင်သင့်ဖြစ်နေတဲ့ အိမ်ထောင်ရှင်တွေဆိုရင် အခုကစလို့ ညအိပ်တိုင်း အဝတ်မခံဘဲ ကိုယ်လုံးတီးအိပ်စက်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ အကယ်လို့ ကိုယ်က မိသားစုတွေနဲ့ အတူနေရတာဖြစ်လို့ အဝတ်မပါဘဲ အိပ်ရမှာစိတ်ထဲ မလုံသလိုဖြစ်ရင် အတွင်းခံဘောင်းဘီအပါး၊ ချည်သားဘောင်းဘီတို၊ ညဝတ်ဘောင်းဘီအပါးနဲ့ ဝတ်အိပ်လို့လည်း ရပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement