backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pneumoconiosis (နျူမိုကိုနီရိုစစ်)


Thin Myat Sandi Cho မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pneumoconiosis (နျူမိုကိုနီရိုစစ်) ကဘာလဲ။

ဖုန်မှုန့်မြေမှုန့်များကိုရှူရှိုက်မိခြင်းကနေ အဆုတ်မှာပုံပြီးပျက်စီးမှုပျက်သွားခြင်းကြေင့် ဖြစ်တဲ့အဆုတ်ရာဂါတစ်မျိုးဖြစ်ပါတယ်။ အလုပ်အကိုင်ဆက်နွှယ်အဆုတ်ရောဂါလို့ သတ်မှတ်လေံရှိပါတယ်။ အက်စ်ဘတ်စတိုစစ်၊ ဆီလီကိုစစ်၊ နဲ့ အနက်ရောင်အဆုတ်ရောဂါလို့ခေါ်တဲ့ ကျောက်မီးသွေးအလုပ်သမားတွေမှာဖြစ်တဲ့ နျူမိုကိုနိရိုစစ် တွေပါပါတယ်။

ရောဂါအပြင်းအထန်က ဖုန်မှုန့်အမျိုးအစား၊ အဆုတ်ကိုသက်ရောက်မှုအနည်းအမျိား နဲ့ ဘယ်လောက်ထိတွေ့ရလဲဆိုတာပေါ်မူတည်ပြီး ကွဲလွဲပါတယ်။ တခါတလေမှာ လက္ခဏာမပြတတတ်တာမျိုးရျိပြီး ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း အဆုတ်ကနေလေတွေကောင်းကောင်းရှူသွင်းရှူထုတ်နေခြင်းရှိမရှိစမ်းသပ်ခြင်းတွေကနေ နျုူမိုကိုရိုနီရိုစစ်အစောပိုင်းလက္ခဏာတွေရှိမရှိ အလုပ်သမားတွေကို ဆာဗေးကောက်တဲ့အခါမှသာ ရောဂါတွေ့လေ့ရှိပါတယ်။

Pneumoconiosis (နျူမိုကိုနီရိုစစ်) က ဘယ်လောက်အဖြစ်များသလဲ

၁၉၉၀ခု အယောက်၂၅၁၀၀၀သေဆုံးရာကနေ ၂၀၁၃ခုမှာ ၂၆၀၀၀၀သေဆုံးလာကြပါတယ်။ သေဆုံးသူတွေထဲမှာ ၄၆၀၀၀က ဆီလီကိုစစ်၊ အက်စဘတ်တိုစစ်ကြောင့် သေဆုံးသူ ၂၄၀၀၀၊ နဲ့ နျူမိုကိုနိရိုစစ်ကြောင့်သေဆုံးသူ ၂၅၀၀၀ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Pneumoconiosis (နျူမိုကိုနီရိုစစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစောပိုင်းအဆင့်မှာ လူနာတွေမှာလက္ခဏာလုံးဝမပြတတ်ပါဘူး။

နျူမိုကိုနိရိုစစ် ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ချောင်းဆိုးခြင်း သလိပ်ပါခြင်း သလိပ်မပါဘဲချောင်းဆိုးခြင်း

ရင်ဘတ်တင်းဆို့နေခြင်း

အသက်ရှူမဝခြင်း

လမ်းလျှောက်ခြင်း လှေကားတက်ခြင်းတွေလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတေမှာ အသက်ရျူမဝခြင်းကို စတင်ခံစားရနိုင်ပါတယ်။ လူအနာအချို့မှာ အနားယူနေချိန်မှာတောင် အသက်ရှူမဝတာမျိုး ခံစားရနုငိပါတယ်။

အဆုတ်အစိတ်အပိုင်းတော်တော်များကို သက်ရေက်ခံရမယ်ဒါမှမဟုတ် ထိခိုက်မှုကြီးကြီးမားမားဖြစ်ခဲ့မယ်ဆိုရင် အသက်ရှူနေစဉ်အတါင်း အောက်ဆီဂျင်တွေ သေါးထဲကိုအလွယ်တကူမရောက်သွားအောင် တားမြစ်ပါတယ်။ အောက်ဆီဂျင်ပမာဏနည်းသွူခြင်းကို ဖြစ်စေပါတယ်။ အောက်ဆီဂျင်ပမာဏနည်းခြင်းက ကိုယ်လက်လှုပ်ရှားမှုလုပ်နေစဉ်အတွင်း သို့ အိပ်နေဏသ်အတွင်းဖြစ်နိုင်ပါတယ်။ ရောဂါကပြင်ထန်လားတဲ့အခါမှာ အောက်ဆီဂျင်နည်းခြင်းက တစ်ချိန်လုံးဖြစ်နေနိုင်ပါတယ်။

အောက်ဆီဂျင်နည်းတဲ့လူနာတွေမှာ အောက်ဆီဂျင်နည်းနေတာကို မသိပါဘူး။ အောက်ဆီဂျင်နည်းခြင်းက အသက်ရှူမဝခြင်းလိုမျိုးလက္ခဏာကေို အမြဲတမ်းမဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ။်

သွေးထဲကအောက်ဆီဂျင်တွေက အတွင်းအင်္ဂါကလီစာတွေဆီကို ပို့ပေးရပါတယ်။ အောက်ဆီဂျင်နည်းခြင်းအခြေအနေကိုရိပ်မိသိရှိခြင်းက နျလုံးနဲ့ဦးနှေက်လိုမျိုး အခြားအင်္ဂါတွေအပေါ် သက်ရောက်မှုဖြစ်စေခြင်းမှ ကာကွယ်ပေးပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Pneumoconiosis (နျူမိုကိုနီရိုစစ်) ကိုဘာတွေကဖြစ်စေသလဲ

အမှုန်တွေက နျူမိုကိုနိရိုစစ်ကို ဖြစ်စေပါတယ်။ နျူမိုကိုနီရိုစစ်ကိုဖြစ်စေတဲ့ အတွေ့ရများတဲ့အလုပ်ခွင်သတ္တုမှုန်တွေကတော့ အက်စဘတ်တိုစ်၊ ဆီလီကာနဲ့ ကျောက်မီးသွေးမှုန်တွေဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

Pneumoconiosis (နျူမိုကိုနီရိုစစ်) ဖြစ်နိုင်ခြေကိုဘာတွက မြင့်တက်စေသလဲ

နျူမိုကိုနီရိုစစ် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အက်စဘတ်တိုစ်နဲ့ထိတွေ့နေရနိုင်တဲ့အလုပ်သမားတွေကတော့ ပိုက်ပြင်သမား၊ ခေါင်မိုးဖာ၊ စက်ပြင်ဆရာ သင်္ဘောဝမ်းအလုပ်သမားများ ရေတပ်အရာရှိတွေပါဝင်ပါတယ်။ အက်စဘတ်တိုနဲပ အချိန်ကြာထိတွေ့နေရမယ်ဆိုရင် အက်စဘတ်တိုစစ်ဖြစ်နိုင်ချေ အလွန်များပါတယ်။

သဲနဲ့ကျောက်ကထွေက်တဲ့ အဓိကဖုန့်မှုန်ဖြစ်တဲ့ ခရစ်စတယ်လိုင်းဆီလီကာပုံဆောင်ခဲဖြစ်ပါတယ်။ ဆီလီကာနဲ့ထိတေါ့ရနိုငတဲ့အလုပ်ေတွေကတော့ ကျေက်တူးသမား၊ သတ္တုတါင်းတူးသူများ၊ သဲမှုတ်ပြီး သံချေးခွာခြင်း၊ ကျောက်ဆစ်သမားနဲ့ သတ္တုအရည်ကိျုအလေုပ်သမားတွေဖြစ်ါပတ်ုယ။ ဆီလီကာနဲ့အချိန်ကြာထိတွေ့နေသူတွေ ဆီလီကာပမာဏအများကြီးနြ့ထိတွေ့နေရသူတွေမျာ ဆီလိကိုစစ်ြစ်ုနငိချေများပါတယ်။

ကျောက်မီးသေ့ွးမှုန့်က ကာဗွန်ပါတဲ့အမှုန်တွေကနေဖြစ်လာပါတယ်။ ကျောက်မီးသွေးတူးသူတွေမှာ ရှူရှိုက်ရနိုင်ချေများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pneumoconiosis (နျူမိုကိုနီရိုစစ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က သံသယရှိတဲ့အခါမှာ ကိုယ်ခန`ဓါပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ဆရာဝန်က သင့်ရာဇဝင်၊ သင့်လက္ခဏာနဲ့ ထိတွေ့မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်မေ်းပါလိမ့်ယ။ အဆုတ်လုပ်ဆောင်ရည်းစစ်ဆေးစမ်းသ ပ်ခြင်းတွေလည်း ပြုလုပ်ရပါလိမ့်မယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း စီတီစကန်ရိုက်ခြင်းက ရောဂါကိုအဖြေရှာအတည်ပြုနိုင်ပါလိမ့်မယ်။

Pneumoconiosis (နျူမိုကိုနီရိုစစ်) ကို ဘယ်လိုကုသပါသလဲ

နျူမိုကိုနီရိုစစ်ရောဂါအတွက် အထူးကုသမှုတွေမရှိပါဘူး ပျောက်ကင်းအောင်လည်း မကုသနိုင်သေးပါဘူး။ ကုသမှုအများစုက အဆုတ်ကိုနောက်ထပ်မထိခိုက်အောင်၊ လက္ခဏတွေလျော့ပါးောင်နဲ့ သက်တမ်းရှည်အောင်သာ ရည်ရွယ်ပါတယ်။

ပန်းနာရင်ကျပ်သို့ နာတာရှည်လေပြွန်အဆုတ်ပိတ်ဆို့ခြင်းရာဂါလက္ခဏာတွေ ရှိနေမယ်ဆိုရင် ရှူဆေးတွေကိုရှူရှိုက်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အဆုတ်ပြန်လည်ကျန်းမာလာရေးအစီအစဉ်က လူနာရဲ့ကိုယ်လက်လှုပ်ရျူားနိုင်စွမ်းကိုတိုးတက်စေဖို့ ဖြစ်ပါတယ်။ လူနာမှာ အောက်ဆီဂျင်နည်းနေတယ်ဆိုရင် အောက်ဆီဂျင်ပေးရပါတယ်။ အချို့လူနာတွေမှာ အောက်ဆီဂျင်တစ်ချုိန်လုံးပေးဖို့လိုပြိး အချို့တွေမှာတော့ လှု့ပ်ရှားမှုပြုနေစဉ်နှိုးနေစဉ်မှာ သို့ အိပ်နေစဉ်မှာသာလိုပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နျူမိုကိုနီရိုစစ်ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

နျူမိုကိုနီရိုစစ်ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ပုံမှန်ပြသခြင်း

သင့်နဲ့သင့်ရောဂါကိုအနီးကပ်စောင့်ကြည့်ုနငိဖို့ အသက်ရှူအဆုတ်လုပ်ဆောင်ရည်စစ်ဆေးခြင်းလိုမျိုး ရေင်ဘတ်ဓါတ်မှန်ရိုက်ခြင်းလိုမျိုး ပုံမှန်စစ်ဆေးမှုပြုနေခြင်း

တုပ်ကွေးကာကွယ်ဆေးနှစ်စဉ်ထိုးခြငး။ အဆုတ်ရောင်ကာကွယ်ဆေးနဲ့ပတ်သက်ပြီးလည်း ဆရာဝန်ကိုမေးသင့်ပါတယ်။

ဆီလီကိုစစ်လူနာတွေမျာ အဆုတ်မှာတီဘီပိုးကြီးထွားနေခြင်းရှိမရှိ စမ်းသပ်ခြင်းကိုလည်းပြုသင့်ပါတယ်။ သင့်နျလုံးနြ့အဆုတ်ကိုဂရုစိုက်ခြင်းက နျူမိုကိုနီရိုစစ်ရောဂါသည်တွေအတွက် ကျန်းမာရေးကောင်းဖို့အရေးကြီးအရောတွေဖြစ်ပါတယ်။ ဆေးလိပ်မသောက်ခြင်းနဲ့ တဆင့်ခံဆေးလိပ်ငွေ့တွေမရှူရှိုက်မိောအင် ရှေင်ဖို့ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့အမှုန့်တွေကို နောက်ထပ်ထိတွေ့ခြင်းမှလည်း ရှောင်ကြဉ်သင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Thin Myat Sandi Cho မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement