backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) ကဘာလဲ။

အဆုတ်ဖုံးအမြှေးရောင်ခြင်းဆိုသည်မှာ အဆုတ်အား ဖုံးအုပ်ထားသည့် အမြှေးပါးရောင်ခြင်းဖြစ်ပါသည်။ အဆုတ်ဖုံးအမြှေးရောင်ခြင်းသည် စူးရှသည့် ရင်ဘတ်အောင့်မှု (Pleratic Pain) ကိုဖြစ်စေပြီး အသက်ရှုလိုက်လျှင် ပိုဆိုးဝါး၏။

အဆုတ်ဖုံးအမြှေးတွင် ပါးလွှာသောအလွှာနှစ်လွှာ ပါဝင်ပြီး အဆုတ်ကိုကာကွယ်ပေးသလို ရင်ဘတ်နံရံမှလည်း ခွာပေးပါသည်။ အလွှာနှစ်ခုကြား၌ အလွှာများ ချောနေစေရန် ချောဆီအဖြစ် အရည်များပါရှိ၏။ အဆုတ်ဖုံးအမြှေးရောင်လာသည့်အခါ အလွှာနှစ်လွှာ ချောမွတ်ဆွာ မပွတ်တိုက်နိုင်တော့ပဲ နာကျင်မှုကိုခံစားရသည်။ အထူးသဖြင့် ချောင်းဆိုနှာချေလျှင် ပိုနာ၏။

Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဆုတ်ဖုံးအမြှေးရောင်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • အသက်ရှု၊ ချောင်းဆိုး၊ နှာချေလိုက်လျှင် ဆိုးဝါးသော ရင်ဘတ်အောင့်ခြင်း
  • အသက်ရှုမဝခြင်း
  • ချောင်းဆိုးခြင်း – တစ်ချို့တွင်သာ
  • ဖျားခြင်း – တစ်ချို့တွင်သာ
  • ရင်ဘတ်အောင့်ခြင်းနှင့်ထိလျှင်နာခြင်း – နာကျင်မှုသည် များသောအားဖြင့် ရင်ခေါင်းအရှေ့နှင့် အနောက်ဖက်တွင် အဖြစ်များပြီး တစ်ခါတစ်ရံ နောက်ကျောအောင့်ခြင်း ပုခုံးနာခြင်းများပါ ခံစားရတတ်သည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • ချောင်းဆိုး၊ ချမ်းတုန် အပြင်ဖျား၊ အဝါရောင် အစိမ်းရောင် သလိပ်ထွက်ခြင်းများဖြစ်နေပါက သင့်၌ နမိုးနီးယားရှိနေနိုင်ပါသည်။
  • အဆုတ်ဖုံးအမြှေးရောင်ခြင်းရှိသည့်အခါ ခြေလက်များရောင်လျှင် သင့်၌ အဆုတ် embolus နှင့် နက်ရှိုင်းသွေးပြန်ကြော thrombosis တို့ြုဖစ်စေနိုင်ပါသည်။

အကြောင်းရင်းများ

Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဆုတ်ဖုံးအမြှေးရောင်ခြင်းသည် အဆုတ်ဖုံးအမြှေးအား ပိုးဝင်ခြင်း သို့မဟုတ် ဆေးတစ်ခုခုကြောင် သို့မဟုတ် ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် ဖြစ်ရခြင်းဖြစ်၏။ အဆုတ်ဖုံးအမြှေးရောင်ခြင်း၏ အကြောင်းရင်းများမှာ –

  • ဗိုင်းရပ်စ်ပိုးဝင်ခြင်း ဥပမာ တုပ်ကွေး (Influenza)
  • ဘက်တီးရီးယားပိုးဝင်ခြင်း ဥပမာ နမိုးနီးယား
  • မှိုစွဲကပ်ခြင်း
  • လေးဖက်နာသဖွယ်ရောဂါများ ဥပမာ လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်း
  • တစ်ချို့သောဆေးများ
  • အဆုတ်ဖုံးအမြှေးနှင့်နီးသည့်နေရာတွင် အဆုတ်ကင်ဆာဖြစ်ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အခံအသက်ရှုစနစ်ရောဂါများရှိသော လူများသည် အဆုတ်ဖုံးအမြှေးရောင်ခြင်းဖြစ်နိုင်ချေ ပိုများပါသည်။ အဆုတ်ဖုံးအမြှေးရောင်ခြင်းနှင့်တွဲသောရောဂါများ ဖြစ်နိုင်ချေမှာ အသက်နှင့်အမျှ မြင့်နေတတ်ပြီး တခြားသော ဆီးချို၊ နာတာရှည်လေပြွန်ရောင်ခြင်း၊ အဆုတ်လေခိုခြင်း၊ နှလုံးရောဂါနှင့် ကိုလက်ဂျင် သွေးကြောရောဂါများတို့လို အသက်အန္တရာယ်ရှိသော ရောဂါများရှိမရှိပေါ်လည်း မူတည်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်၌ အဆုတ်ဖုံးအမြှေးရောင်ခြင်းရှိမရှိ ဆုံးဖြတ်နိုင်ရန် ဆရာဝန်မှ အောက်ပါတို့ကို အကြံပြုပါလိမ့်မည်။

  • သွေးစစ်ခြင်း – သွေးစစ်ခြင်းဖြင့် သင့်၌ရောဂါပိုးရှိမရှိသိနိုင်ပါသည်။
  • ရင်ဘတ်ဓါတ်မှန် – အဆုတ်နှင့် နံရိုးများကြား လေ သို့မဟုတ် အရည်များရှိမရှိ၊ အဆုတ်ကောင်းကောင်း လေဝင်မဝင် ရင်ဘတ်ဓါတ်မှန်မှ သိနိုင်ပါသည်။
  • ကွန်ပျူတာဓါတ်မှန် – အသေးစိတ်ကျသည့် ရင်ဘတ်အစိတ်လိုက်ဓါတ်မှန်များကို ကွန်ပျူတာမှ အချက်အလက်များ ထုတ်ပေးခြင်းဖြစ်သည်။
  • တီဗီဓါတ်မှန် – ဤနည်းပညာသည် ကြိမ်နှုန်းမြင့်အသံလှိုင်းများကိုသုံးကာ ခန္ဓါကိုယ်တွင်းမှ အင်္ဂါများကို ပုံဖော်ပြသပေးခြင်းဖြစ်သည်။ ဆရာဝန်မှ တီဗီဓါတ်မှန်ကိုသုံးပြီး သင့်၌ အဆုတ်အတွင်းရေဝင်မဝင် ဆုံးဖြတ်နိုင်ပါသည်။
  • အီးစီဂျီ – သင်၏ရင်ဘတ်အောင့်ခြင်းအတွက် နှလုံးပြဿနာဟုတ်မဟုတ် သေချာစေရန်တွင် ဤ နှလုံးကိုစောင့်ကြည့်သည့် စစ်ဆေးမှုကို ဆရာဝန်မှလမ်းညွှန်ပါလိမ့်မည်။

Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အဆုတ်ဖုံးအမြှေးရောင်ခြင်းအားကုသရာတွင် အောက်ခံအကြောင်းရင်ကို အဓိကကုသရပါသည်။ ဥပမာအားဖြင့် ဘက်တီးရီးယားနမိုးနီးယားဆိုပါက ပိုးဝင်မှုကိုထိန်းရန် ပဋဇီဝဆေးများ ပေးရမည်ဖြစ်သည်။ အကယ်၍ ဗိုင်းရပ်စ်ကြောင့်ဆိုပါက အဆုတ်ဖုံးအမြှေးရောင်ခြင်းသည် သူ့အလိုလိုပျောက်သွားပါလိမ့်မည်။ အဆုတ်ဖုံးအမြှေးရောင်ခြင်းကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်းအား စတီးရွိုက်မပါ အရောင်ကျဆေးများ (NSAID) လို အကိုက်အခဲပျောက်ဆေးများ အသုံးပြုနိုင်ပါသည်။ များသောအားဖြင့် အိုင်ဗျူပရိုဖန်ကို အသုံးပြုကြ၏။

အကယ်၍ NSAID များနှင့် အဆင်မပြေ မသင့်တော်ဆိုပါက ပါရာစီတမော သို့မဟုတ် ကိုဒီအင်းတို့လို တခြားအကိုက်အခဲပျောက်ဆေးများကို ပေးနိုင်ပါသည်။

ကြားရတာ ထူးဆန်သော်လည်း နာသည့်ဖက်သို့စောင်းအိပ်ပေးလျှင် နာကျင်မှုကို လျော့ကျစေပါလိမ့်မည်။

အဆုတ်ဖုံးအမြှေးရောင်ခြင်းကုထုံများ၏ရလဒ်သည် အခံရောဂါ၏ ပြင်းထန်နှုန်းပေါ် မူတည်ပါသည်။ အဆုတ်ဖုံးအမြှေးရောင်ခြင်းကိုဖြစ်သော အကြောင်းရင်းကို သိရပါက စောလျင်စွာကုသလျှင် အပြည့်အဝပြန်ကောင်းမည်ဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဆုတ်ဖုံးအမြှေးရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အဆုတ်ဖုံးအမြှေးရောင်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကိုသောက်ပါ။ အနာနှင့်အရောင်ကျစေရန် အိုင်ဗျူပရိုဖန် (Advil, Motrin IB) အား လိုအပ်သလို သောက်ပါ။
  • အနာများများယူပါ။ မသက်သာမှုလျော့ပါးစေရန် အဆင်ပြေသည့်အနေအထားအတိုင်းနေထိုင်ပါ။ ပိုကောင်းလာသည်ဟုခံစားရပါက အလုပ်များရမ်းမလုပ်ဖို့ ဂရုစိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement