backup og meta

သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကပေးတဲ့ အကျိုးကျေးဇူး


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကပေးတဲ့ အကျိုးကျေးဇူး

    အိမ်လေးဆိုရင် သန့်ရှင်းသပ်ရပ်နေမှကြိုက်တယ်ဆိုတာက ကြီးကျယ်တာမဟုတ်ပါဘူး။ ဒါက လူတိုင်းမှာဖြစ်သင့်တဲ့ စိတ်ဆန္ဒတစ်ခုပါနော်။ ကြမ်းပြင်လေးဆိုပြောင်နေမှ၊ မှန်လေးဆိုကြည်နေမှ၊ စင်လေးတွေဆို ဖုန်ကင်းနေမှဆိုတာက လိုအပ်တဲ့ အိမ်သန့်ရှင်းမှုတွေထဲက အခြေခံကျတဲ့အကြောင်းအရာပါနော်။ မနက်ခင်းလင်းလာရင် မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီးတာနဲ့ လုပ်မိတာကနေအိမ်လေးသန့်စင်ဖို့ဆိုရင်တော့ ကိုယ်တိုင်ရော မိသားစုအတွက်ပါကောင်းကျိုးများတဲ့ အလုပ်လေးတစ်ခုကို လုပ်မိနေတာပါ။

    သန့်ရှင်းသပ်ရပ်တဲ့နေအိမ်လေးကပေးစွမ်းတဲ့ အကျိုးကျေးဇူးတွေ

    နေအိမ်လေးကို ပုံမှန်သန့်ရှင်းသပ်ရပ်နေအောင်ထားတာက အခုလိုအကျိုးကျေးဇူးလေးတွေကို ရရှိစေနိုင်ပါတယ်။

    ဓါတ်မတည့်မှြုဖစ်နိုင်ခြေနည်းစေတယ်

    အိမ်ကို ပုံမှန်သန့်ရှင်းနေတဲ့အတွက် ဖုန်မှုန့်နဲ့ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကို သန့်စင်ပြီးသားဖြစ်နေမှာပါ။ တံမြက်စည်းလှည်းတာ၊ ဖုန်စုပ်တာတွေမှာ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားသန့်စင်ပြီးဖြစ်တာကြောင့် အအေးမိ၊တုပ်ကွေးအန္တရာယ်တွေကနေလည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။ အသက်ရှုလမ်းကြောင်းပြဿနာ၊ ပန်းနာရင်ကျပ်ေရာဂါတွေလည်း ကင်းဝေးကြပါတယ်။

    ရောဂါကင်းတယ်

    နေ့တိုင်းရေအိမ်၊ရေချိုးခန်းကစလို့ မီးဖိုခန်း၊အိပ်ခန်း၊ဧည့်ခန်းပါမကျန် သန့်စင်ထားမှုကြောင့် ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပြီးသားဖြစ်ပါတယ်။လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုးတွေကိုပါ တိုက်ဖျက်ပြီးသားဖြစ်လို့ ကျန်းမာပြီးရောဂါကင်းစေမှာပါ။

    မှိုပေါက်ဖွားမှုလျော့နည်းစေနိုင်တယ်

    ပူနွေးစိုစွတ်မှုတွေကြောင့်ကော်ဇော၊ ခန်းဆီးလိုက်ကာတွေ၊ အိပ်ရာခင်းတွေမှာ မှိုပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။ ဒီမှိုပိုးတွေက အရေပြားကျန်းမာရေးကို ထိခိုက်စေနိုင်သလို အသက်ရှုလမ်းကြောင်းပြဿနာတွေ၊အအေးမိတုပ်ကွေးပြဿနာတွေ၊ ဓါတ်မတည့်မှုတွေနဲ့ အခြားသောကျန်းမာရေးပြဿနာတွေဖြစ်နိုင်ပါတယ်။

    ထိခိုက်ဒဏ်ရာရနိုင်ခြေနည်းစေတယ်

    သပ်ရပ်တဲ့နေအိမ်မှာ မျက်စိမှိတ်ပြီးပဲသွားသွား၊ အမှောင်ထဲမှာပဲလျှောက်လျှောက် ထိခိုက်မိနိုင်ခြေကနည်းပါတယ်။ လူကြီးတွေ၊ ကလေးငယ်တွေရှိနေတဲ့နေအိမ်တွေမှာဆိုရင် သန့်ရှင်းသပ်ရပ်မှုက မဖြစ်မနေဂရုစိုက်ရမယ့်အချက်ပါ။ ထိခိုက်မှုနည်းတာက ခန္ဓါကိုယ်ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုပေါ့။

    စိတ်ဖိစီးမှုနည်းစေတယ်

    အိမ်လေးသပ်ရပ်သန့်ရှင်းနေတာက မလိုလားအပ်ဘဲဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်ပါတယ်။ အိမ်လေးက သပ်ရပ်နေတော့ ပစ္စည်းတစ်ခုခုလိုချင်ပြီဆိုရင်လည်း အလွယ်တကူရှာလို့ရတော့ ပစ္စည်းရှာရတာကြောင့်ရလာတဲ့ စိတ်ဖိစီးမှုကင်းပြီပေါ့။ မီးဖိုချောင်ကနေစလို့ အိပ်ခန်းနဲ့ ဧည့်ခန်းပါမကျန်သန့်ရှင်းနေမှုက စိတ်ဖိစီးမှုကင်းပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေမှာပါ။

    ပိုးမွှားတွေအန္တရာယ်ကနေ ကာကွယ်နိုင်တယ်

    နေအိမ်ကိုဖျက်ဆီးပြီး ကျန်းမာရေးကို အနှောင့်အယှက်ပေးတဲ့ ပိုးမွှားတွေကို ပုံမှန်သန့်စင်ပေးတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။

    အဝမလွန်အောင်ကာကွယ်ပေးနိုင်တယ်

    ဖုန်မှုန့်တွေ သန့်စင်နေအောင်ဖန်တီးမှုက သင့်ကို ဝိတ်မတက်အောင်ကာကွယ်လိုက်သလိုပါပဲ။ ဖုန်ကင်းစင်တဲ့ ပတ်ဝန်းကျင်က အဆီမတက်အောင်ကာကွယ်ပေးနိုင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement