backup og meta

ခံတွင်းနဲ့ကိုယ်ခန္ဓါကျန်းမာရေးအတွက် အကောင်းဆုံးခံတွင်းသန့်ဆေးရည်ရွေးချယ်မယ်


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းနဲ့ကိုယ်ခန္ဓါကျန်းမာရေးအတွက် အကောင်းဆုံးခံတွင်းသန့်ဆေးရည်ရွေးချယ်မယ်

    အမျိုးအစား အမှတ်တံဆိပ်များစွာရှိကြတဲ့အထဲ ခံတွင်းသန့်ဆေးရည်ရွေးချယ်ဖို့က ရှုပ်ထွေးနိုင်ပါတယ်။ ဘက်တီးရီးယားသေစေတဲ့ ခံတွင်းသန့်ဆေးရည်တွေ၊ သွားပိုးစားခြင်းကိုကာကွယ်ပေးတဲ့ဆေးရည်၊ ခံတွင်းနံ့ဆိုးပျောက်စေတဲ့ဆေးရည် စသည်ဖြင့် အာနိသင်ကွဲပြားတဲ့အမျိုးအစားတွေ များစွာရှိနေတာဆိုတော့ရွေးရခက်နိုင်တာပေါ့။

    ဒါ့ကြောင့် ကိုယ့်ရဲ့လိုအပ်ချက်ကိုမူတည်ပြီး ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့်ခံတွင်းသန့်ဆေးရည်ကိုရွေးချယ်ရမှာပါ။

  • ဘယ်သူသုံးမှာလဲ၊
  • ဘယ်လိုအာနိသင်မျိုးကိုလိုအပ်တာလဲ၊
  • သုံးမယ့်သူမှာ ဘာပြဿနာတွေရှိနေလဲ ဆိုတဲ့ အချက်သုံးချက်ကို အရင်တွေးကြည့်ပြီးမှ အဆင်ပြေဆုံး အမျိုးအစားတစ်ခုကိုသုံးမယ်ဆိုရင် ထိရောက်တဲ့အကျိုးကျေးဇူးကိုရရှိနိုင်ပါလိမ့်မယ်။
  • ကလေးအတွက် သုံးမယ်ဆိုရင်

    ခံတွင်းသန့်ဆေးရည်သုံးမယ်ဆိုရင် ကလေးက အသက် ၆နှစ်အထက်ရှိသင့်ပါတယ်။ နားမလည်သေးတဲ့အသက်အရွယ်မှာ ကလေးအများစုက ခံတွင်းသန့်ဆေးရည်ကိုထွေးမထုတ်ဘဲ မျိုချတတ်တာကြောင့် ၆ နှစ်အောက်တွေကိုပေးမသုံးသင့်တာပါ။ ဒါ့ကြောင့် အသုံးပြုလို့ရတဲ့အရွယ် ကလေးတွေကိုတောင် ခံတွင်းသန့်ဆေးရည်သုံးတဲ့အခါတိုင်း လူကြီးကဘေးကနေကြီးကြပ်ပေးသင့်ပါတယ်။ အထူးသဖြင့် မျိုမချဘဲ ပလုပ်ကျင်းပြီးထွေးပစ်ရဲ့လား။ ကလေးတွေအတွက်က ပြင်းရှတဲ့အရသာမဟုတ်ဘဲ သွားပိုးစားခြင်းကို ကာကွယ်ပေးတဲ့ အယ်ကိုဟောမပါ၊ ဖလူအိုရိုက်ပါဝင်တဲ့ အမျိုးအစားက သင့်တော်ပါတယ်။

    သွားပိုးစားတတ်သူဖြစ်ရင်

    အကြောင်းရင်းအမျိုးမျိုးကြောင့် သွားပိုးစားပြီး သွားအခေါင်းပေါက်ဖြစ်နေသူတွေရှိပါတယ်။ ဒါတွေက စားသောက်တဲ့အာဟာရ၊ သွားရဲ့ပုံပန်းသဏ္ဍာန်၊ခံတွင်းကဘက်တီးရီးယား စတဲ့အချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ဖလူအိုရိုက်မပါတဲ့ဘုံပိုင်ရေ မရနိုင်တာ ဒါမှမဟုတ်ရေသန့်ဘူးပဲသောက်လေ့ရှိတဲ့သူဖြစ်ရင် အစားအစာကနေ ဖလူအိုရိုက်ဓါတ်က အပြည့်အဝမရရှိနိုင်ဘဲဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဖလူအိုရိုက်ပါတဲ့ခံတွင်းသန့်ဆေးရည်တွေက သွားကြွေလွှာကို ကာကွယ်ပေးပြီး အက်စစ်နဲ့ဘက်တီးရီးယားရန်က သဘာဝအတိုင်းကာကွယ်ပေးထားနိုင်ပါတယ်။ သွားပိုးပေါက်ကနက်တယ်ဆိုရင် သန့်စင်ဖို့ခက်တဲ့နေရာတွေအထိ ခံတွင်းသန့်ဆေးရည်ကရောက်ရှိနိုင်ပြီး သွားတိုက်ပြီးအချိန်အတော်ကြာအထိ သန့်ရှင်းနေစေနိုင်ပါတယ်။

    အနံ့ဆိုးကင်းပြီး ခံတွင်းနံ့ ပိုလန်းဆန်းစေချင်တာဆိုရင်

    ခံတွင်းနံ့သင်းသင်းလေးဖြစ်ချင်လို့၊ ခံတွင်းနံ့ဆိုးနေလို့mouthwash သုံးချင်တာဆိုရင်တော့ ကလိုရင်း သို့မဟုတ် ဇင့်ဓါတ်ပါတဲ့mouthwash ကိုသုံးပါ။ အဲဒီဓါတ်တွေက အနံ့ဆိုးတွေကိုပြယ်စေပြီး ပိုးသတ်တဲ့ခံတွင်းသန့်ဆေးရည်တွေထက်ပျော့ပါတယ်။နေ့စသ်သုံးအဖြစ် အသုံးများကြတဲ့အမျိုးအစားပါ။

    ဘက်တီးရီးယားတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့အာနိသင်ကို လိုချင်ရင်

    ခံတွင်းနံ့ဆိုးခြင်းလိုပဲ သွားချေးများကပ်နေခြင်း၊သွားဖုံးရောင်ခြင်း၊တို့လို ဘက်တီးရီးယားကြောင့်ဖြစ်ရတဲ့လက္ခဏာတွေအတွက် ပိုးသတ်ခံတွင်းသန့်ဆေးရည်ကိုရွေးချယ်တာအကောင်းဆုံးပါပဲ။ ဒီအမျိုးအစားက ခံတွင်းမှာရှိတဲ့ဘက်တီးရီးယားပမာဏကို ၇၅ ရာခိုင်နှုန်းလောက်လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

    တကယ်တော့ သွားနဲ့ခံတွင်းရောဂါတွေအတွက်တင်မကဘဲ အအေးမိဝေဒနာ၊ တုပ်ကွေးလက္ခဏာတွေအတွက်ပါ ကြိုတင်ကာကွယ်နိုင်၊ ကုသပေးနိုင်တဲ့ Betadine mouthwash လိုမျိုးခံတွင်းသန့်ဆေးရည်တွေ ရှိနေပြီဖြစ်ပါတယ်။ Betadine ဆိုရင် အနာထည့်တဲ့ဆေးလို့ပဲ မထင်လိုက်နဲ့နော်။ အအေးမိတုပ်ကွေးဝေဒနာနဲ့ လည်ချောင်းနာခြင်းအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ gargle and mouthwash က လည်ချောင်းနာဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို စက္ကန့် ၃၀ အတွင်းသေစေနိုင်ပြီး လည်ချောင်းနာဝေဒနာကို ရက်တိုအတွင်းပျောက်ကင်းသက်သာစေနိုင်ပါတယ်။

    ဒီဆေးရည်မှာ လည်ချောင်းနာကျင်မှုဝေဒနာသက်သာပြီးရောဂါပိုးကြောင့်ဖြစ်ရတဲ့လက္ခဏာတွေကိုလျော့ပါးသက်သာစေနိုင်ပေမယ့် အကိုက်အခဲပျောက်ဆေးနဲ့၊ အရောင်ကျဆေးတွေ မပါဝင်ပါဘူး။ ပုံမှန်ဆို ခံတွင်းသန့်ဆေးရည်တွေကို ကလေးတွေအတွက် အသုံးပြုဖို့ စဉ်းစားစရာတွေရှိနေပေမယ့် Betadine ကိုတော့ အသက် ၆ နှစ်ပြည့်ပြီးတဲ့ ကလေးတိုင်းအတွက် အသုံးပြုလို့ရနိုင်ပါတယ်။

    Betadine mouthwash ကို လည်ချောင်းယား၊လည်ချောင်းစပ်ခြင်းလို အစပိုင်းလက္ခဏာတွေတည်းက အသုံးပြုလို့ရပါတယ်။ အအေးမိဝေဒနာရဲ့ အစောပိုင်းလက္ခဏာတွေကို အမြန်ဆုံးသက်သာစေပြီးနောက်ထပ်အဆင့်ထပ်မတိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement