backup og meta

အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ?

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 14/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ?

    အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ? တစ်ခါတစ်လေမှာ ဖျားနာတာကနေ သက်သာလာပေမယ့် ချောင်းဆိုးတာမပျောက်သေးတာကို ကြုံဖူးကြမှာပါ။ လည်ချောင်းယားပြီး ချောင်းဆိုးနေတိုင်းလည်း နေမကောင်းဘူးလို့ မသတ်မှတ်နိုင်ပါဘူး။

    ဒါဆိုရင် နှာစေးအအေးမိဝေဒနာကနေ သက်သာလာတာတောင် ချောင်းဆက်ဆိုးနေသေးရင် စိတ်ပူဖို့လိုပါသလား ?

    အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ?

    အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ? ဆိုတော့ “လူနာတော်တော်များများက အအေးမိဖျားနာဝေဒနာကို ရက်အနည်းငယ်အတွင်းမှာပဲ ပျောက်ကင်းသွားမယ်လို့ သေချာပေါက်ထင်ထားကြတယ်။ ဒါပေမဲ့ ရိုးရိုးအအေးမိခြင်းကလည်း တစ်ခါတစ်လေမှာ တစ်ပတ်နှစ်ပတ်ခန့်ကြာနိုင်ပါတယ်” လို့ ကယ်လီဖိုးနီးယားဆေးရုံက အတိုင်ပင်ခံသမားတော် ဒေါက်တာ John Doherty ကဖြေကြားဖူးပါတယ်။

    သူက အအေးမိဝေဒနာသက်သာလာရင်တောင်မှ ခန္ခာကိုယ်က ခုခံအားစနစ်က ရောဂါပိုးတွေကို တိုက်ထုတ်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ချောင်းဆိုးတာမျိုးကဖြစ်နိုင်ပါတယ်လို့ ဆက်ရှင်းပြပါတယ်။

    နောက်ထပ်ဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ချက်ကတော့ နှာခေါင်းထဲကအချွဲတွေကြောင့် ဖြစ်ပါတယ်။

    အီလီနျွိုက်ပြည်နယ်ဆေးရုံက သမားတော်ဒေါက်တာ Laura Boyd ကလည်း “အအေးမိနေတဲ့အချိန် နှာခေါင်းထဲမှာ အချွဲတွေစုပုံလာတတ်ပါတယ်။ နှာခေါင်းအထဲမှာရှိတဲ့ ဂလှိုင်ပေါက်တွေကနေတစ်ဆင့် ဒီအချွဲတွေက လည်ခေါင်းထဲကို ရောက်ရှိသွားတဲ့အခါမှာ လည်ချောင်းယားယံပြီး ချောင်းဆိုးခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်” ဆိုပြီးပြောကြားခဲ့ပါသေးတယ်။

    အခြားသော ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေလည်းရှိနိုင်ပါတယ်။

    အဆုတ်ရောင်ရောဂါ

    တစ်ခါတစ်လေမှာ ဖျားနာရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရင်းနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အင်အားချည့်နှဲ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ အဆုတ်ရောင်စေတဲ့ ဘက်တီးရီးယားပိုးတွေက တိတ်တဆိတ်ဝင်ရောက်လာပြီး ချောင်းဆိုးခြင်းအပါအဝင် အခြားသောရောဂါလက္ခဏာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

    ရင်ကျပ်ရောဂါ

    ရင်ကျပ်ပြီး အသက်ရှူခက်ခဲတာကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ တစ်ခါတစ်လေ အအေးမိပြီးနောက် ခန္ဓာကိုယ်မှာ ဓာတ်မတည့်တဲ့တုံပြန်မှုအနေနဲ့ ရင်ကျပ်ဝေဒနာ ခံစားရသူတွေလည်း ရှိနိုင်ပါတယ်။

    ရင်ကျပ်တဲ့အခါ အသက်ရှူရခက်ခဲတဲ့အပြင် ချောင်းဆိုးဝေဒနာကိုခံစားရမှာပါ။

    – အအေးမိနေတာမဟုတ်ဘဲ အအေးမိရောဂါနဲ့ဆင်တူတဲ့ တခြားရောဂါတစ်ခုခု ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်

    အခြား ရောဂါ တစ်ခုခုကြောင့်လည်း အအေးမိရောဂါရဲ့လက္ခဏာတွေ ဖြစ်တဲ့ နှာစေးခြင်း၊ ကိုယ်ပူတက်ခြင်း၊ နှာရည်ယိုခြင်း နဲ့ ရင်ဘတ်အောင့်ခြင်း ဝေဒနာများကို ခံစားရနိုင်ပါတယ်။ ဒီအခါမှာ အအေးမိဖျားနာ ဝေဒနာလို့ပဲ ကောက်ချက်ချသွားမိနိုင်ပါတယ်။

    ပုံမှန်ဖျားနာဝေဒနာက တစ်ပတ်ထက် ပိုကြာလေ့မရှိပဲ ပြန်လည် ကောင်းမွန်လာတာမို့လို့ ကာလအတော်ကြာ ကိုယ်အပူချိန်တက်ပြီး မသက်မသာဖြစ်နေမယ်ဆိုရင်တော့ အခြား ရောဂါ တစ်ခုခု ဝင်နေတာ မဖြစ်အောင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်လိုကုသမှုတွေ ခံယူနိုင်သလဲ။

    သာမန်အအေးမိဝေဒနာ ခံစားရတဲ့အခါ ရောဂါပျောက်ကင်းပြီး ရက်အနည်းငယ်အကြာမှာပဲ ချောင်းဆိုးတာလည်းပျောက်ကင်းသွားပါတယ်။

    ဒါပေမဲ့ မြန်မြန်ပျောက်အောင်၊ သေချာအောင် ကုသမှုခံယူချင်တယ်ဆိုရင်တော့ ဆေးဆိုင်တွေမှာ အလွယ်တကူရရှိနိုင်တဲ့ ချောင်းဆိုးပျောက်ဆေးတွေကလည်း အဆင်ပြေပါတယ်။ ဆေးပတ်လည်အောင် သောက်ဖို့၊ ဆေးညွှန်းအတိုင်းသောက်ဖို့တော့ လိုပါတယ်။

    ရေနွေးနဲ့ ပျားရည်ကိုအသုံးပြုဖို့စဉ်းစားထားရင်တော့ မမှားပါဘူး။ ပျားရည်က လည်ချောင်းကို အပေါ်ယံတစ်လွှာ ထပ်မံကာရံပေးလိုက်သလိုဖြစ်စေတဲ့အတွက် ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။

    ဗီတာမင်စီ နဲ့ ဇင့်ဓာတ်ကိုသောက်ဖို့ ရည်ရွယ်ထားမယ်ဆိုရင်တော့ ဆိုးကျိုးမရှိနိုင်ပေမဲ့ အသုံးဝင်ကြောင်းသက်သေတွေလည်း မရှိပါဘူးလို့ ဆရာဝန်တွေကဆိုထားပါတယ်။

    ဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းက ဆက်စပ်နေသလို နောက်ဆက်တွဲ ပြဿနာတွေကလည်း မထင်မှတ် သလို ကြီးမားနိုင်တဲ့ အတွက် ကြိုတင်ပြီး ကိုယ်ခံအားကောင်းအောင် ကာကွယ်သင့်သလို အအေးမိဝေဒနာ ခံစားလာခဲ့ရရင်လည်း ကုသမှုတွေ လိုအပ်သလို ခံယူသင့်ပါတယ်။ ။

    စာရေးသူ – မောင်မျိုးအောင် (ဆေး-၁)

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 14/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement