backup og meta

ဘဝရဲ့အဓိပ္ပါယ်ကို ဘယ်လိုရှာဖွေမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘဝရဲ့အဓိပ္ပါယ်ကို ဘယ်လိုရှာဖွေမလဲ

    ဘဝရဲ့အဓိပ္ပါယ်က ဘာဖြစ်မလဲ။ အရိပ်တစ်ခုလိုပါပဲ။ ကျွန်တော်တို့ကဘယ်တော့မှ လှည့်မကြည့်ဘူးဆိုရင်တောင်မှ ဒီမေးခွန်းက ဘဝတလျှောက်လုံး ကျွန်တော်တို့နောက်က လိုက်နေမှာပဲ။ ကျွန်တော်တို့ရဲ့ဘဝကတစ်စုံတစ်ရာအတွက်တော့ တန်ဖိုးရှိမယ်၊အရေးပါနေမယ်လို့ ကျွန်တော်တို့အားလုံး ခံစားမိချင်ကြတယ်။ ဒါတွေအားလုံးက အရေးပါတဲ့ မတော်တဆဖြစ်ရပ်တစ်ခုလောက်ပဲတော့ မဟုတ်ဘူးလို့ သိထားချင်ကြတယ်။

    သတင်းကောင်းကတော့ ရည်မှန်းချက်အဓိပ္ပါယ်တစ်ခုကိုရှာဖွေခြင်းဟာ ဘယ်အသက်အရွယ်မှာမဆို လုပ်နိုင်တဲ့အရာ ဖြစ်နေတာပါပဲ။ ဒါပေမယ့် အရင်ဆုံးမေးခွန်းကိုတော့ ပြန်စီဖို့ လိုပါတယ်။

    ‘ဘဝရဲ့အဓိပ္ပါယ်ကဘာလဲ’ ဆိုတဲ့ နေရာမှာတကယ်တော့ မေးခွန်းသုံးခုရှိပါတယ်

    ‘(ငါ့) ဘဝရဲ့အဓိပ္ပါယ်ကဘာလဲ’ ဆိုတဲ့မေးခွန်းအဖြစ် (ငါ)ဆိုတဲ့စကားလုံးကို ပေါင်းထည့်လိုက်တာက ပြဿနာကိုရှင်းလင်းလွယ်ကူသွားစေပါတယ်။ ဒါပေမယ့် ဖြေရှင်းနိုင်တာတော့ မဟုတ်ပါဘူး။ အများစုမှာတော့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်စေတာကမေးခွန်းကို ဖြေဆိုနိုင်ဖို့ ကျွန်တော်တို့ကိုအခွင့်အလမ်းပေးလိုက်တာပါပဲ။ ဘဝမှာ ကျွန်တော်တို့ ရဲ့ရည်မှန်းချက်ကို ရှာဖွေဖို့အတွက်တော့ ဒီထက်ပိုပြီးနက်နက်တူးဆွကာ ပိုတိကျ၊ အသေးစိတ်တဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးဖို့လိုပါတယ်။ အဲဒီမှာကိုယ့်ရဲ့တန်ဖိုးထားတဲ့အရာတွေ၊ ထူးချွန်မှုစွမ်းရည်တွေနဲ့ အလားအလာတွေအကြောင်းကိုနားလည်ထားဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်း ၃ခု မေးရပါမယ် –

    • ငါ့အတွက် ဘာအရေးကြီးလဲ

    • ငါတကယ်ကျွမ်းကျင်တဲ့အရာကဘာလဲ

    • ငါ့ရဲ့ဖြစ်နိုင်ခြေအလားအလာကဘာလဲ

    သင့်ဘဝကိုအဓိပ္ပါယ်ပိုရှိစေမယ့် နည်းလမ်းများ

    အာရုံစူးစိုက်မှုရှိပါ

    ရည်မှန်းချက်ပန်းတိုင် ၃ခု သို့မဟုတ် ၄ခုကို လိုက်စားနေပြီး တိုးတက်မှုက အရမ်းနည်းနေတာထက် တစ်ခုတည်းမှာပဲ အားစိုက်ပါ။ အာရုံစူးစိုက်ပါ။ လုပ်စရာတာဝန်တွေအများကြီးကို ခုန်ကူးဖို့ကြိုးစားနေရင်း ရလာမယ့် စိတ်ဖိစီးမှုတွေကိုရှောင်လွှဲနိုင်ရုံတင်မကဘဲ အရင်ကထက် အများကြီးအောင်မြင်မှုပိုရလာပါလိမ့်မယ်။ ကိုယ် အရမ်းစိတ်ဝင်စားတဲ့တစ်စုံတစ်ခုနဲ့ ပတ်သက်တဲ့သင့်ရဲ့ရည်မှန်းချက်ကို ချိန်ညှိ ကြိုးစားပါ။ ဒါမှသာအလုပ်ပိုကြိုးစားပြီးေ ကာင်းကောင်းလုပ်ပြနိုင်ဖို့ ပင်ကိုယ်ဗီဇတွန်းအားတစ်ခုရှိလာပါလိမ့်မယ်။

    ကိုယ့်ဘက်က ပြန်လည်မျှဝေပေးနိုင်မယ့် နည်းလမ်းကိုရှာပါ

    ကမ္ဘာလောကကိုတစ်ခုခု ပြန်ပေးဆပ်နေရင်းနဲ့လည်း ကိုယ့်ရဲ့ယုံကြည်ချက်တွေနဲ့ ဝါသနာပါတာတွေကိုလုပ်နေလို့ရပါတယ်။ တစ်စုံတစ်ခုကို ပြန်လည်မျှဝေပေးရင်းနဲ့ ဒီလုပ်ရပ်မှာရည်ရွယ်ချက်အဓိပ္ပါယ်ကို မဖြစ်မနေတွေ့ရှိလာပါလိမ့်မယ်။ ဒီလိုလုပ်ရပ်တွေကို ပိုမိုမွေးမြူရင်းနဲ့ သင့်ရဲ့ဘဝမှာအဓိပ္ပါယ်ပိုရှိလာတာတွေ့ရပြီး အဲဒီနောက်ကွယ်က ရည်ရွယ်ချက်ကို မြင်လာရမှာဖြစ်ပါတယ်။

    ကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်ပါ

    ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်လုပ်ရပ်တွေကို သိရှိအောင်လုပ်ပါ။ သင်မကြာခဏဘာတွေလုပ်တတ်လဲဆိုတာ အမြဲသတိထားပြီး သင့်ရဲ့စည်းမျဉ်း၊ သင့်ဘဝရဲ့ရည်မှန်းချက်၊နဲ့ သင်စိတ်ဝင်စားရူးသွပ်တဲ့အရာတို့နဲ့ တွက်ညှိပြီး ၎င်းတို့နဲ့အညီသင်နေထိုင်နေခြင်းရှိမရှိသေချာအောင်လုပ်ပါ။ သင့်လုပ်ရပ်တိုင်းကိုနေ့တိုင်း ပြန်လည်သုံးသပ်ပြီးကိုယ့်လမ်းကြောင်းကလွဲချော်သွားတဲ့ လုပ်ရပ်တွေကို စာရင်းကောက်ပါ။ အနာဂတ်မှာဖြစ်လာမယ့် ဖြစ်ရပ်တိုင်းမှာမှန်ကန်စေဖို့ ရည်ရွယ်လုပ်ပါ။ တရားထိုင်ခြင်းဟာ ဒီအကြံပြုချက်အတိုင်းဆောင်ရွက်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

    အရာဝတ္ထုပစ္စည်းတွေထက် လူတွေကိုပိုအလေးထားပါ

    ကျွန်တော်တို့တွေက ပစ္စည်းပစ္စယတွေ ဝယ်ချင်နေတဲ့စိတ်နဲ့ မကြာခဏရင်ဆိုင်ရပါတယ်။ ကိုယ်ဘာကိုဝယ်လိုက်တယ်ဆိုတာကို သေချာစဉ်းစားဆုံးဖြတ်သင့်သလို သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိသားစုတွေ နဲ့အတူငွေသုံးလိုက်ရတဲ့ အတွေ့အကြုံမျိုးတွေအကြောင်းကို ပိုစဉ်းစားပါ။ ဒီအဆင့်က သင့်ကိုဘဝအဓိပ္ပါယ်အကြောင်းပိုပြီးနက်နက်ရှိုင်းရှိုင်း နားလည်စေမှာဖြစ်ပါတယ်။ ဥစ္စာပစ္စည်းကြွယ်ဝမှုထက် သံယောဇဉ်ကိုပိုအလေးအနက်ထားခြင်းကြောင့် နောက်ဆုံးမှာသင်ဟာအပျော်ရွှင်ရဆုံးသူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement