backup og meta

ဖျားနေတဲ့အချိန် စားသင့်တဲ့ အစားအစာ (၆) မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖျားနေတဲ့အချိန် စားသင့်တဲ့ အစားအစာ (၆) မျိုး

    နေလို့မကောင်းဘူးဆိုတာနဲ့ မစားချင်၊မသောက်ချင်၊ တရှောင်ရှောင်နဲ့နေတတ်ကြပါတယ်။ ခန္ဓါကိုယ်ကနေလို့မကောင်းမှတော့ ခံတွင်းလည်းမကောင်းနိုင်တော့ပါဘူး။ အအေးမိတာပဲဖြစ်ဖြစ် တုပ်ကွေးြဖစ်နေတာပဲဖြစ်ဖြစ်၊ အပူလျှပ်တာပဲဖြစ်ဖြစ် ဖျားနေတဲ့အချိန်မှာ အာဟာရပိုနည်းသွားလို့မဖြစ်ပါဘူး။

    ဟိုးအရင်တည်းကအယူအဆတွေအရ နေမကောင်းရင် ဆန်ပြုတ်တစ်မျိုးတည်းစားခိုင်းပြီး လူကြီးတွေက ဘာမှမစားခိုင်းတော့ပါဘူး။ အစားစားရင် အဖျားတက်မယ်ဆိုတဲ့ အယူအဆကရှိနေပါသေးတယ်။ ဒါနဲ့ပဲ အစားနည်းလာပြီး ကိုယ်ခံအားကပိုနည်း၊ ကိုယ်ခံအားမကောင်းလို့ရောဂါပိုးကို မခုခံနိုင်တော့ရောဂါပိုတာရှည်တာ အဖတ်တင်ပါတယ်။ အားမရှိတော့ ဆေးသောက်ရတဲ့ဒဏ်တွေကြောင့်လည်း လူက ပိုပြီးဝန်ပိရပါတယ်။

    ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကိုထိုက်သင့်သလောက်စားပါ။ကြေလွယ်တဲ့အစားအစာကိုသာရွေးပြီး အပြင်စာတွေ၊ပြုပြင်ထားတဲ့အသင့်စားတွေကိုရှောင်ပါ။နေမကောင်းချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ စားသင့်တဲ့အစားအစာတွေကို အခုပြောပြမယ်နော်။

    အဖျားအမြန်သက်သာေစမယ့် အစားအသောက်တွေ

    နေမကောင်းတဲ့အချိန်မှာ ခန္ဓါကိုယ်ကြံ့ခိုင်နေဖို့ ပရိုတင်းဓါတ်ကိုလိုအပ်ပါတယ်။ အသား၊နို့ထွက်ပစ္စည်း၊ အစေ့အဆံတွေကနေ ပရိုတင်းကောင်းကောင်းရနိုင်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေက ဗီတာမင်B6 နဲ့ B12 လို ဓါတ်တွေလည်းပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေပါတယ်။ ဥပမာ ပဲ၊ အာလူး၊ ဟင်းနုနွယ်တို့မှာ ဗီတာမင်B6 ပါဝင်ပြီး အသား၊နို့နဲ့ ငါးတွေမှာ ဗီတာမင်B12 ပါဝင်ပါတယ်။

    (၁) ကြက်စွပ်ပြုတ်

    ကြက်စွပ်ပြုတ်ကို အအေးမိဝေဒနာ အတွက်ဆေးတစ်လက်အဖြစ် ဟိုးအရင်တည်းကလက်ခံထားကြပါတယ်။ ကြက်သားမှာပါတဲ့amino acid cysteineကြောင့် ဒီလိုအစွမ်းသတ္တိရှိတာလည်းဖြစ်ပါတယ်။N-acetyl-cysteine ဟာ ချွဲသလိပ်ကိုကြေစေပြီးရောဂါပိုးတွေကိုသေစေနိုင်စွမ်း၊ရောင်ရမ်းမှုကိုလျော့ကျစေနိုင်စွမ်းနဲ့ဓါတ်တိုးဆန့်ကျင်အာနိသင်တွေရှိပါတယ်။

    ကြက်စွပ်ပြုတ်က အရည်ဓါတ်ရတဲ့အပြင်၊ နေမကောင်းချိန်မှာ လိုအပ်နေတဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့သတ္တုဓါတ်တွေ၊ အာဟာရဓါတ်တွေကို ပမာဏများများရရှိနိုင်တဲ့အရင်းအမြစ်ဖြစ်ပါတယ်။ စွပ်ပြုတ်ရည်ပူပူလေးကြောင့်ချွဲသလိပ်တွေရှင်းစေနိုင်ပြီး နှာစေးချောင်းဆိုးကိုသက်သာစေနိုင်ပါတယ်။

    အသားချည်းပဲမဟုတ်ဘဲ အရိုးပြုတ်ရည်ပါရင်ပိုကောင်းပါတယ်။ ပျစ်ခဲနေတဲ့စွပ်ပြုတ်ရည်က အာနိသင်ပိုနည်းသလို ချွဲသလိပ်ကြပ်တာ ပိုဆိုးနိုင်ပါတယ်။ စွပ်ပြုတ်မှာ ပါတဲ့ အသီးအရွက်တွေကနေ ရောဂါပိုးကိုခုခံနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေရရှိစေနိုင်ပါတယ်။

    (၂) ရေနွေးပူပူ

    လက်ဖက်ရည်ကြမ်းဟာ အအေးမိတုပ်ကွေးနဲ့ပတ်သက်တဲ့ လက္ခဏာတော်တော်များများကို သက်သာစေတဲ့နည်းတစ်ခုဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်လိုပဲရေနွေးကြမ်းက နှာပိတ်ခြင်း၊နဲ့ချွဲသလိပ်ေတွကို ရှင်းလင်းစေတဲ့သဘာဝဆေးတစ်လက်ပါ။ သတိထားရမှာက ထိုက်သင့်သလောက် ပူတဲ့အနေအထားကိုပဲသောက်သင့်ပါတယ်။ လည်ချောင်းကို ထိခိုက်စေနိုင်လို့ အရမ်းပူတာမသောက်ပါနဲ့။

    ပျားရည်မှာ ဘက်တီးရီးယားကိုသေစေတဲ့အစွမ်းသတ္တိတွေပါရှိပြီး ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးပါတယ်။ ကလေးတွေမှာဆို ပျားရည်ကျွေးပေးရင်ချောင်းဆိုးသက်သာစေနိုင်ပါတယ်။ ပျားရည်မစစ်ရင်ချောင်းပိုဆိုးစေနိုင်တာကြောင့် ပျားရည်စစ်ဖို့တော့ လိုပါတယ်။
    နွားနို့နွေးနွေးတစ်ခွက်ထဲပျားရည်ဇွန်းတစ်ဝက်ထည့်ပြီးသောက်ပါ။ရေဓါတ်ဖြည့်တင်းပေးပြီးရောဂါပိုးကိုသေစေတဲ့အာနိသင်ရှိပါတယ်။

    (၄) ငှက်ပျောသီး

    ငှက်ပျောသီးက ပိုတက်စီယမ်ကြွယ်ဝပြီးချွေးစေးထွက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းေတွကိုသက်သာစေပါတယ်။ အစာကြေလွယ်စေပြီး ကိုယ်ပူကျစေတယ်၊ ဆုံးရှုံးထားတဲ့ဓါတ်ဆားဓါတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

    (၅) ဗီတာမင် C ကြွယ်ဝတဲ့အစားအစာ

    ဗီတာမင် C ကရောဂါပိုးတွေခုခံတိုက်ဖျက်တဲ့နေရာမှာလူသိများတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါ။ ဗီတာမင် C ကိုဆေးအဖြစ်သောက်ရင် လွန်ကဲမှုဖြစ်စေနိုင်ပြီးဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာကြောင့် ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေကိုစားတာ ပိုကောင်းပါတယ်။ ပန်းငရုတ်ပွ၊ အရည်ရွှမ်းတဲ့အချဉ်သစ်သီးတွေ၊ အချဉ်သီးဖျော်ရည်တွေ၊ ကီဝီသီး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်းတို့မှာ ဗီတာမင် C ကြွယ်ဝပါတယ်။

    (၆) စပ်စပ်လေးတွေ

    တုပ်ကွေးဖြစ်နေရင် အပူအစပ်လေးနဲ့မှ ပွင့်သွားတယ်တို့ဘာတို့။ နှာခေါင်းပိတ်၊ခေါင်းကိုက်၊ချွေးမထွက်ဘဲကွေးနေရတယ်ဆိုရင် ပူပူစပ်စပ်လေး(အရည်သောက်ဆိုပိုကောင်းပါတယ်။ဥပမာ ရခိုင်မုန့်တီ) တစ်ခုခုစားလိုက်ရင်ချွေးထွက်လာပြီးနေရသက်သာသွားနိုင်ပါတယ်။ အစပ်မစားနိုင်ရင် ကြက်ပြုတ်ရည်ကို ငရုတ်ကောင်းလေးနည်းနည်းခတ်သောက်တာမျိုးလည်း ရပါတယ်။ အစာအိမ်ပြဿနာနဲ့ ရင်ပူခြင်း အတွက်တော့ သတိထားစားပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement