backup og meta

နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ

    နှာရည်ယို၊ နှာပိတ်တဲ့ ရောဂါလက္ခဏာကို ဖျားနာနေတဲ့ အချိန်၊ ဓာတ်မတည့်ဖြစ်တဲ့ အချိန်မှာ အများဆုံး တွေ့ရပါတယ်။ နှာရည် တတောက်တောက်ကျလို့ ခဏခဏ တစ်သျှူးထယူပြီး နှပ်ညှစ်ရတာ၊ နှာခေါင်းက ပိတ်နေတော့ ပါးစပ်ကနေ အသက်ရှူရတာ၊ အသက်ရှူမဝတာ စတဲ့ ပြဿနာတွေဟာ ပြင်းထန်နေခြင်း မရှိတဲ့တိုင်အောင် ခံစားရတဲ့သူအတွက်တော့ မသက်သာလှပါဘူး။ ဒီဆောင်းပါးမှာတော့ နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ ကို ပြောပြပေးချင်ပါတယ်။

    နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ

    နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ ကတော့

    ၁။ ရေများများ သောက်ပေးပါ။

    နှာစေး နှာပိတ်နေတဲ့အချိန်ဆိုရင် လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ဖျားနာတဲ့ လက္ခဏာတွေပါ တွဲလျက် တွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေဓာတ်က ပုံမှန်ထက် ကုန်ဆုံးမှုနှုန်း မြန်နေမှာပါ။ ဒါကြောင့် ရေကို များများ သောက်ပေးဖို့ လိုပါတယ်။ ရေသောက်မှပဲ လည်ချောင်း၊ နှာခေါင်းနဲ့ ပါးစပ်က စိုစွတ်နေပြီး သက်သောင့်သက်သာဖြစ်မှာပါ။

    ၂။ ရေနွေးငွေ့ကို ရှူရှိုက်ပေးပါ။

    ရေနွေးအိုးကို အဖုံးဖွင့်ပြီး ထွက်လာတဲ့ ရေနွေးငွေ့ကို အပေါ်က နှာခေါင်းတည့်တည့် ထားပြီး ရှူရှိုက်ပေးပါ။ ဒီနည်းလမ်းက နှာခေါင်းပိတ်နေတဲ့သူတွေအတွက် အရမ်း အဆင်ပြေပါတယ်။ ရေနွေးငွေ့ရဲ့ အပူချိန်ဟာ ပိတ်နေတဲ့ နှာခေါင်းပေါက်ကို ပွင့်သွားစေပြီး ခဲနေတဲ့ နှပ်တွေကို ပျော်စေပါတယ်။ မျက်နှာကို ရေနွေးငွေ့မလောင်အောင်တော့ သတိပြုပါ။

    ၃။ ကြက်စွပ်ပြုတ် ပူပူလေး သောက်ပေးပါ။

    နေမကောင်းတဲ့သူတွေအတွက်သာမက နှာစေး၊ နှာပိတ် ဖြစ်နေတဲ့သူတွေအတွက်လည်း အကျိုးကျေးဇူး များစွာရစေနိုင်ပါတယ်။ ကြက်စွပ်ပြုတ်ရည်ကြောင့် ခန္ဓာကိုယ်က လန်းလန်းဆန်းဆန်း ဖြစ်လာပြီး မြန်မြန်နေကောင်း သက်သာအောင် ကူညီပေးတယ်။ စွပ်ပြုတ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲက ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ပူပူလေး သောက်ရတာ ဖြစ်တဲ့အတွက် အခိုးအငွေ့များကို ရှူရှိုက်ခြင်းဖြင့်လည်း နှာစေး နှာပိတ်တာကို သက်သာစေနိုင်ပါတယ်။ ကြက်စွပ်ပြုတ်အစား ချင်းပြုတ်ရည်၊ ရေနွေးကြမ်း ပူပူလေး သောက်တာမျိုးလည်း ရပါတယ်။ အာဟာရအပြည့်အဝရအောင် စွပ်ပြုတ်သောက်ပြီးရင် အသားကိုပါ စားပေးပါ။

    ၄။ ရေနွေးအိတ်၊ ရေခဲအိတ် တစ်လှည့်စီ ကပ်ပေးပါ။

    အရင်ဆုံး ပက်လက်လှန် အိပ်နေပါ။ ရေနွေးအိတ်ကို မျက်နှာသုတ်ပဝါနဲ့ ပတ်ပြီး နှာခေါင်း၊ ပါးပြင်၊ နှာဖူးပေါ် ၃ မိနစ်ဆီ အလှည့်ကျ ကပ်ပေးပါ။ ပြီးသွားရင် ရေခဲအိတ်နဲ့ စက္ကန့် ၃၀ လောက် ပြန်ကပ်ပါ။ တစ်နေ့ကို ၃ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။ နှာရည်တွေကို ပျော်စေပြီး မျက်နှာလေအိတ်ရောင်ရမ်းတာကိုပါ သက်သာစေပါတယ်။

    ၅။ လေထု အစိုဓာတ်ထိန်းစက် (Humidifier) တပ်ပေးပါ။

    လေက ခြောက်ခြောက်သွေ့သွေ့ကြီး မဟုတ်ဘဲ စိုစွတ်နေတဲ့အခါ နှာစေး နှာပိတ်တာ၊ လည်ချောင်းခြောက်တာတွေကို သက်သာစေပြီး နှာခေါင်းလမ်းကြောင်းကို ချောမွေ့သွားစေလို့ အသက်ရှူရတာလည်း အဆင်ပြေသွားမှာပါ။

    ရိုးရိုး နှာစေး၊ နှာပိတ် လက္ခဏာတွေကို အမြန်ဆုံး သက်သာပျောက်ကင်းသွားစေဖို့ ခုပြောပြခဲ့တဲ့ နည်းလမ်း (၅) ချက်ကို အိမ်မှာပဲ အလွယ်တကူ လုပ်ကြည့်နိုင်ပါတယ်။ အကယ်လို့ ရောဂါလက္ခဏာက ၁၀ ရက်လောက်ထိမှ မသက်သာသေးတာ၊ အဖျားတက်တာ၊ အမြင်အာရုံမှာ ပြောင်းလဲမှုတွေ ဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်တာ အကောင်းဆုံး ဖြစ်မှာပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement