backup og meta

အအေးမိတုပ်ကွေးရောဂါတွေကို အမြစ်ပြတ်ဖယ်ရှားပေးမယ့်လျှို့ဝှက်ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအေးမိတုပ်ကွေးရောဂါတွေကို အမြစ်ပြတ်ဖယ်ရှားပေးမယ့်လျှို့ဝှက်ချက်

    ရာသီဥတု အပြောင်းအလဲ ဖြစ်တဲ့အခါ အအေးမိ တုပ်ကွေး ဖြစ်တာက မဖိတ်ခေါ်ဘဲနဲ့ကို ရောက်လာတတ်တဲ့ အရာပါ။ အအေးမိတာ တုပ်ကွေးဖြစ်တာတွေ ဖြစ်တဲ့အခါ ခန္ဓါကိုယ်မှာ မအီမသာ ခံစားရတာတွေ ရှိနိုင်သလို နှာရည် တရွှဲရွှဲ၊ အသက်ရှူ မရပြုမရနဲ့ အလုပ်အကိုင်တွေလည်းပျက်၊ အိပ်ရေးပျက် လူပင်ပန်း ဖြစ်ရပါတယ်။ စိတ်ညစ်စရာပေါ့။ ဒီတစ်ခေါက်တော့ အအေးမိ ဖျားနာတာ ဖြစ်ခဲ့တဲ့အခါ မြန်မြန်ဆန်ဆန်နဲ့ပဲ အဖျား တာတိုအောင် လုပ်နိုင်တဲ့ လူသိနည်းသေးတဲ့ နည်းလမ်း တစ်ခုအကြောင်း ပြောပြချင်တယ်။ အအေးမိတုပ်ကွေးရောဂါတွေကို အမြစ်ပြတ်ဖယ်ရှားပေးမယ့်လျှို့ဝှက်ချက် တစ်ခုလို့ ဆိုကြပါစို့။

    အအေးမိတာနဲ့ တုပ်ကွေး ဖြစ်တာ ဆိုတာက

    အအေးမိတာနဲ့ တုပ်ကွေး ဖြစ်တာက တစ်ခုနဲ့ တစ်ခု မတူပါဘူး။ ရိုးရိုးလေး တွေးရင်တော့ ခန္ဓါကိုယ်မှာ နေထိုင်မကောင်းတာချင်းက အတူတူပဲလို့ ထင်စရာ ရှိပါတယ်။ လည်ချောင်း နာတာနှာခေါင်း ပိတ်တာ၊ နှာချေတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာလိုမျိုး လက္ခဏာတွေက အတူတူပဲ ဆိုပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ ခံစားရတဲ့ ဝေဒနာတွေက အအေးမိတဲ့အခါ ခံစားရတာထက် ပိုပြင်းထန်ပြီး ရောဂါတိုးတက်မှု နှုန်းကတော့ မြန်ပါတယ်။

    တုပ်ကွေး ဖြစ်တဲ့အခါ အဖျားတက်တာ၊ ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ချွေးထွက်တာ၊ခြေကုန်လက်ပန်းကျတာ၊ချောင်းခြောက်ဆိုးတာနဲ့ နှာမွှန်တာတွေပိုလာနိုင်ပါတယ်။ အအေးမိတဲ့အခါ လှုပ်ရှားသွားလာနိုင်သေးပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ လှုပ်ရှားသွားလာနိုင်ဖို့မဖြစ်နိုင်သလို အိပ်ရာထဲက ထနိုင်ဖို့တောင်မလွယ်ကူပါဘူး။

    နှာချေလိုက်တဲ့အခါ တုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ က လေထဲမှာပြန့်နှံ့ပြီး အခြားသူတွေကိုကူးစက်စေနိုင်ပါတယ်။ ကိုယ်တိုင်တင်မကဘဲ မိသားစုဝင်တွေနဲ့ အခြားသူတွေကိုပါ ကူးစက်စေနိုင်တဲ့ အအေးမိ၊တုပ်ကွေးဗိုင်းရပ်စ်တွေကို အမြစ်ပြတ်ဖယ်ရှားနိုင်မယ့် လူသိနည်းသေးတဲ့ နည်းလမ်းလေးတစ်ခုကိုပြောပြမယ်။

    ယေဘုယျအားဖြင့်တော့ အအေးမိတုပ်ကွေးဖြစ်တဲ့အခါမှာရေဓါတ်ပြည့်ဝအောင်နေရမယ်၊ အာဟာရပြည့်ဝအောင်စားရမယ်၊ကောင်းကောင်းအနားယူမယ်၊ သူများတွေကို မကူးစက်အောင် နှာချေတဲ့အခါချောင်းဆိုးတဲ့အခါ ကာကွယ်မယ်စာတွေက သိပြီးသားဖြစ်မှာပါ။ အဲဒါတွေကို အသေးစိတ်မပြောတော့ဘဲ အခုပြောပြမယ့် နည်းလမ်းတစ်ခုက Nasal Spray (နှာခေါင်းဖြန်းဆေး) အသုံးပြုတဲ့နည်းပါ။

    အအေးမိတုပ်ကွေးရောဂါတွေကို အမြစ်ပြတ်ဖယ်ရှားပေးမယ့်လျှို့ဝှက်ချက်

    အအေးမိတုပ်ကွေးရောဂါတွေကို အမြစ်ပြတ်ဖယ်ရှားပေးမယ့်လျှို့ဝှက်ချက် ဆိုတာက Nasal spray သုံးတာပါ။ ဒီလို သုံးတာရဲ့ ပထမဆုံးအားသာချက်ကတော့ အအေးမိတုပ်ကွေးဖြစ်တဲ့အခါ တစ်ခါတည်းပါလာတတ်တဲ့ နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာနဲ့ အသက်ရှူမရဖြစ်နေတာတွေကို ချက်ချင်းသက်သာစေနိုင်တာပါ။ ဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ Nasal spray က အအေးမိနဲ့ တုပ်ကွေးကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို အပြီးသတ်အမြစ်ပြတ်ဖယ်ရှားနိုင်တဲ့အစွမ်းက အဓိကပါဝင်တဲ့အတွက် အဖျားတာကို ချက်ချင်းဆိုသလို တိုစေနိုင်ပါတယ်။

    nasal spray တွေက အအေးမိ ဖျားနာတာနဲ့ နှာခေါင်းပိတ်တာတွေကိုသက်သာစေနိုင်သလို ဒီရောဂါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို အမြစ်ပြတ်ဖယ်ရှားပေးနိုင်တာကြောင့် အအေးမိ၊ တုပ်ကွေးရောဂါကို အမြန်ဆုံးသက်သာစေပြီး အဖျားတာကိုတိုစေနိုင်တာပါ။ ဒါကတော့ အအေးမိတုပ်ကွေးဖျားနာတာတွေကိုမြန်မြန်ဆန်ဆန်သက်သာစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

    ဘယ်လိုအသုံးပြုမလဲ

    အဖျားသက်သာစေဖို့ nasal spray အသုံးပြုချင်ပေမယ့် ဘယ်လိုအသုံးပြုရမှန်းမသိတဲ့သူတွေအတွက် အသုံးပြုနည်းလေးလည်းတစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။

  • နှာခေါင်းထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကိုအရင်ဆုံးရှင်းထုတ်လိုက်ပါ။
  • ပုလင်းကိုအရင်လှုပ်ပြီး အဖုံးဖွင့်လိုက်ပါ။ပြီးရင်ဆေးပုလင်းမှာပါတဲ့ အညွှန်းအတိုင်း အသုံးပြုပေးပါ။
  • နှာခေါင်းထဲကို ဆေးမဖြန်းခင်မှာ နှာခေါင်းပေါက်တစ်ဖက်ကို လက်မလေးနဲ့ ဖွဖွလေးဖိထားပေးရပါမယ်။
  • ပြီးရင်ဆေးဖြန်းလိုက်ပြီး လေကိုရှုသွင်းလိုက်ပါ။
  • ပြီးရင်တော့နောက်ထပ်နှာခေါင်းပေါက်တစ်ဖက်ကိုခပ်ဖွဖွလေးဖိပေးပြီး အလားတူလုပ်ဆောင်ပေးလိုက်ပါ။
  • နှာခေါင်းကလေကိုရှုထုတ်ဆိုတဲ့နေရာမှာလည်း နှာခေါင်းထဲဆေးတွေထွက်လာတဲ့အထိ ခပ်ပြင်းပြင်းညှစ်တာမျိုးမလုပ်ဖို့ သတိရပါ။
  • အခုပြောပြခဲ့တဲ့နည်းလမ်းတွေအတိုင်း nasal sprayလေးကို နည်းစနစ်မှန်မှန် အသုံးပြုမယ်ဆိုရင် အအေးမိ၊တုပ်ကွေးရောဂါပိုးတွေကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး ခဏခဏဖျားတာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement