မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
တုပ်ကွေး ဆိုသည်မှာ အဖြစ်များသော အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ကူးစက်မှု တစ်မျိုးဖြစ်ပါသည်။ နှစ်စဉ် တုပ်ကွေးဖြစ်မှုပေါင်း ၁၀-၁၅ ရာခိုင်နှုန်းရှိပြီး လူပေါင်း ၂၅၀၀၀၀- ၅၀၀၀၀၀ လောက် ရောဂါခံစားနေကြပါသည်။ တုပ်ကွေးသည် လျင်မြန်စွာ စတင်ဖြစ်ပွားပြီး ၇-၁၀ ရက် အတွင်း ပျောက်သွားနိုင်ပါသည်။ သို့သော် အဆင့်မြင့်သော တုပ်ကွေးရောဂါပိုး ကူးစက်သောသူများတွင် အန္တရာယ် ရှိနိုင်ပါသည်။
လူအတော်အများတွင် တုပ်ကွေးသည် ရုတ်တရက် စဖြစ်တတ်ပြီး ၇-၁၀ လောက် ကြာကာ ပျောက်ကင်း သွား ပါသည်။ လူအများစုသည် လုံးဝပြန်လည်ကျန်းမာလာပါသည်။ သို့သော်လည်း အသက်ကြီးသူများ၊ ကလေးငယ်များနှင့် ကိုယ်ခံအား အားနည်းသူများတွင် ပြင်းထန်နိုင်ပြီး ဆိုးကျိုးများကြောင့် သေဆုံးနိုင်ပါသည်။
တုပ်ကွေးသည် အလွန်အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသည်။ အရွယ်ရောက်ပြီးသူတစ်ဦးသည် တစ်နှစ်လျှင် တုပ်ကွေး အနည်းဆုံး ၂-၃ ခါဖြစ်နိုင်ပြီး ကလေးများတွင် တစ်နှစ်လျှင် အနည်းဆုံး ၆-၇ ခါ ဖြစ်နိုင် ပါသည်။ တုပ်ကွေးသည် ဆောင်းဦးရာသီတွင် အဖြစ်အများ ဆုံးဖြစ်ပါသည်။ တုပ်ကွေးရာသီဟု ခေါ်ပါသည်။
တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပြီး ၂၄-၄၈ နာရီအတွင်း တုပ်ကွေး၏ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါသည်။ ရောဂါလက္ခဏာများသည် ၃-၅ ရက်ကြာနိုင်ပါသည်။ တုပ်ကွေး၏ ရောဂါလက္ခဏာအချို့မှာ-
အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
သင့်တွင် တုပ်ကွေးလက္ခဏာများ ရှိပါက ဆရာဝန် နှင့် ချက်ချင်း ဆက်သွယ်ပါ။ ရောဂါလက္ခဏာများကို စသတိပြုမိပြီး ၄၈နာရီ အတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေးများ သောက်ခြင်းသည် အဖျားရှည်ခြင်းကို လျှော့ချပေးပြီး ပြင်းထန်သော ပြဿနာများကို ကာကွယ်ရန် ကူညီပေးပါသည်။
တုပ်ကွေးသည် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွားပါသည်။ ဗိုင်းရပ်စ်များကို အမျိုးအစား A, B, C ဟု ခွဲခြားထားပါသည်။ အမျိုးအစား A သည် အဖြစ်အများဆုံးဖြစ်ပါသည်။ အခြား တုပ်ကွေး ဗိုင်းရပ်စ် အမျိုးအစားများမှာ ဝက်တုပ်ကွေး (H1N1), ငှက်တုပ်ကွေး (H5N1,H7N9) အစရှိသည်တို့ ဖြစ်ပါသည်။
ဗိုင်းရပ်စ်ပါသော အမှုန်အမွှားများကို ရှူမိခြင်းဖြင့် တုပ်ကွေးကူးခံရပါသည်။ ရောဂါပိုးရှိသော ပစ္စည်း သို့မဟုတ် တိရစ္ဆာန် ကို ထိတွေ့ခြင်းဖြင့် ဗိုင်းရပ်စ်များ ကူးစက်ခံရပါသည်။ တုပ်ကွေး ဗိုင်းရပ်စ်သည် ကူးစက်ခံရသောသူ ချောင်းဆိုးလိုက်သော နှာချေလိုက်သော ရေမှုန်ထဲတွင်လည်း ပါဝင်လာနိုင်ပါသည်။ ကူးစက်ခံရသော တိရစ္ဆာန် အသားကို အစိမ်းစားခြင်းဖြင့်လည်း တုပ်ကွေးကူးနိုင်ပါသည်။
တုပ်ကွေးဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိ ပါသည်။ သင်သည် ဗိုင်းရပ်စ်ရှိသော ပတ်ဝန်းကျင်နှင့် မကြာခဏ ထိတွေ့ရပါက သို့မဟုတ် သင့်တွင် ကိုယ်ခံအားစနစ် အားနည်းနေပါက တုပ်ကွေးကူးရန် ဖြစ်နိုင်ချေ မြင့်ပါသည်။ တုပ်ကွေးဖြစ်နိုင်ချေကိုမြင့်စေသော အချက်အချို့မှာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
တုပ်ကွေးသည် အများအားဖြင့် သူ့အလိုလို ပျောက်ကင်း ပါသည်။ အဖျားတက်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း စသော ရောဂါလက္ခဏာများကို သတိပြုခြင်းဖြင့် တုပ်ကွေးရကြောင်း သိနိုင်ပါသည်။ တုပ်ကွေးဗိုင်းရပ်စ်ကို Flu Test (Rapid Flu Test and Influenza Antigen Test) ဖြင့် စစ်ဆေးနိုင်ပါသည်။ ဤစစ်ဆေးခြင်းကို တုပ်ကွေးရာသီတွင် ကူးစက်မှု ထိန်းချုပ်ရန် အသုံးပြုကြပါသည်။ ဤစစ်ဆေးမှုတွင် နှာခေါင်းမှ နှာရည်ယူခြင်း သို့မဟုတ် သွေးနမူနာယူခြင်းတို့ ပြုလုပ်ရသည်။ တုပ်ကွေး၏ ဆိုးကျိုးတစ်ခု ဖြစ်သော အဆုတ်နာရောဂါကို စစ်ဆေးရန် ရင်ဘတ်အား ဓါတ်မှန်ရိုက်ခြင်း ပြုလုပ်နိုင်ပါသည်။
ဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်းသည် ဆေးရုံတက်နေသော လူနာများတွင် လုပ်ဆောင်ပါသည်။ ကိုယ်ခံအားနည်းသူများနှင့် ရောဂါဆိုးကျိုးများ ခံစားရနိုင်သူများတွင်လည်း ပြုလုပ်ပါသည်။ ရပ်ကွက်အတွင်းတွင် တုပ်ကွေးဖြစ်ပွားပါက ကျန်းမာရေး ပညာရှင်များသည် ရောဂါအဖြေရှာ အတည်ပြုရန် Flu test လုပ်ရန် စီစဉ်ပြီး လိုအပ်သော ဗိုင်းရပ်စ်ကာကွယ်ကုသမှု ကို ပြုလုပ်ရမည်ဖြစ်သည်။
တုပ်ကွေးဖြစ်သူအများစုသည် အိမ်တွင် ကုသနိုင်ပြီး ဆရာဝန် သွားပြရန် မလိုအပ်ပါ။ အနားယူခြင်းသည် အကောင်းဆုံး ကုသမှုဖြစ်သည်။ လူအတော်အများသည် တုပ်ကွေးကို ပဋီဇီဝဆေးများဖြင့် ကုသ၍ ရသည်ဟု အထင် မှားနေကြပါသည်။ ပဋီဇီဝဆေးများသောက်ခြင်းသည် တုပ်ကွေးသက်သာမလာစေသည့်အပြင် ပဋီဇီဝဆေးမတိုးခြင်းကိုပါ ဖြစ်စေပါသည်။
ရောဂါလက္ခဏာများ မသက်သာပါ က ဆရာဝန်အား ရောဂါလက္ခဏာတစ်ခုချင်းကို သက်သာစေသော ဆေးများသောက်ရန် မေးနိုင်ပါသည်။ ထိုဆေး အချို့ကို သင်ကိုယ်တိုင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ acetaminophen, ibuprofen စသော non-aspirin ဆေး များကို နာကျင်ခြင်းသက်သာရန်၊ ချောင်းဆိုးပျောက် ဆေးရည်ကို လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းသက်သာရန် နှင့် နှာပိတ်ပျောက်ဆေးများကို နှာပိတ်ခြင်းပျောက်ရန် အသုံးပြုနိုင်ပါသည်။
အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် တုပ်ကွေးကို ထိန်းချုပ်နိုင် ပါသည်။
တုပ်ကွေးကူးခြင်းနှင့် အခြားလူများသို့ ပျံ့နှံ့ခြင်းအား ကာကွယ်ရန် အောက်ပါ အချက်အချို့ကို ပြုလုပ်သင့်ပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။