backup og meta

အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း (၇) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း (၇) ခု

    အအေးမိတုပ်ကွေးဖြစ်နေချိန်တော့ တကယ်ကို ခံရခက်တဲ့ လက္ခဏာတွေပါပဲ။ ကိုယ်ပူတာ၊လည်ချောင်းနာတာ၊ နှာစေးနှာပိတ်၊ ကိုယ်လက်ကိုက်ခဲမှုနဲ့ ချမ်းတုန်တာတွေ စုံလို့ပါပဲ။ ဆရာဝန်ပြပြီးဆေးကုသမှုခံယူထားတယ်ဆိုပေမယ့်လည်း အအေးမိခြင်းရဲ့သဘာဝအရ သူ့ကာလအတွင်းမှာတော့ နှာစေး၊ချောင်းဆိုး စတဲ့လက္ခဏာတွေခံစားရဦးမှာဖြစ်ပါတယ်။ ဒါတွေသက်သာဖို့၊ ကုသမှုကို ထိရောက်အောင်ပံ့ပိုးနိုင်ဖို့ ကူညီပေးမယ့် နည်းလမ်းတွေရှိပါတယ်။ ဒီတော့ အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း တွေက ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။

    အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း (၇) ခု

    အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း တွေက ဘာတွေများလဲ။

    (၁)ရေ သို့မဟုတ် အရည်သောက်ပါ

    ဖျားပြီဆိုတာနဲ့ ခန္ဓါကိုယ်ကေရဓါတ်လျော့ကျလာနိုင်ပါတယ်။ အထူးသဖြင့် ပျို့အန်တာ၊ ဝမ်းလျှောတာပါဖြစ်ရင်ပေါ့။ ဒါ့ကြောင့်ရေဓါတ်လုံလောက်အောင်ဂရုစိုက်ပါ။ရေ၊ အသီးဖျော်ရည်၊ဓါတ်ဆားရည်၊ ဒါမှမဟုတ် စွပ်ပြုတ်သောက်လို့ရပါတယ်။ရေဓါတ်ပြည့်လား၊ လျှော့နည်းနေလားသိချင်ရင် ဆီးအရောင်ကိုကြည့်ပါ။ဖျော့လွန်းတဲ့အဝါရောင်ဖြစ်နေရင်ရေဓါတ်လုံလောက်လို့၊ ဆီးအရောင်ရင့်နေရင်ရေဓါတ်နည်းနေလို့ဖြစ်ပါတယ်။

    (၂) ကြက်စွပ်ပြုတ်သောက်ပါ

    နေမကောင်းဖြစ်ပြီဆိုတာနဲ့ ကြက်စွပ်ပြုတ်တိုက်တာ အိမ်မှာအမေပြုစုပေးတဲ့မိရိုးဖလာနည်းတစ်ခုပါ။ နေမကောင်းဖြစ်လာရင် စွပ်ပြုတ်ပူပူလေးသောက်ခိုင်းတာပဲ။ ဒီနည်းက တကယ်မှန်ပါတယ်။ ကြက်စွပ်ပြုတ်က အအေးမိဝေဒနာနဲ့အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကိုဝေဒနာသက်သာလျော့ပါးစေနိုင်ပါတယ်။

    (၃)ငြိမ်ငြိမ်သာနေပါ

    ခန္ဓါကိုယ်က အချက်ပြတဲ့အတိုင်းသာ နေလိုက်ပါ။ခြေလက်မသယ်ချင်၊ မလှုပ်ချင်ဖြစ်နေရင် နားနေလိုက်ပါ။ တစ်နေကုန်အိပ်ရာထဲ လှဲနေချင်တယ်ဆိုရင် လှဲပြီးအနားယူပါ။ အတင်းထပြီးမလှုပ်ရှားပါနဲ့။ အအေးမိတုပ်ကွေးဖြစ်နေချိန်မှာ အလုပ်တွေအတင်းတွန်းလုပ်နေတာမျိုးက ကိုယ်ခံအားကျစေလို့ ဝေဒနာပိုဆိုး၊ ပိုတာရှည်စေနိုင်ပါတယ်။ပြီးတော့ အိပ်ရေးပျက်မခံပါနဲ့။ အိပ်ရေးဝမှ ကိုယ်ခံအားစနစ်ကကောင်းကောင်းအလုပ်လုပ်နိင်မှာမို့ တစ်နေ့ကို ၈ နာရီအိပ်ဖို့ အရေးကြီးပါတယ်။

    (၄) အနွေးဝတ်လေးကပ်ပေးပါ

    အဖျားတက်နေရင် နဖူးမှာ ရေအေးဝတ် တင်ပေးရတယ်ဆိုပေမယ့် ခေါင်းကိုက်တာထိပ်ကပ်နာကြောင့် တစစ်စစ်ကိုက်တာ ဖြစ်လာရင် နဖူးနဲ့ နှာခေါင်းကြားကို ရေနွေးဝတ်လေး ကပ်ပေးပါ။

    (၅)နွေးနွေးထွေးထွေးနေပါ

    နေမကောင်းဖြစ်နေတဲ့ အချိန်မှာနွေးနွေးထွေးထွေးနေဖို့၊ အနားယူဖို့ အရေးကြီးပါတယ်။ ဒါမှ ရောဂါပိုးကို တိုက်ထုတ်နိုင်ဖို့ ခန္ဓါကိုယ်ကို အားဖြည့်ပေးနိုင်မှာပါ။စောင်လေးခြုံပြီး ကွေးနေတာလည်း နေပြန်ကောင်းဖို့ တစ်နည်းအားဖြင့် အထောက်အကူပေးနိုင်ပါတယ်။

    (၆) Nasal Spray သို့မဟုတ် Gargle ခံတွင်းသန့်ဆေးရည်သုံးပါ

    ဆေးဝါးအထောက်အကူတွေ ခေတ်မီနေတဲ့ ခုချိန်မှာ နှာစေး၊နှာပိတ်နဲ့ လည်ချောင်းယား၊ လည်ချောင်းနာတို့လို အအေးမိဝေဒနာတွေကို အမြန် သက်သာစေမယ့် နှာဖျန်းဆေး (nasal spray)တွေနဲ့ ခံတွင်းသန့်ဆေးရည်တွေ ရှိနေပါပြီ။ ဆေးတစ်ချက်ဖျန်း၊ ပလုပ်တစ်ချက်ကျင်းလိုက်ရုံနဲ့ နေရခက်နေတဲ့ ရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေပြီး အသက်ရှူရ ပိုကောင်းစေပါတယ်။ Gargle ကခံတွင်းနဲ့လည်ချောင်းတွင်းက ရောဂါပိုးမွှားတွေကို ရှင်းလင်းဖယ်ရှားပေးနိုင်ပြီး nasal spray က နှာခေါင်းလမ်းကြောင်းမှာ ရှင်းလင်းပေးတာ ဖြစ်ပါတယ်။

    (၇)ခေါင်းအုံးမြှင့်ပါ

    နှာခေါင်းပိတ်နေတယ်၊ ချောင်းဆိုးရင်ကျပ် ဖြစ်နေတယ် ဆိုရင် ညဘက်အိပ်တဲ့အခါ ခေါင်းအုံးကို နှစ်လုံးဆင့်တာ ဒါမှမဟုတ် ခေါင်းအုံးကို ခေါက်ပြီး မြှင့်တာက အသက်ရှူရ အဆင်ပြေပြီး ခံစားရ သက်သာစေနိုင်ပါလိမ့်မယ်။ ခေါင်းအုံး သိပ်မြင့်လွန်းပြီး အိပ်ရတာ နေရာမကျရင်တော့ စောင်ပါးလေးဖြစ်ဖြစ် တစ်ခုခုကိုခေါင်းအုံးအောက်မှာ ခုပြီး မြှင့်ပါ။

    အသေးအဖွဲလေးတွေလို့ အမှုမဲ့အမှတ်မဲ့ ထားလိုက်ပေမယ့်လည်း တကယ်ကို အဆင်ပြေစေမယ့် နည်းလမ်း လွယ်လွယ်လေးတွေမို့ အပန်းမကြီးလောက်ပါဘူး။ ဒီအချက်လေးတွေကို သတိထားပြီး လုပ်ကြည့်မယ်ဆိုရင် ဝေဒနာ ခံစားရသက်သာပြီး မြန်မြန်နေပြန်ကောင်းဖို့ သေချာပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement