နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ရောင်ရောဂါဆိုတာ လေပြွန်တွေမှာ နာတာရှည်ထိခိုက်မှုတွေကြောင့် ရောင်ရမ်းပြီး ချွဲတွေထွက်တာဖြစ်ပါတယ်။ ဒီရောဂါအကြောင်းကို ပိုမိုသိရှိဖို့ ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

နာတာရှည် လေပြွန်ရောင် ရောဂါ (Chronic bronchitis) ဆိုတာ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ ဒါကြောင့် ဖြစ်တဲ့ အကြောင်းရင်းတွေကလည်း ခပ်ဆင်ဆင်ပါပဲ။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို သိထားရင် ကြိုတင်ကာကွယ်နိုင်သလို ကိုယ်က ဖြစ်နိုင်ခြေများတဲ့သူလားဆိုတာကိုလည်း ဆန်းစစ်နိုင်ပါတယ်။ နာတာရှည် လေပြွန်ရောင် ခြင်းရဲ့ သဘောသဘာဝ ဘာတွေက ဖြစ်စေတာလဲဆိုတာကို မပြောခင် ရောဂါရဲ့ သဘောသဘာဝကို အရင်ပြောပြပါ့မယ်။ ဒါမှ ဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ ချိတ်ဆက်လို့ ရမှာပါ။ နာတာရှည် လေပြွန်ရောင်တဲ့ ရောဂါမှာ လေပြွန်နံရံတွေက အကြောင်းအမျိုးမျိုးကြောင့် ခဏခဏ ထိခိုက်လာတဲ့အတွက် ရောင်ရမ်းလာပါတယ်။ ဒါကလည်း တစ်ခါ နှစ်ခါ မဟုတ်ပါဘူး။ နာတာရှည်ဆိုတော့ ကြာလာတဲ့အခါ လေပြွန်တွေ ပျက်စီးလာပါတယ်။ လေပြွန်တွေ ရောင်ရမ်းပြီး ချွဲတွေ ထွက်လာတဲ့အတွက် အဆုတ်ထဲကို လေဝင်ဖို့ ခက်လာပါတယ်။ ဒါကြောင့်ပဲ အသက်ရှူရခက်ပြီး […]

နာတာရှည် လေပြွန်ရောင်ရောဂါ ကို ရှာဖွေမည်။

နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ရဲ့ လက္ခဏာနှင့် အဆင့်များ

COPD ခေါ် နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ လက္ခဏာတွေဟာ အဆုတ်ထိခိုက်ပျက်စီးမှု အတိုင်းအတာပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီရောဂါရဲ့ လက္ခဏာတွေဟာ နှစ်နဲ့ချီပြီး ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ရောဂါအခြေအနေဆိုးရွားလာမှသာ သတိပြုမိကြတာများပါတယ်။ ရောဂါလက္ခဏာတွေက တသမတ်တည်းရှိမနေဘဲ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေနိုင်ပြီး ပြင်းထန်မှုအတိုင်းအတာလည်း ကွဲပြားနိုင်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) လူနာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေက ဘာတွေလဲ နာတာရှည် ချောင်းဆိုးခြင်း တကယ်တော့ ချောင်းဆိုးခြင်းဆိုတာ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်မှာရှိတဲ့ ချွဲသလိပ်၊ အရည်တွေနဲ့ အခြားအနှောင့်အယှက်ပေးနိုင်တဲ့ အရာတွေကို ခန္ဓာကိုယ်က ရှင်းထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ချွဲသလိပ်မှာ အရောင်မရှိပေမယ့် COPD ဝေဒနာရှင်တွေရဲ့ ချွဲသလိပ်ကတော့ အဝါရောင်ဖြစ်နေတတ်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) လူနာတွေဟာ မနက်ပိုင်းမှာ ချောင်းပိုဆိုးလေ့ရှိပြီး လေ့ကျင့်ခန်းလုပ်ချိန်နဲ့ ဆေးလိပ်သောက်ချိန်တွေမှာလည်း ပိုဆိုးတတ်တယ်။ […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

နာတာရှည်အဆုတ်ရောဂါ (COPD) လူနာများအတွက် ဆေးငွေ့ရှူစက် (nebulizer) အသုံးပြုနည်း

ဆေးငွေ့ရှူစက် (nebulizer) ဆိုတာတာ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်အဆုတ်ရောဂါ (COPD) စတဲ့ အဆုတ်ရောဂါတွေကို ကုသရာမှာ အသုံးဝင်တဲ့စက်တစ်မျိုး ဖြစ်ပါတယ်။ ဒီစက်ဟာ လူနာရှူရမယ့် ဆေးအရည်ကို အငွေ့ပုံစံပြောင်းလဲပေးမှာဖြစ်ပြီး ရှူဆေးဘူး (inhaler) တွေမှာ ပါဝင်တဲ့ဆေးအမျိုးအစားကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုအတွက် (အထူးသဖြင့် ကလေးငယ်တွေအတွက်) nebulizer ဟာ inhaler ထက် အသုံးပြုရပိုမိုလွယ်ကူတဲ့ ကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။ စားပွဲပေါ်တင်ထားနိုင်တဲ့ nebulizer အကြီးနဲ့ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ nebulizer အသေးဆိုပြီး nebulizer နှစ်မျိုးရှိပါတယ်။ နှစ်မျိုးလုံးက အရွယ်အစားကွာခြားရုံကလွဲပြီး ပါဝင်တဲ့ပစ္စည်းအားလုံး အတူတူပဲဖြစ်ပါတယ်။ Nebulizer မှာ လေဖိအားပေးကိရိယာ၊ ဆေးရည်ထည့်ဖို့ခွက်၊ ၎င်းတို့ကြားဆက်သွယ်ပေးထားတဲ့ ပြွန်ငယ်နဲ့ ဆေးရှူဖို့ကိရိယာ တစ်ခုစီ ပါဝင်ပါတယ်။ အချို့ကတော့ nebulizer ထက် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည်အဆုတ်ရောဂါနဲ့ အောက်ဆီဂျင်ကုထုံးအကြောင်း

အောက်ဆီဂျင်ကုထုံးဆိုတာ ဘာလဲ အောက်ဆီဂျင်ကုထုံးဆိုတာ လုံလောက်တဲ့အောက်ဆီဂျင်ရဖို့ ခက်ခဲသူတွေ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းနေသူတွေအတွက် အသုံးပြုတဲ့ ကုထုံးဖြစ်ပါတယ်။ အဆုတ်ရောဂါ ခံစားနေရသူတွေဟာ အောက်ဆီဂျင်ရရှိအောင် အလွန်အမင်းအားစိုက်ကြရတဲ့အတွက် အောက်ဆီဂျင်ဖြည့်ထားတဲ့ စလင်ဒါ ဒါမှမဟုတ် container ကတဆင့် အောက်ဆီဂျင်ရယူရတဲ့ အခြေအနေအထိ ရောက်လာတတ်ပါတယ်။ Container ထဲမှာရှိတဲ့ အောက်ဆီဂျင်ကို အောက်ဖော်ပြပါ ကိရိယာတစ်ခုခုအသုံးပြုပြီး ရယူနိုင်ပါတယ်။ Nasal cannula - နှာဝတစ်ဖက်စီမှာ တပ်ဆင်ဖို့ prongs အမည်ရှိ ပလပ်စတစ်ပြွန်ငယ်လေးတွေ ပါဝင်တဲ့ ကိရိယာဖြစ်ပါတယ်။ Face mask - လူနာရဲ့နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။ အသက်ရှူပိုက် - လူနာရဲ့ လည်ပင်းအရှေ့ပိုင်းကို ခွဲကြောင်းအနည်းငယ်ပေးပြီး လေပြွန်မကြီးထဲ တိုက်ရိုက်ထည့်သွင်းရတဲ့ ပိုက်ငယ်တစ်ခု ဖြစ်ပါတယ်။ ဒီကုထုံးကို Transtracheal oxygen therapy လို့ […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ရဲ့ ဇီဝကမ္မဖြစ်စဉ်များ

COPD လို့ အတိုကောက်ခေါ်ဝေါ်တဲ့ နာတာရှည် လေပြွန်ကျဉ်းရောဂါဟာ သင့်ရဲ့အဆုတ်တွေနဲ့ အသက်ရှူနိုင်စွမ်းကို ထိခိုက်စေပြီး အသက်ကိုပါခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီရောဂါရဲ့ ဇီဝကမ္မဖြစ်စဉ်အကြောင်း ပြောရရင် အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်အတွင်းက လေအိတ်ငယ်တွေ ထိခိုက်ပျက်စီးရာကနေ အစပြုတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနောက်မှာတော့ ချွဲသလိပ်တွေထွက်ပြီး ချောင်းဆိုးခြင်း၊ ရောဂါဆိုးရွားလာတာနဲ့အမျှ အသက်ရှူရခက်ခဲခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ COPD ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အဆုတ်တွေဟာ မူလအခြေအနေအတိုင်း ပြန်ကောင်းလာတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တားဆီးခြင်းအားဖြင့် COPD ဖြစ်နိုင်ချေကို လျော့ချနိုင်ပါတယ်။ COPD ရဲ့ မူလအစ COPD ဆိုတာ နာတာရှည် လေပြွန်ကျဉ်းရောဂါပေါင်းများစွာထဲက တစ်ခုကို အမည်ပေးထားတာ ဖြစ်ပါတယ်။ COPD ရဲ့ အဓိကရောဂါအခြေအနေနှစ်ခုကတော့ chronic bronchitis ခေါ် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)

နာတာရှည် လေပြွန်ကျဉ်းရောဂါ (Chronic obstructive pulmonary diseases) ဆိုတာ လေပြွန်ကို ကျဉ်းစေပြီး အဆုတ်ရဲ့ အစိတ်အပိုင်းတချို့ကို ထိခိုက်စေတဲ့ ရောဂါအုပ်စုပဲ ဖြစ်တယ်။ ဒီရောဂါရှိတဲ့ လူနာများဟာ အသက်ရှူရခက်ပြီး မကြာခဏချောင်းဆိုးတတ်ပါတယ်။ အဓိကရောဂါ၂မျိုး ရှိပါတယ်။ ဒါပေမယ့် COPDရှိသူဟာ အဲဒီပြဿနာ၂မျိုးလုံး ရှိတတ်ကြပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်း - အဆုတ်လေပြွန် နံရံတလျှောက်ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ အဆုတ်လေအိတ်များပျက်စီးခြင်း - အဆုတ်လေအိတ်တွေဟာ တဖြည်းဖြည်းပျက်စီးလာတတ်ပြီး အသက်ရှူရခက်ခဲစေပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါကို ဘာတွေကဖြစ်စေတာလဲ အဓိကက အဆုတ်ကို ထိခိုက်စေမယ့် အရာတွေကို ပုံမှန်ရှူသွင်းနေရာက ကြာလာတဲ့အခါ ဖြစ်တတ်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။ ဆေးလိပ်ငွေ့များ (တဆင့်ခံဆေးလိပ်ငွေ့များ အပါအဝင်) ဓာတုဓာတ်ငွေ့များ အမှုန်များ အိမ်တွင်း လေထုညစ်ညမ်းခြင်း (ညှော်နံ့များ) ပြင်ပလေထုညစ်ညမ်းခြင်း လုပ်ငန်းခွင်မှ […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို စောင့်ရှောက်သူတဦးအနေဖြင့် သိထားရမည့် အချက်များ

ကျွန်ုပ်တို့သည် မိမိချစ်သောသူတို့ကို ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးချင်ကြသည်။ ကျန်မာရေးစောင့်ရှောက်မှုပေးရာတွင် အချို့သည် ဝတ်ကျေတန်းကျေမျှသာဖြစ်ပြီး အချို့မှာ လူရောစိတ်ရောနှစ်ကာစေတနာထားတတ်သူများလည်းရှိပေသည်။ ထိုသို့လူနာများကိုစောင့်ရှာက်ရာတွင် မိမိကျန်းမာရေးအတွက်လည်း လုံခြုံမူရှိစေရန် အောက်ပါအချက်အချို့ကို သိထားသင့်သည်။ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတစ်ယောက်အနေဖြင့်- ၁။ သင့်ကိုယ်သင်ဂရုစိုက်ပါ။ လူနာကိုစောင့်ရှောက်သလို သင့်ကျန်းမာရေးကိုလည်း ဂရုထားရန်မမေ့လျော့ပါနှင့်။ အနားယူပါ။ လေ့ကျင့်ခန်းပြုလုပ်ပါ။ အားရှိစေသောအစာများ ကိုစားပါ။ သင်ကျန်းမာနေမှ သင့်လူနာအတွက် စံနမူနာကောင်းတယောက်အဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ သင့်လူနာ၏ရောဂါများ သင့်ထံမကူးစက်စေရန် အတတ်နိုင်ဆုံးကြိုးစားနေထိုင်သင့်သည်။ ၂။ စိတ်ဖိစီးမှုကင်းအောင်ကြိုးစားနေထိုင်ပါ။ သင်သည်လည်း လူသားတဦးဖြစ်သည့်အတွက် ပင်ပန်းနွမ်းနယ်မှုများရှိနိုင်ပါသည်။ ဥပမာ သင်သည် အဆုတ်ရောဂါရှိသူတဦးကို စောင့်ရှောက်မှုပေးနေရလျှင် သင့်တွင်လည်း ကျန်းမာရေးပြသနာများရှိလာနိုင်သည်။ ဖြစ်လေ့ရှိသော စိတ်ဖိစီးမှုများမှာ · အလိုလိုနေရင်း ဝမ်းနည်းခြင်း · စိတ်ထိခိုက်လွယ် ၍ ငိုကြွေးခြင်း · အားအင်ချိနဲ့ခြင်း · သင်ကိုယ်သင် အချိန်မပေးနိုင်သောသူ အဖြစ်ခံစားမိခြင်း · အိပ်ပျော်ရန်ခက်ခြင်းနှင့် မနက်ဖက်တွင် အိပ်ရာမထချင်ခြင်း · အစားအသောက်မူမမှန်ခြင်း၊ လွန်ကဲစွာစားခြင်း · အပေါင်းအသင်း […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် ကျန်းမာစေမည့် အစားအသောက်များ

အသက်ရှုရခက်ခဲနေသူများသည် နေ့စဉ်အလုပ်ကို လုပ်ဖို့ မဆိုထားနှင့်၊ အစားအသောက်စားလျှင်ပင် ပင်ပန်းနေပါလိမ့်မည်။ ထို့ကြောင့် အဆုတ်ပွခြင်းနှင့် အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းအပါအဝင် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကိုခံစားနေရသူများအတွက် ကျန်းမာစေမည့် အစားအသောက်များကို စားရန် အရေးကြီးပါသည်။ ထို့ပြင် အကျိုးရှိအောင်စားသောက်ရမည့် နည်းလမ်းများကိုလည်း လိုက်နာသင့်ပါသည်။ စိတ်အပန်းဖြေပါ။ အစားအစာများ စားချိန်တွင် သင့်ကို စိတ်အပန်းပြေစေမည့် ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ စားပါ။ မိသားစုနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့် ဖြစ်စေ၊ မိမိတစ်ယောက်တည်းဖြစ်စေ မိမိအတွက် အကောင်းဆုံးဖြစ်စေမည့် နေရာကို ရွေးချယ်ပါ။ ပတ်ဝန်းကျင်ကောင်းတွင် အတွေ့အကြုံကောင်းများကို ရယူပြီး သင်နှစ်သက်သော အစားအစာများကို စားသင်ပါသည်။ ရိုးရှင်းစွာ ပြုလုပ်ပါ။ ပြင်ဆင်ရလွယ်သော အစားအစာများကို ရွေးချယ်ခြင်းက အစားအစာများပြင်ဆင်ရခြင်းဝန်ကို ပေါ့စေပါသည်။ ရိုးရှင်းသော အစားအစာဖြစ်လေလေ သင့်အတွက် ကောင်းလေလေဖြစ်ပါသည်။ အလုပ်မရှုပ်စေဘဲ ဟင်းအမျိုးမျိုးဖြင့်စားနိုင်သော အစားအစာများကို ရွေးချယ်ပါ။ အစားအစာများ ပိုလျှံနေပါက နောက်တကြိမ်တွင် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ဝေဒနာနှင့် အောက်ဆီဂျင် ကုထုံးအကြောင်း သိကောင်းစရာ

အောက်ဆီဂျင် ကုထုံးဆိုတာ ဘာလဲ။ အောက်ဆီဂျင်ကို လုံလောက်သော ပမာဏမရရှိသောသူများနှင့် သွေးထဲတွင် အောက်ဆီဂျင် ပမာဏနည်းနေသူများတွင် အောက်ဆီဂျင်ရှုရခြင်းဖြစ်ပါသည်။ အထူးသဖြင့် အဆုတ်ရောဂါရှိသူများသည် အဆုတ်ထဲတွင် လုံလောက်သော အောက်ဆီဂျင်ပမာဏကို ရရှိရန်အတွက် ရုန်းကန်ပြီး ရှုရှိုက်ကြရပါသည်။ ယခုဖော်ပြမည့် အောက်ဆီဂျင် ကုထုံးတွင် အောက်ဆီဂျင်ကို ဆလင်ဒဗူးမှတဆင့် အဆုတ်ထဲသို့ ပိုက်ဖြင့်ရှုသွင်းခြင်းကို ဖော်ပြပါမည်။ အောက်ဆီဂျင်ရှုသည့် နှာခေါင်းပိုက်တွင် နှာခေါင်းပေါက်လေးများအတွင်းသို့ သွင်းမည့် ပလတ်စတစ်ပိုက်ကလေးများပါရှိပါသည်။ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားသည့် မျက်နှာဖုံးပါရှိပါသည်။ အောက်ဆီဂျင်ပိုက်ငယ်လေးကို သင့်လည်ပင်းအရှေ့ဘက်မှ အသက်ရှုလမ်းကြောင်းသို့ပေးသောနည်းတွင် ဆရာဝန်က ဓါးဖြင့် အရာသေးသေးပေးပြီး အောက်ဆီဂျင်ပိုက်ကို ထည့်ရခြင်းဖြစ်ပါသည်။ ထိုနည်းသည် လည်ချောင်းပြွန်မှ အောက်ဆီဂျင်ပေးသော နည်းဖြစ်ပါသည်။ အောက်ဆီဂျင် ကုထုံး အမျိုးအစားတွေက ဘာတွေလဲ။ အောက်ဆီဂျင်ကို အရည်သို့မဟုတ် အငွေ့ပုံစံဖြင့် ရရှိနိုင်ပါသည်။ အောက်ဆီဂျင် ပုံစံ ၂ မျိုးစလုံးကို သယ်ယူသွားနိုင်သော ဗူးများထဲတွင် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည်အဆုတ်လေပြွန်ရောင်ကျဉ်းရောဂါနဲ့ အစားအသောက်များ

နည်းစနစ်မှန်ကန်စွာ စားသုံးခြင်းသည် ကျွန်ုပ်တို့အတွက် အရေးကြီးသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ရှိလျှင် အောက်ပါ အစားအစာများကို ရှောင်သင့်သည်။ နိုက်ထရိတ်ဓါတ်သည် နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါကို ပိုဆိုးစေနိုင်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် နိုက်ထရိတ်ဓါတ် ပါဝင်သော အစားအစာများသည် ကျန်းမာရေးအတွက် မကောင်းပါ။ ဥရောပ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတခုအရ နိုက်ထရိတ်ဓါတ်သည် နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါကို ပိုဆိုးစေနိုင်သကဲ့သို့ ရောဂါကိုလည်း ပြန်လည် ထကြွလာစေသည်။ ထို့ကြောင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချရန် ဝက် သုံးထပ်သား၊ ဝက်ပေါင်သား၊ အသားညှပ်ပေါင်မုန့် စသည်တို့ကို ရှောင်သင့်သည်။ ဆားပမာဏ များပြားမှုသည် အသက်ရှု ပိုကျပ်စေသည်။ ဆားပမာဏ ပါဝင်မှု များပြားသော အစားအသောက်များသည် ကိုယ်ခန္ဓါတွင်း ရေပမာဏကို များလာစေပြီး အဆုတ်တွင်လည်း ရေဖိအား များလာကာ အသက်ရှုရ […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါကြွချိန်များကို ကာကွယ်နိုင်မည့် နည်းလမ်းများ

နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ခံစားနေရသူများမှာ ရောဂါကြွချိန်ဆိုတာရှိပါတယ်။ ဒီလိုအချိန်မှာရောဂါလက္ခဏာများမှာ ယခင်ကထက် ပိုမိုဆိုးရွားတတ်ပြီး ကူးစက်ရောဂါပိုးများ ဝင်ရောက်နိုင်ချေ ယခင်ကထက်များပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဆေးရုံတက်ပြီး ကုသမှုခံယူရမှာဖြစ်ပါတယ်။ ရောဂါကြွချိန် အကြိမ်အရေအတွက်များလာတာနှင့်အမျှ လူနာရဲ့ အခြေအနေမှာ ပိုမိုဆုတ်ယုတ်သွားတတ်ပါတယ်။ ကံအားလျော်စွာ ရောဂါကြွချိန်များ လျော့နည်းလာအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းများရှိပါတယ်။ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါဆိုတာဘာလဲ။ ရောဂါကြွနေချိန်ကို ဘယ်လိုသိရှိနိုင်မလဲ။ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါမှာ အမျိုးသားရော အမျိုးသမီးတွင်ပါ ဖြစ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါမှာ အဆုတ်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် သင်အပါအဝင် သင့်မိသားစုဝင်များဟာ မိမိတို့ရဲ့ အဆုတ်ကျန်းမာရေးကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။ နာတာရှည်အဆုတ်ပြွန်ရောင်ရောဂါ ကိုဖြစ်စေတဲ့ အဓိက တွေ့ရအများဆုံး အကြောင်းအရင်းက ဆေးလိပ်သောက်ခြင်း ဖြစ်ပါတယ်။ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ဖြစ်ပွားအောင် ပိုမိုအားပေးတဲ့ အကြောင်းအရာများကတော့ · ဆေးလိပ်သောက်သူ (သို့) အသက် (၄၀)နှစ်ကျော်သည်အထိဆေးလိပ်သောက်ခဲ့ဖူးသူဖြစ်ခြင်း · မိသားစုဝင်များတွင် နာတာရှည […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်