backup og meta

နာတာရှည်အဆုတ်လေပြွန်ရောင်ကျဉ်းရောဂါနဲ့ အစားအသောက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည်အဆုတ်လေပြွန်ရောင်ကျဉ်းရောဂါနဲ့ အစားအသောက်များ

    နည်းစနစ်မှန်ကန်စွာ စားသုံးခြင်းသည် ကျွန်ုပ်တို့အတွက် အရေးကြီးသည်။

    နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ရှိလျှင် အောက်ပါ အစားအစာများကို ရှောင်သင့်သည်။

    နိုက်ထရိတ်ဓါတ်သည် နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါကို ပိုဆိုးစေနိုင်သည်။

    ယေဘုယျအားဖြင့် ပြောရလျှင် နိုက်ထရိတ်ဓါတ် ပါဝင်သော အစားအစာများသည် ကျန်းမာရေးအတွက် မကောင်းပါ။ ဥရောပ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတခုအရ နိုက်ထရိတ်ဓါတ်သည် နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါကို ပိုဆိုးစေနိုင်သကဲ့သို့ ရောဂါကိုလည်း ပြန်လည် ထကြွလာစေသည်။ ထို့ကြောင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချရန် ဝက် သုံးထပ်သား၊ ဝက်ပေါင်သား၊ အသားညှပ်ပေါင်မုန့် စသည်တို့ကို ရှောင်သင့်သည်။

    ဆားပမာဏ များပြားမှုသည် အသက်ရှု ပိုကျပ်စေသည်။

    ဆားပမာဏ ပါဝင်မှု များပြားသော အစားအသောက်များသည် ကိုယ်ခန္ဓါတွင်း ရေပမာဏကို များလာစေပြီး အဆုတ်တွင်လည်း ရေဖိအား များလာကာ အသက်ရှုရ ပိုကျပ်စေသည်။ ဆားဓါတ်အစားထိုး ပစ္စည်းများကို အသုံးပြုနိုင်သည်။ သို့သော် ၎င်းတို့သည် ပိုတက်ဆီယံဓါတ်ကို မြင့်စေနိုင်ပြီး သောက်လက်စ ဆေးများနှင့် ဓါတ်မတည့်မှုများ ဖြစ်နိုင်သည်ဟု သိပ္ပံပညာရှင်များနှင့် အစားအသောက် ကျွမ်းကျင် ပညာရှင်များက ဆိုသည်။ အထက်ပါ ပြဿနာများ မဖြစ်ရန် သဘာဝ ဆေးဖက်ဝင် အပင်များကို စားသုံးသင့်သည်။ ဆားဓါတ်အစားထိုး ပစ္စည်းများကိုလည်း ရှောင်ကျဉ်သင့်သည်။

    နို့ နှင့် နို့ထွက် ပစ္စည်းများသည် ချွဲပိုထွက်စေသည်။

    နို့နှင့် နို့ထွက် ပစ္စည်းများသည် အာဟာရ ပြည့်ဝစေသော်လည်း အဆုတ်ထဲမှ ချွဲပိုထွက်စေသည်။ နို့တွင်ပါဝင်သော casmophin သည် ချွဲပိုထွက်စေသကဲ့သို့ ပိုလည်း စေးပျစ်စေသည်ဟု သုတေသနတခုက ဆိုသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ရှိသူများတွင် အသက်ရှုလမ်းကြောင်းတွင် ပျက်စီးနေသော ဆဲလ်များ ရှိသဖြင့် ချွဲများ ရှောရှုစွာ မထွက်နိုင်ပါ။ နို့သောက်လျှင် လူနာသည် ချွဲကြပ်ကာ အသက်ရှုရ ပိုခက်လာနိင်သည်။ ထို့ကြောင့် နို့နှင့် နို့ထွက်ပစ္စည်းများဖြစ်သော ဒိန်ချဉ် ရေခဲမုန့်၊ ချိစ်၊ ထောပတ် စသည်တို ကိုလည်း ရှောင်ကျဉ်သင့်သည်။

    တချို့သော အသီးအရွက်များသည် အသက်ရှု ပိုကြပ်စေတတ်သည်။

    ပုံမှန်အားဖြင့် ဂေါ်ဖီအနွယ်ဝင် အရွက်များသည် အမျှင်ဓါတ်များစွာ ပါဝင်သည်။ သို့သော်၎င်းတို့သည် အစာအိမ် လေပွစေကာ အဆုတ်တွင် ဖိအားသက်ရောက်မှု များစေသောကြောင့် အသက်ရှု ပိုကျပ်လာစေကာ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါကို ပိုဆိုးလာစေသည်။ ထို့ကြောင့် ပန်းဂေါ်ဖီ၊ ပန်းစိမ်း၊ ဂေါ်ဖီထုပ်၊ မုန်လာဥဖြူ၊ မုန်ညင်းစိမ်း စသည်တို့ကို ရှောင်ကျဉ်သင့်သည်။

    ပုဇွန်တွင် ပါဝင်သော ဆာလ်ဖိုက်ဓါတ်သည် လေပြွန်များကို ပိုကျဉ်းစေသည်။

    ပုဇွန်များသည် ဖမ်းပြီးခါစတွင် လတ်ဆတ်သော်လည်း ၎င်းတို့ကို ကြာရှည်ခံစေရန် ဆာလ်ဖိုက်ဖြင့် မွမ်းမံကြသည်။ ကြာရှည်ခံ ပစ္စည်းများသည် ခန္ဓါကိုယ်အတွက် မကောင်းပါ။ အဆုတ်လေပြွန်ကျဉ်း ရောဂါ ရှိသူများတွင်လည်း ရောဂါကို ပိုဆိုးလာနိုင်သည်။ ထို့ကြောင့် ပုဇွန် အပါအဝင် ဂဏန်း၊ ဂုံးစသည့် ပင်လယ်စာများနှင့် ဓါတ်မတည့်မှုများ ရှိလျှင် ရှောင်ကျဉ်သင့်သည်။ အာလူး၊ ဘီယာ၊ ဝိုင်နှင့် တချို့သော ဆေးဝါးများတွင်လည်း ဆာလ်ဖိုက် ပါဝင်ကြောင်း သတိပြုပါ။

    ဆီကြော် အစားအစာများသည် အစာအိမ်ကို ထိခိုက်စေပြီး အသက်ရှု ပိုကြပ်စေတတ်သည်။

    ဆီကြော်အစားအစာများ အထူးသဖြင့် ဆီပါဝင်မှု လွန်ကဲသော အစားအစာများသညဂေါ်ဖီရွက်များကဲ့သို့ပင် လေပွစေသည်။ ထိုအခါ အစာအိမ်နှင့် အဆုတ်ကို ခြားထားသော ကြွက်သားအလွှာပေါ်တွင် ဖိအားသက်ရောက်ပြီး အဆုတ်တွင် ဖိအားသက်ရောက်မှု များစေသောကြောင့် အသက်ရှု ပိုကျပ်လာစေကာ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါကို ပိုဆိုးလာစေသည်။ ထို့ကြောင့် ဆီကြော်အစားအစာများ မစားမိခင် သင့်ကျန်းမာရေးကို ပိုဆိုးစေနိုင်ကြောင်း သတိရှိပါ။

    နေ့စဉ်နှင့်အမျှ ကော်ဖီ သောက်သုံးခြင်းသည်လည်း ထိုနည်း၎င်းပင် ဖြစ်သည်။

    ကာဗွန်ပါဝင်သော အစားအစာများသည် အစာအိမ် လေပွစေသည်။ ကဖင်းဓါတ်ပါဝင်သော၊ ချိုသော အစားအစာမျာနှင့် အရက်သေစာများသည် ကိုယ်တွင် ရေဓါတ်ခမ်းခြောက်စေကာ အဆုတ်လေပြွန်တွင်း ချွဲသလိပ်များ ရှင်းလင်းရာတွင် အဟန့်အတား ဖြစ်စေနိုင်သည်။ ချောကလက်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။

    အက်စစ်ဓါတ်များသော အစားအစာများသည် စားချဉ့်ပြန်စေကာ လေပြွန်ကျဉ်းရောဂါကို ပိုဆိုးစေသည်။

    ဗိုက်တာမင် စီ ပါဝင်မှုများသော အသီးအနှံများသည် စားချဉ့်ပြန်ခြင်းကို ဖြစ်စေသည်။ လေ့လာမှုများအရ ၎င်းတို့သည် ရေရှည်တွင် လေပြွန်ကျဉ်းရောဂါ ရှိသူတို့အတွက် စားချဉ့်ပြန်ခြင်းကို ပိုဆိုးစေသည်ဟု ဆိုထားသည်။

    မည်သည့် အစားအစာများသည် စားချဉ့်ပြန်စေကြောင်း သင်သိပါသလား။ ထို အစားအစာများကို ရှောင်ကျဉ်နိုင်ရန် ကြိုးစားပါ။

    နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ရှိသူသည် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မူ ပုံစံမျိုး ရှိသင့်သည်။ ထို့ကြောင့် နေ့စဉ်မှန်ကန်သော အစားအစာများကို စားသောက်ခြင်းဖြင့် သင့်ရောဂါကို အနိုင်ယူလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement