- သန္ဓေသားနဲ့ဆိုင်တဲ့ ပြဿနာ တစ်ခုခု ဖြစ်လာရင် အဓိက တာဝန်အရှိဆုံးက ခရိုမိုဇုန်းတွေပါ။ မျိုးရိုးဗီဇတွေကို သယ်ထားတဲ့ ခရိုမိုဇုန်းမှာ ချို့ယွင်းချက်တွေ ရှိတာကြောင့်ရယ်၊
- သုတ်ပိုးနဲ့ မမျိုးဥတို့ အရည်အသွေး မမီတာကြောင့်ရယ်
- သန္ဓေသားလောင်းအဖြစ် ဖွံ့ဖြိုးရမယ့် အဆင့်မှာ ဆဲလ်တွေ သေချာမကွဲနိုင်တာကြောင့်ရယ် စတာတွေကြောင့် ဖြစ်ရတာပါ။
ကိုယ်ခန္ဓာက Blighted Ovum ကို စပြီး သိပြီဆိုတာနဲ့ ဒါက ပုံမှန် မဟုတ်တဲ့ အရာတစ်ခုဆိုတာသိပြီး ကိုယ်ဝန်ဆက်ဖြစ်ခြင်း မရှိအောင် တားဆီးပေးပါတော့တယ်။ ဒီလိုနဲ့ ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်လာရတာပါပဲ။
ဒါ့ကြောင့် Blighted Ovum ကြောင့် ကိုယ်ဝန်ပျက်ကျတဲ့ ကိစ္စမှာ ကိုယ်ဝန်လွယ်ထားတဲ့ မိခင်မှာ အပြစ်မရှိသလို ကြိုတင်ကာကွယ်လို့ရတဲ့နည်းတွေလည်း မရှိသေးပါဘူး။
Blighted Ovum ကြောင့် ကိုယ်ဝန်တစ်ခါပျက်ဖူးရင် နောက်ကိုယ်ဝန်တွေမှာရော ဒီလို ဆက်ဖြစ်နိုင်သေးလား။
အမျိုးသမီးအများစုဟာ Blighted Ovum တစ်ခါပဲ ဖြစ်ဖူးတတ်ကြပြီး သူ့ကြောင့် ကိုယ်ဝန် တစ်ခါလောက်ပဲ ပျက်ကျဖူးကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။