backup og meta

ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော်

    ဘေဘီလေးတွေက မိခင်ဝမ်းထဲမှာ ကြို့ထိုးတတ်တယ် ဆိုတာကို တော်တော်များများက ယုံတမ်းစကားလို့ ထင်နေကြပါတယ်နော်။ တကယ်တော့ ကလေးလေးတွေက မိခင်ဝမ်းထဲမှာ ရှိနေစဉ်ကာလကတည်းကိုက ကြို့ထိုးတတ်ကြပါတယ်နော်။ ဒါက ဖြစ်လေ့ဖြစ်ထကိစ္စ တစ်ခုဖြစ်ပြီး စိုးရိမ်စရာတော့ မလိုပါဘူး။ ကိုယ်ဝန်ဆောင်ကာလ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေထဲကတစ်ရပ်ပေါ့။

    ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော်

    ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော် ဘာကြောင့်လည်း ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

    ဘေဘီလေးက မေမေ့ဗိုက်ထဲမှာ ကြို့ထိုးတာက ပုံမှန်ပဲလား

    သန္ဓေသားအရွယ်မှာကတည်းက ကလေးငယ်လေးတွေက ကြို့ထိုးတတ်ကြတာပါ။ ရင်သွေးလေးကို စိုးရိမ်တဲ့မေမေတို့အနေနဲ့ကတော့ အရမ်းစိတ်ပူတာမျိုးဖြစ်နိုင်ပါတယ်။ စိတ်မပူဖို့ပြောပါရစေ။ ဒါက သန္ဓေသားလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ရပ်ပါ။ဘေဘီလေး အဆုတ်ဖွံ့ဖြိုးမှု စတင်နေပြီဆိုတဲ့ သဘောလို့ ယူဆလက်ခံထားကြပါတယ်။ ဝမ်းသာရမယ့် အခြေအနေပါနော်။

    ဘယ်အချိန်မှာဖြစ်နိုင်လဲ

    အစောဆုံးအနေနဲ့ ကိုယ်ဝန်ဆောင်ကာလရဲ့ ၁၆ ပတ် နဲ့ အပတ် ၂၀ လောက်မှာစခံစားရနိုင်ပါတယ်။နောက်ကျတယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင်ကာလရဲ့ ၂၅ ပတ်မြောက်လောက်မှာ ခံစားရနိုင်ပါတယ်နော်။ အချိန်ကာလအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ကာလ ၂၇ ပတ်အထိခံစားရနိုင်ပါတယ်နော်။ ဗိုက်ထဲမှာပြောင်းဖူးပေါက်ပေါက်ဖောက်နေသလိုမျိုးခံစားရနိုင်သလို လိပ်ပြာလေးတောင်ပံခတ်နေသလို ခံစားရနိုင်ပါတယ်။ စည်းချက်ညီညီနဲ့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတစ်ခုပါ။ တစ်နေ့တာမှာ အခေါက်ရေများစွာ ခံစားရနိုင်သလို တစ်နေ့လုံးနေမှ တစ်ခေါက်ပဲခံစားရတာမျိုးလည်းရှိပါတယ်။

    ကန်တာလား၊ ကြို့ထိုးတာလား

    ဗိုက်ထဲက လှုပ်ရှားမှုတိုင်းက ကလေးကြို့ထိုးနေတာကြောင့် မဟုတ်ပါဘူးနော်။ ကလေးက အရွယ်လေးရောက်လာတာနဲ့ အမျှမေမေ့ဗိုက်ထဲမှာ ကန်တာမျိုးကိုလည်း လုပ်တတ်ကြပါတယ်။ ကလေးက တစ်ခါတလေနေရတာ သက်သောင့်သက်သာမဖြစ်တာကြောင့် ပုံစံပြောင်းတဲ့အခါမျိုးမှာလည်း ဗိုက်ထဲမှာ လှုပ်ရှားမှုကို ခံစားရနိုင်ပါတယ်နော်။ ပူလွန်းတဲ့အစားအစာ၊ အေးလွန်းတဲ့အစားအစာ နဲ့ ချိုတဲ့ အစားအစားစားသုံးလိုက်တဲ့ အခါမှာဖြစ်တဲ့ လှုပ်ရှားမှုက ကြို့ထိုးတာမဟုတ်ပါဘူး။ ကလေးကနေရထိုင်ရ သက်သောင့်သက်သာဖြစ်စေဖို့ ပုံစံပြောင်းတာပါ။

    လှုပ်ရှားမှုကို ဗိုက်ရဲ့နေရာအနှံ့မှာခံစားရပြီး ပုံစံပြောင်းနေလိုက်တဲ့အခါ သက်သာသွားမယ်ဆိုရင်တော့ ကလေးက အထဲကနေ ကန်နေတာပါ။

    ပုံစံမှန်မှန်ထိုင်နေချိန်မှာ ဗိုက်ရဲ့ တစ်နေရာတည်းကနေ စည်းချက်ညီညီလေးခုန်နေမယ်ဆိုရင်တော့ဘေဘီလေး ဗိုက်ထဲမှာ ကြို့ထိုးနေတာပါနော်။ စဖြစ်ခါစမှာ ထူးဆန်းနေနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှနေသားကျသွားမှာပါ။

    ဘေဘီလေးတွေက ဗိုက်ထဲမှာ ဒါတွေလည်းလုပ်တတ်ပါသေးတယ်

    ဘေဘီလေးက ဗိုက်ထဲမှာ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးပဲနေနေတာ၊ အိပ်ပဲအိပ်နေတာလို့ မထင်လိုက်ပါနဲ့နော်။ ဘေဘီလေးတွေက မေမေ့ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြို့ထိုးတတ်တယ်၊ ကန်တတ်တယ်၊ ခန္ဓာကိုယ်ကို ဘယ်၊ ညာစောင်းတတ်တယ်၊ လှိမ့်တတ်တယ်၊ လက်နဲ့ တွန်းတတ်တယ်။ ဒါတင်မဟုတ်ပါဘူး။ဘေဘီလေးက ဗိုက်ထဲမှာကတည်းက ပြင်ပက အသံတွေကို ကြားနေသလို အနံ့လည်း ခံတတ်ပါတယ်။ မြင်လည်းမြင်နေရပြီ ဖြစ်သလို အချို့ကလေးလေးတွေဆို ဗိုက်ထဲမှာကတည်းက လက်မလေးစုပ်တတ်နေပါပြီနော်။

    ဗိုက်ထဲက ဘေဘီလေး ကြို့ထိုးသက်သာအောင် ဘာလုပ်ပေးမလဲ

    ဘေဘီလေးတွေ ဗိုက်ထဲကနေ ကြို့ထိုးတာက နာကျင်မှုမရှိပေမယ့် မေမေတို့ကို အာရုံစိုက်ရခက်စေပြီး စိတ်ပူစေတာတော့ အမှန်ပဲနော်။ ပြီးတော့ ကြို့ထိုးတာက အများဆုံးကြာမှ ၁၅ မိနစ်ပါ။ ညအိပ်ချိန်မှာ ဆိုရင်တော့ မေမေတို့ အိပ်ရေးပျက်ပြီပေါ့။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အခုပြောမယ့် နည်းလမ်းလေးတွေက အသုံးတည့်မှာပါနော်။

    ဗိုက်ရဲ့ တစ်နေရာတည်းက စည်းချက်မှန်မှန်လေးခုန်နေပြီဆိုရင်တော့ ဗိုက်ထဲက ဘေဘီလေး ကြို့ထိုးနေလို့ ဖြစ်နိုင်ပါတယ်။ ဘေဘီလေးတွေက မမွေးခင်ကတည်း ကြို့ထိုးတာက ယုံတမ်းစကားမဟုတ်ဘူးနော်။ တကယ့်အမှန်ပါနော်………….

    ဘေဘီလေးတွေက ဗိုက်ထဲမှာကတည်းက ကြို့ထိုးတတ်ကြပါတယ်နော်

    ဗိုက်ထဲက ဘေဘီလေး ကြို့ထိုးသက်သာအောင် ဘာလုပ်ပေးမလဲ

    ဗိုက်ထဲက ဘေဘီလေး ကြို့ထိုးသက်သာအောင် ဘာလုပ်ပေးမလဲ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement